နိုင်ငံတကာ

ဂျပန်ဝန်ကြီးချုပ်က အရှေ့အာရှ အန္တရာယ်တွေကို နေတိုးအဖွဲ့ကို သတိပေး

လစ်သူယေးနီးယား၊ ဇူလိုင်(၈) ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် ဂျပန်ကယူဆတဲ့ အာရှရှိတရုတ်နဲ့ရုရှားတို့ရဲ့ လှုပ်ရှားမှုကို ဂရုပြုမိစေဖို့နဲ့ ယူကရိန်းကိုအာရုံစိုက်နေတဲ့ မဟာမိတ်အဖွဲ့ကို သတိပေးဖို့အတွက် ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီ ရှီဒါက လစ်သူယေးနီးယားနိုင်ငံမှာ နေတိုးအဖွဲ့ ခေါင်းဆောင်တွေနဲ့ အတူ ဆွေးနွေးမယ်လို့ သိရပါတယ်။ ကီရှီဒါရဲ့ ဒုတိယအကြိမ်မြောက်ခရီးစဉ်ဖြစ်တဲ့ တောင်ကိုရီးယား၊ သြစတြေးလျနဲ့ နယူးဇီလန် ခေါင်းဆောင် တွေနဲ့အတူ နေတိုးအဖွဲ့ တွေ့ဆုံမှုခရီးစဉ်ဟာ ဂျပန်ရဲ့ကာကွယ်ရေးအသုံးစရိတ်ကို…

အိန္ဒိယက McDonald’s ဆိုင်တွေမှာ ခရမ်းချဉ်သီးအသုံးမပြုတော့

နယူးဒေလီ – ဇူလိုင်(၈) ဟင်းသီးဟင်းရွက်တွေရဲ့ စျေးနှုန်းတွေ စံချိန်တင်မြင့်တက်တာနဲ့ အရည်အသွေးဆိုင်ရာ စိုးရိမ်မှု တွေကြောင့် အိန္ဒိယနိုင်ငံအတွင်းဖွင့်လှစ်ထားတဲ့ Fast Food McDonald’s ဆိုင်တွေမှာ ဘာဂါနဲ့ တခြား အစားအစာရောင်းချရင် ခရမ်းချဉ်သီးအသုံးပြုတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။ အိန္ဒိယနိုင်ငံအတွင်းက တချို့သော ဒေသတွေမှာ အိန္ဒိယအစားအစာတွေရဲ့ အဓိကဖြစ်တဲ့ ခရမ်းချဉ်သီးဟာ တစ်ကီလိုကို (၁၄၀) ရူးပီးအထိရှိနေတဲ့အပြင် လက်လီစျေးနှုန်းမှာလည်း မြင့်တက်နေတဲ့အတွက်…

ရွှေ့ပြောင်းအလုပ်သမား တစ်သန်းခွဲရဲ့ တရားဝင်နေထိုင်ခွင့် ထိုင်းအစိုးရ သက်တမ်းတိုး

ဘန်ကောက် – ဇူလိုင်(၈)​ ထိုင်းနိုင်ငံရဲ့ အလုပ်သမားရှားပါးမှုကို လျှော့ချဖို့နဲ့ ကိုဗစ်အလွန်စီးပွားရေး ပြန်လည်ဦးမော့လာ စေဖို့ အခြေခံအလုပ်သမားတွေအတွက် အစိုးရအဖွဲ့က နိုင်ငံခြားရွေ့ပြောင်းနေထိုင်သူတွေရဲ့ တရားဝင်နေထိုင်ခွင့်ကို ဇူလိုင်လအကုန်ထိ သက်တမ်းတိုးခဲ့ပါတယ်။ အဲဒီအစီအစဉ်ဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊လာအို၊မြန်မာနဲ့ ဗီယက်နမ်နိုင်ငံ တွေက အလုပ်သမား(၁)သန်းခွဲနီးပါးကို နိုင်ငံအတွင်း တရားဝင်နေထိုင်နိုင်ဖို့နဲ့ အလုပ်အကိုင် အတွက် လိုအပ်တဲ့ ပါမစ်တွေ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ရွေ့ပြောင်းနေထိုင်သူတွေရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ်…

တရုတ်မှာ မိုးသည်ထန်စွာရွာသွန်းမှုကြောင့် လူ ၁၅ ဦးသေဆုံးပြီး ကာကွယ်ရေးအစီအစဉ်တွေ အားစိုက်ထုတ်ဖို့ သမ္မတရှီတောင်းဆို

ဘေဂျင်း၊ ဇူလိုင်(၇) တရုတ်နိုင်ငံရဲ့ အနောက်တောင်ဘက်က မြို့တော်ဖြစ်တဲ့ချုံကင်းမှာ မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် လူပေါင်း ၁၅ ဦးသေဆုံးခဲ့ပြီးနောက် ဆိုးရွားတဲ့ရာသီဥတုမှ အများလူထုကို ကာကွယ် နိုင်ဖို့ ပိုမိုကျယ်ပြန့်တဲ့ အားထုတ် မှုတွေကို ပြုလုပ်ဖို့ သမ္မတရှီကျင့်ဖျင်က တောင်းဆိုခဲ့ပါတယ်။ ဆိုးရွားပြင်းထန်တဲ့ မိုးရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုတွေကို ဖြစ်ပေါ်စေခဲ့ပြီး လတ်တလော သီတင်းပတ် အတွင်း သေစေနိုင်လောက်တဲ့ ရွှံ့မြေပြိုမှုတွေကို ဖြစ်ပေါ်စေခဲ့တာပါ။…

နျူကလီးယားဓာတ်အားပေးစက်ရုံအနီး တိုက်ပွဲတွေဖြစ်နိုင်ပေမယ့် မြို့ခံတွေ ငြိမ်သက်စွာ ပြင်ဆင်နေ

ကိယက်ဗ် – ဇူလိုင်(၇) ယူကရိန်းနိုင်ငံအရှေ့တောင်ပိုင်း ဇာပိုရီဇီဇီယာမြို့က ရုရှားထိန်းချုပ်ထားတဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံနားမှာ တိုက်ပွဲတွေဖြစ်ပွားနိုင်တယ်လို့ ကိယက်ဗ်ရဲ့နောက်ဆုံးသတိပေး ချက်အပြီးမှာ မြို့ခံတွေ ငြိမ်သက်နေကြပါတယ်။ ရုရှားနဲ့ ယူကရိန်းနှစ်နိုင်ငံလုံးဟာ ဇာပိုရီဇီဇီယာနျူကလီးယား ဓာတ်အားပေးစက်ရုံကို တိုက်ခိုက် ဖို့ ကြံစည်နေတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက အပြန်အလှန်ပြစ်တင်ဝေဖန်မှုတွေနဲ့ သံသယရှိနေကြ တာပါ။ ယူကရိန်းသမ္မတ ဗလာဒီမာဇယ်လန်းစကီးက အဲဒီစက်ရုံကို ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလမှာ…

အမျိုးသမီးအလှပြင်ဆိုင်တွေပိတ်ဖို့ တာလီဘန်တွေ ထုတ်ပြန်

ကဘူးလ် – ဇူလိုင်(၇) အာဖဂန်နစ္စတန်မှာရှိတဲ့ အမျိုးသမီးတွေဖွင့်လှစ်ထားတဲ့ အလှပြင်ဆိုင်ရာနဲ့ချီကို တားမြစ်ပိတ်ပင် လိုက်ပြီး ဆင်းရဲမွဲတေမှုတွေကိုရင်ဆိုင်နေရတဲ့ နိုင်ငံမှာ အမျိုးသမီးတွေရဲ့အလုပ်အကိုင်ရရှိစေ မယ့် အခွင့်အလမ်းကို ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။ တာလီဘန်အစိုးရရဲ့ ကန့်သတ်ဆောင်ရွက်မှုတွေထဲက နောက်ဆုံးအကြိမ်ထုတ်ပြန်မှုမှာ အမျိုးသမီးတွေကို လူမြင်ကွင်းကဖယ်ထုတ်ကာ နေအိမ်မှာ အတင်းအကျပ်နေခိုင်းတာ ဖြစ်တယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။ “ကာဘူးလ်မြို့နှင့် အခြားသောခရိုင်ဒေသန္တရများတွင် အမျိုးသမီးများဦး‌ဆောင်ဖွင့်လှစ်နေတဲ့ Beauty Salons (အလှပြင်ခန်းမများ) ကို…

ထိုင်ဝမ်သမ္မတလောင်းအဖြစ် တစ်ရှေ့ပြေးနေသူက တရုတ်နိုင်ငံနဲ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားနိုင်တယ် လို့ပြော

တိုင်ပေ၊ ဇူလိုင်(၆) ထိုင်ဝမ်သမ္မတလောင်း ဝီလျံလိုင်က သူသာရွေးကောက်ခံရပါက တရုတ်နိုင်ငံနဲ့ ငြိမ်းချမ်းရေးကို ဆက်လက် ထိန်းသိမ်းထားနိုင်ကြောင်းနဲ့ ကြိုတင်သတ်မှတ်ချက်မရှိဘဲ ဆွေးနွေးပွဲတွေပြုလုပ်ဖို့ ဆန္ဒရှိတဲ့အပြင် ကာကွယ် ရေးကို မြှင့်တင်ဖို့လည်း ကတိပြုကြောင်း ဇွန်လ(၄)ရက်နေ့က Wall Street Journal မှာရေးသားခဲ့တယ်လို့ သိရပါတယ်။ ထိုင်ဝမ်ရဲ့ ဒုသမ္မတလည်းဖြစ်၊ လက်ရှိအာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) အတွက် ကိုယ်စား လှယ်လောင်းလည်းဖြစ်တဲ့…

မြန်မာနိုင်ငံသားအိမ်အကူအမျိုးသမီး စင်္ကာပူမှာလူသတ်မှုနဲ့ ထောင်တစ်သက်ချခံရ

စင်္ကာပူ – ဇူလိုင် ( ၅ ) စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအိမ်အကူအမျိုးသမီးဟာ အသက်(၇၀) အရွယ် အိမ်ရှင်အမျိုးသမီးကို သတ်ဖြတ်မှုနဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံလိုက်ရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ(၂၅) ရက်နေ့က မြန်မာနိုင်ငံသား အိမ်အကူအမျိုးသမီးဖြစ်သူ မဇင်မာနွယ်ဆိုသူ ဟာ သူမအလုပ်ရှင်ရဲ့ ယောက်ခ မကို ဓားနဲ့ (၂၆)ချက်ထိုးသတ်ခဲ့တဲ့အတွက် ဇူလိုင်လ(၄) ရက် နေ့မှာ ထောင်ဒဏ်ချမှတ်ခံခဲ့ရတာပါ။…

ကုလနျူကလီးယားစောင့်ကြည့်ရေးအဖွဲ့က ဖူကူရှီးမားဓာတ်ပေါင်းဖို ရေဆိုးထုတ်ခွင့်ပြု

တိုကျို – ဇူလိုင်(၆) တရုတ်နဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ ကန့်ကွက်မှုတွေရှိနေတဲ့ကြားက ဆူနာမီကြောင့် ပျက်စီးခဲ့ရတဲ့ ဖူကူရှီးမားဓာတ်ပေါင်းဖို ရေဒီယိုသတ္တုကြွအရည်တွေကို ပြန်လည်ပြင်ဆင်မွမ်းမံပြီး သမုဒ္ဒရာထဲ လွှတ်ထုတ်နိုင်ဖို့ ဂျပန်အစိုးရဟာ ကုလနျူကလီးယားစောင့်ကြည့်ရေးရဲ့ အတည်ပြုချက်ရရှိခဲ့ပါ တယ်။ (၂) နှစ်ကျော်ကြာ သုံးသပ်မှု လုပ်ငန်းစဉ်တစ်ရပ်ဆောင်ရွက်ပြီးနောက် နိုင်ငံတကာအဏုမြူစွမ်း အင် အေဂျင်စီ(IAEA) ကဂျပန်အစိုးရရဲ့ အစီအစဉ်ဟာ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးစံချိန်စံညွှန်း တွေနဲ့ ကိုက်ညီတယ်လို့…

စစ်မှုထမ်းဆောင်ကာလလျှော့ချဖို့ ထိုင်ဝမ်အတိုက်အခံပါတီသမ္မတလောင်း ကတိပြု

တိုင်ပေ၊ ဇူလိုင်(၅) ထိုင်ဝမ်မှာ လာမယ့်ဇန်ဝါရီလမှာစတင်အကျုံးဝင်မယ့် မဖြစ်မနေစစ်မှုထမ်းခြင်းကို ပြောင်းပြန်လှန်ပစ်မယ်လို့ အတိုက်အခံ သမ္မတ ကိုယ်စားလှယ်လောင်းက ပြောကြားခဲ့ပါတယ်။ တကယ့်လိုအပ်ချက်မဟုတ်တဲ့ ကာလရှည်ကြာ စစ်မှုထမ်းခြင်းကို တရုတ်အစိုးရနဲ့ပြေလည်ပါ က လျှော့ချနိုင် မှာဖြစ်တယ်လို့လည်း သူကဆက်လက်ပြောဆိုခဲ့ပါတယ်။ ဒီမိုကရေစီနည်းကျရွေးကောက်ခံ ထိုင်ဝမ်နဲ့ ဘေဂျင်းတို့ရဲ့ ဆက်ဆံရေးဟာ နောက်နှစ် ဇန်နဝါရီလ ၁၃ရက်နေ့ မှာ ကျင်းပမယ့်ရွေးကောက်ပွဲက အဓိ ပြဿနာတစ်ရပ်ဖြစ်နေပြီး လတ်တလောအချိန်မှာတော့…