နိုင်ငံတကာ

ကန်ဂျီသရုပ်ဖော်စာလုံးအဖြစ် ဂျပန်ပြည်သူတွေက စစ်ပွဲဆိုတဲ့ အသုံးအနှုန်းကို ရွေးချယ်

တိုကျို – ဒီဇင်ဘာ(၁၃) ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေးသတ်ဖြတ်ခံရတာနဲ့ ယူကရိန်းကို ရုရှားကျူးကျော်မှု တွေ ဖြစ်ခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွက် စစ်ပွဲ ဆိုတဲ့ ဝေါဟာရကို ကန်ဂျီသရုပ်ဖော်ဝေါဟာရ အဖြစ် ဂျပန်နိုင်ငံက ရွေးချယ်ခဲ့ပါတယ်။ ဝေါဟာရ သရုပ်ဖော်ရေးသားဖို့အတွက် နှစ်စဉ်ကျင်းပတဲ့ အခမ်းအနားမှာ ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံးကိုယ်စားပြုတဲ့ ဖော်ပြချက်ကို မဲပေးခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ်ကတော့ အိုလံပစ် ဆိုတဲ့…

လာမယ့်နှစ်မှာ ပိုမိုကောင်းမွန်တဲ့ ငွေကြေးမူဝါဒတစ်ရပ်ကို ချမှတ်ဖို့ ထိုင်ဝမ်ဗဟိုဘဏ်က စီစဉ်နေ

ထိုင်ဝမ်၊ ဒီဇင်ဘာ (၁၀) ထိုင်ဝမ်အနေနဲ့ လာမယ့်နှစ်အတွင်းမှာ ပိုမိုသင့်တော်မှုရှိတဲ့ ငွေကြေးမူဝါဒကို အသက်သွင်းသွားမှာဖြစ်ပြီး ဈေးနှုန်းတည်ငြိမ်မှုကို မြှင့်တင်ဖို့နဲ့ နိုင်ငံ့စီးပွားရေးကုစားနိုင်ဖို့အတွက် နည်းလမ်းများစွာကို အသုံးပြု သွားမယ်လို့ နိုင်ငံရဲ့ ဗဟိုဘဏ်က ပြောပါတယ်။ ကုန်သွယ်မှုစီးပွားရေးကို အဓိကမှီခိုအားထားရတဲ့ ထိုင်ဝမ်နိုင်ငံဟာ လွန်ခဲ့တဲ့လအတွင်းက ပို့ကုန်တန်ဖိုး အနေနဲ့ တစ်နှစ်လုံးအတိုင်းအတာအားဖြင့် ၁၃.၁ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သလို အဓိက ဘဏ်လုပ် ငန်းဆိုင်ရာ…

ရုရှားနဲ့ အီရန်တို့ရဲ့ ကာကွယ်ရေးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးကို အမေရိကန်သတိပေး

ရုရှားနဲ့ အီရန်တို့ရဲ့ ကာကွယ်ရေးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးကို အမေရိကန်သတိပေး မော်စကို – ဒီဇင်ဘာ(၁၁) ယူကရိန်းကျူးကျော်မှုကို ထောက်ပံ့ဖို့ အီရန်က ဒရုန်းတွေ ပံ့ပိုးပေးနေတာနဲ့ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြင့်လာစေမယ့် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ တိုက်လေယာဉ်တွေအပါအဝင် အီရန်ကို အဆင့်မြင့်စစ်ရေးအကူ အညီတွေပေးဖို့ ရုရှားက ကမ်းလှမ်းနေတယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။ ရုရှား-အီရန် ဆက်ဆံရေးကို ကာကွယ်ရေးဆိုင်ရာ မိတ်ဖက်အဖြစ်…

အမေရိကန် သတင်းထောက်တစ်ဦး ကာတာကမ္ဘာ့ဖလားမှာ သတင်းယူရင်းသေဆုံး

ဒိုဟာ – ဒီဇင်ဘာ(၁၁) ကာတာကမ္ဘာ့ဖလားဘော်လုံးပွဲမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေက ဆန့်ကျင်တဲ့ လုပ်ရပ် တွေကြောင့် ဖမ်းဆီးခံလိုက်ရတဲ့ အမေရိကန် သတင်းထောက်တစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၉) ရက်နေ့မှာ သေဆုံးသွားပြီဖြစ်တယ်လို့ သူ့ရဲ့ဇနီးနဲ့ အမေရိကန်ဘောလုံးအဖွဲ့ချုပ်က ပြောပါ တယ်။ (LGBTQ) လူမှုအဖွဲ့အစည်းကို ထောက်ခံအားပေးတဲ့ သက်တံရောင်အင်္ကျီဝတ်ဆင်ထားပြီး ဘောလုံးကွင်းထဲ ဝင်ရောက်ဖို့ ကြိုးပမ်းချိန်မှာ ကာတာရဲတွေက သူ့ကိုတရားဥပဒေကြောင်းအရ ညီညွတ်မှုမရှိဘူးလို့…

တောင်ကိုရီးယားနိုင်ငံရဲ့ စည်းမျဉ်းအသစ်ကြောင့် နိုင်ငံသားအားလုံး အသက်တစ်နှစ်ခန့် ငယ်ရွယ်လာ

ဆိုးလ်၊ ဒီဇင်ဘာ (၁၀) တောင်ကိုရီးယားဟာ ကျင့်သုံးနေတဲ့ ရိုးရာအသက်ရေတွက်နည်းကို ဖျက်သိမ်းကာ နိုင်ငံတကာစံနှုန်းနဲ့အညီ အသက်ကန့်သတ်ချက် ဥပဒေတွေကို အတည်ပြုခဲ့လို့ နိုင်ငံသားတွေအားလုံး ရှိရင်းစွဲအသက်အရွယ်ကနေ တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်ခန့်အထိ ငယ်ရွယ်သွားတယ်လို့ သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံသားတွေဟာ မွေးဖွားချိန်မှာ အသက်တစ်နှစ်လို့ စတင်ရေတွက်လေ့ရှိပြီး ဇန်နဝါရီလ ၁ ရက်နေ့ရောက်တိုင်း တစ်နှစ်ကို ပေါင်းထည့်ကြတာလည်း ဖြစ်ပါတယ်။ ဒီလိုပေါင်းထည့်လိုက်တာဟာ နေ့စဉ်…

အင်ဒိုနီးရှားဗဟိုဘဏ်ရဲ့ အုပ်ချုပ်ရေးရာထူးတွေကို နိုင်ငံရေးသမားဟောင်းတွေ ဝင်ရောက် ရွေးချယ်ခွင့်ပြုမယ်

ဂျကာတာ – ဒီဇင်ဘာ(၁၀) အင်ဒိုနီးရှားပါလီမန်နဲ့ အစိုးရအဖွဲ့က နိုင်ငံရေးသမားဟောင်းတွေကို ဗဟိုဘဏ် အုပ်ချုပ်သူ အဖြစ်ပါဝင်နိုင်ဖို့အတွက် သက်ဆိုင်တဲ့ စာတမ်းတစ်ခုကို ဘဏ္ဍာရေးဆိုင်ရာ မူဝါဒ အသစ်မှာ ထည့်သွင်းနိုင်ဖို့ သဘောတူခဲ့ကြတယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ပါလီမန်နဲ့ အစိုးရတို့က ဒီဇင်ဘာလ(၈) ရက်နေ့ နှောင်းပိုင်းမှာ ဥပဒေကြမ်းရဲ့ နောက်ဆုံးမူကြမ်း ကို အတည်ပြုထားပြီး လာမယ့်…

အမျိုးသမီးဝန်ထမ်းတွေကို မတရားအလုပ်ထုတ်တယ်ဆိုတဲ့စွဲချက်နဲ့ တွစ်တာ တရားစွဲခံရ

ဝါရှင်တန် – ဒီဇင်ဘာ(၁၀) အီလွန်မက်စ်ဟာ တွစ်တာကုမ္ပဏီကို လွှဲပြောင်းရယူပြီးနောက် ရုတ်တရက် အစုလိုက်အပြုံ လိုက် အလုပ်ထုတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး အမျိုးသမီးဝန်ထမ်းတွေ အချိုးမညီစွာ ထိခိုက် စေတယ်လို့ဆိုကာ အမျိုးသမီးနှစ်ဦးကတွစ်တာကုမ္ပဏီကို အမှုဖွင့်ခဲ့ပါတယ်။ ဒေါ်လာ(၄၄) ဘီလျံနဲ့ တွစ်တာပလက်ဖောင်းကို ဝယ်ယူပြီး ရက်ပိုင်းအကြာ မှာဘဲ ဝန်ထမ်း အစုလိုက်အပြုံလိုက်ဟာ အလုပ်လက်မဲ့အခြေအနေနဲ့ ရင်ဆိုင်နေရသလို ပြီးခဲ့တဲ့ နိုဝင်ဘာလက စတင်ကာ…

တောင်ကိုရီးယား သပိတ်မှောက်ကုန်တင်ယာဉ်မောင်းတွေ အလုပ်ပြန်ဆင်းဖို့ အစိုးရဖိအားပေး

ဆိုးလ်၊ ဒီဇင်ဘာ(၉) ကုန်တင်ယာဉ်မောင်းတွေရဲ့ ဆန္ဒပြလှုပ်ရှားမှု ၁၄ ရက်မြောက်ရှိလာချိန်မှာတော့ တောင်ကိုရီးယားအစိုးရဟာ ယာဉ်မောင်းတွေကို အလုပ်ပြန်ဆင်းဖို့အတွက် အမိန့်တစ်ရပ်ထုတ်ပြန်ဖို့ စီစဉ်နေပါတယ်။ ကမ္ဘာပေါ်မှာ ဆဌမမြောက်အကြီးဆုံး ကုန်စည်တင်ပို့နိုင်တဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ ဝင်ငွေအာမခံအစီအစဉ်ကို သက်တမ်းတိုးပေးရေး တောင်းဆိုဆန္ဒပြနေတဲ့ ကုန်တင်ယာဉ်မောင်းတွေနဲ့ ညှိနှိုင်းမှု မအောင်မြင်ခဲ့ပါဘူး။ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ ရေနံ၊ ဓါတုနဲ့ သံမဏိစက်ရုံတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်မောင်းတွေကို အလုပ်ပြန်ခန့်ထားနိုင်ဖို့အတွက်…

ကင်ညာမှာ ပါကစ္စတန် သတင်းထောက်ရှာရစ်ဖ် သတ်ဖြတ်ခံခဲ့ရ

နိုင်ရိုဘီ – ဒီဇင်ဘာ(၉) ပါကစ္စတန်နိုင်ငံသား သတင်းထောက် တစ်ဦးအသတ်ခံရမှုဟာ လုပ်ကြံဖို့ ကြိုတင် စီစဉ်ထားတာ ဖြစ်တယ်လို့ ပါကစ္စတန် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာ မှာ ဖော်ပြခဲ့ပါတယ်။ ကင်ညာမြို့တော် နိုင်ရိုဘီရဲ့ ဆင်ခြေဖုံးနေရာတစ်ခုမှာ ရှာရစ်ဖ်ရဲ့ကားကို ရဲတွေက ပစ်ခတ်ခဲ့တာ ကြောင့်သေဆုံးသွားတာဖြစ်ပြီး သူဟာ ပါကစ္စတန် စစ်တပ်ကို ဝေဖန်တာတွေလုပ်ဆောင်ခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။…

ပါလီမန် ထောက်ခံရင် နောက်ထပ်(၂) နှစ် ဝန်ကြီးချုပ်လုပ်ချင်တယ်လို့ ပရရွတ်ဆို

ဘန်ကောက် – ဒီဇင်ဘာ(၉) ထိုင်းနိုင်ငံအထွေထွေရွေးကောက်ပွဲကို လာမယ်နှစ် မေလမတိုင်ခင် ကျင်းပသွားဖို့ ရှိချိန်မှာ လက်ရှိဝန်ကြီချုပ်ဖြစ်သူ ပရရွတ်ချန်အိုချာက သူ့ကို ပါလီမန်က ထောက်ခံရင် နောက်ထပ်(၂) နှစ် ဝန်ကြီးချုပ်ဆက်လုပ်ဖို့ သင့်ရှိတယ်လို့ ပြောခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ် ရဲ့ သက်တမ်းကို ဥပဒေကြောင်းအရ မေးခွန်းထုတ်ခံခဲ့ရတဲ့ အဖြစ်အပျက် ပြီးနောက် ဒီမှတ်ချက်ထွက်ပေါ်လာတာဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ ဆုံးဖြတ်ချက်အရ ဆိုရင် သူဟာ…