နိုင်ငံတကာ

တရုတ်သူလျှိုမိုးပျံပူဖောင်းက အမေရိကန်ရဲ့ အချက်အလက်တွေကို စုဆောင်းနိုင်ခဲ့ခြင်းမရှိလို့ ပင်တဂွန်ပြောကြား

ဝါရှင်တန်၊ ဇူလိုင်(၁) ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်ပြီး အမေရိကန် လေပိုင်နက်ထဲ ပျံသန်းခဲ့လို့ အမေ ရိကန်တိုက်လေယာဉ်က ပစ်ချခဲ့တဲ့ တရုတ်သူလျှိုမိုးပျံ ပူဖောင်းဟာ ထောက်လှမ်းရေးဆိုင်ရာအချက်အလက် တွေကို မစုဆောင်းနိုင်ခဲ့ဘူးလို့ ပင်တဂွန်စစ်ဌာနချုပ်က ဇွန်လ (၂၉) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ “အခုအချိန်မှာ ကျွန်တော်တို့ရဲ့ အကဲဖြတ်ချက်တစ်ခုအရ အမေရိကန်ကို ဖြတ်ကျော် ပျံသန်းနေချိန်မှာ ဘာအချက်အလက်မှ မစုဆောင်းနိုင်ခဲ့ဘူး” လို့…

ထိုင်းကိုတရုတ်ဧည့်သည်ဝင်ရောက်မှုနည်းနေလို့ နိုင်ငံ့ရည်မှန်းချက်နဲ့ လွဲချော်ဖွယ်ရှိ

ဘန်ကောက်၊ ဇွန်(၃၀) ထိုင်းနိုင်ငံကို တရုတ်ခရီးသွားလာရောက်လည်ပတ်မှု မျှော်မှန်းထားတာထက် နည်းနေတာကြောင့် ၂၀၂၃ခုနှစ် နိုင်ငံခြားခရီးသွား သန်း(၃၀) ပြည့်မီရေးရည်မှန်းချက်ကို လွဲချော်ဖွယ်ရှိနေတယ်လို့ မလေးရှား RHB ဘဏ်က ထုတ်ပြန်လိုက်ပါတယ်။ RHB ဘဏ်မှ အကြီးတန်းစီးပွားရေးပညာရှင် Barnabas Gan က ၂၀၂၃ ခုနှစ်အတွက် တရုတ်နိုင်ငံမှ ထိုင်း နိုင်ငံသို့ ခရီးသည်ဝင်ရောက်မှုဟာ ထိုင်းအစိုးရမျှော်မှန်းထားတဲ့ ခုနစ်သန်းအောက်နဲ့ ငါးသန်းအောက်အကြား…

အီးဒ်အားလပ်ရက် စတော့ဟုမ်းဗလီမှာ ဆန္ဒပြသူတွေက ကိုရမ်ကျမ်းကို မီးရှို့

စတော့ဟုမ်း – ဇွန်(၃၀) ဆွီဒင်နိုင်ငံက နေတိုးအဖွဲ့ဝင်ဖို့ ကြိုးပမ်းနေချိန် တူရကီကို ဒေါသထွက်စေတဲ့ လုပ်ရပ်ဖြစ်တဲ့ အမျိုးသားတစ်ဦးက စတော့ဟုမ်းဗဟို ဗလီအပြင်ဘက်မှာ ကိုရမ်ကျမ်းတစ်စောင်ကို ဆုတ်ဖြဲ ကာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အဲဒီလိုလုပ်ဆောင်ခဲ့တဲ့ အမျိုးသားကို ရဲတပ်ဖွဲ့က လူမျိုးစု ဒါမှမဟုတ် အမျိုးသားအုပ်စုအပေါ် သွေးထိုးလှုံ့ဆောင်မှုနဲ့ တရားစွဲခဲ့တယ်လို့ သိရပါတယ်။ ဆွီဒင်မှာ အစ္စလာမ်ဆန့်ကျင်ရေးနဲ့ ကာ့ဒ်အခွင့်အရေးတွေအတွက် ဆက်တိုက်ဆန္ဒပြမှုတွေဟာ ဆွီဒင်ကို…

ဩစတြေးလျ ပြည်နယ်ဝန်ကြီးနဲ့ လွှတ်တော်အမတ် တရုတ်နဲ့ပေါင်းပြီး လာဘ်စားမှု ကျူးလွန်

ကန်ဘာရာ – ဇွန်(၃၀) ဩစတြေးလျနိုင်ငံက လူဦးရေအများဆုံးပြည်နယ်ရဲ့ ဝန်ကြီးဟောင်းနဲ့ လွှတ်တော် အမတ် တစ်ဦးတို့ဟာ တရုတ်နဲ့ စီးပွားရေးအပေးအယူတွေမှာ ကာလရှည်ကြာ လာဘ်စားမှုနဲ့ ပါဝင် ပတ်သက်နေတယ်လို့ သိရပါတယ်။ New South Wales ရဲ့အကျင့်ပျက်ခြစားမှုဆိုင်ရာ လွတ်လပ်သော ကော်မရှင်က မစ္စဂလက်ဒီစ့် ဘီရီဂျစ်လီယန်ဟာ သူဝန်ကြီးအဖြစ်တာဝန်ယူနေစဉ်အတွင်း အစိုးရညီလာခံရဲ့ အဖွဲ့ဝင်တစ် ဦးဖြစ်တဲ့ ဥပဒေပြဌာန်းသူ Daryl…

ပြုံးယမ်းတရားမဝင်ငွေကြေးလှုပ်ရှားမှုမှာပါဝင်နေတဲ့ ရုရှားနိုင်ငံသားကို တောင်ကိုရီးယားက ပိတ်ဆို့အရေးယူ

ဆိုးလ်၊ ဇွန်(၂၉) မြောက်ကိုရီးယားရဲ့ တရားမဝင်ငွေကြေးဆိုင်ရာလှုပ်ရှားမှုတွေမှာ ရုရှားနိုင်ငံသားတစ်ဦး ပါဝင်ပတ်သက်မှု အပေါ် တောင်ကိုရီးယားက ပိတ်ဆို့အရေးယူလိုက်ကြောင်း အာဏာပိုင်များက ဇွန်လ (၂၈) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ လျင်မြန်စွာတိုးတက်မှုကို မြင် တွေ့ခဲ့ရတဲ့ မြောက်ကိုးရီးယားရဲ့ အဏုမြူဗုံးနဲ့ပဲ့ထိန်းဒုံးကျည် အစီအစဉ်တွေအတွက် နိုင်ငံတကာပိတ်ဆို့ အရေးယူမှုတွေ ခံနေရတာဖြစ်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပိတ်ဆို့အရေးယူမှုစည်းကမ်းတွေကို ချိုးဖောက်နေတဲ့ မြောက်ကိုရီးယားကို…

ကျန်းမာရေးနဲ့ စွမ်းအင်ကဏ္ဍအတွက် အင်ဒိုနီးရှားကို ကမ္ဘာ့ဘဏ်ချေးငွေ ကန်ဒေါ်လာ ၁.၄ ဘီလျံ ပေးအပ်

ဇူရစ် – ဇွန်(၂၉) အင်ဒိုနီးရှားနိုင်ငံမှာ ပိုမိုသန့်ရှင်းတဲ့ လျှပ်စစ်စွမ်းအား အသုံးပြုနိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ (၁.၄) ဘီလျံ တန်ဖိုးရှိတဲ့ စီမံကိန်းတစ်ခုကို ကမ္ဘာ့ဘဏ်က ဇွန်လ(၂၇) ရက်နေ့က အတည်ပြုပေး ခဲ့သလို ကလေးသူငယ်အဟာရဖွံ့ဖြိုးရေး စီမံကိန်းအတွက်လည်း ကန်ဒေါ်လာ (၆၀၀) မီလျံ ပံ့ပိုး သွားမှာဖြစ်တယ်လို့ ပြောပါတယ်။ လျှပ်စစ်ဓာတ်အားစီမံကိန်းဟာ အင်ဒိုနီးရှား အရှေ့ဘက် နေရာတွေအတွက် လျှပ်စစ်ဓာတ်အား…

ထိုင်းဘုရင်မကြီးရဲ့ မော်တော်ယာဉ်တန်းကို ပြေးဝင်ဆန္ဒပြခဲ့သူတွေ တရားသေပြန်လွတ်လာ

ဘန်ကောက် – ဇွန်(၂၉) ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဆန္ဒပြပွဲအတွင်း ဘုရင်မကြီးကို အကြမ်းဖက်ဖို့ ကြိုးပမ်းမှုနဲ့ စွဲချက်တင်ခံထားရတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူ (၅) ဦးကို တရားရုံးက တရားသေလွှတ် ပေးခဲ့တယ်လို့ တရားရေးဆိုင်ရာ အကူအညီပေးရေးအဖွဲ့တစ်ခုက ရိုက်တာကိုပြောပါတယ်။ မိဖုရားသုသီတာ လိုက်ပါလာတဲ့ ဘုရင့်မော်တော်ယာဉ်တန်းက ဆန္ဒပြသူတစ်စုကို ကျော်ဖြတ် မောင်းနှင်နေချိန်မှာ ဒီဖြစ်စဉ်ဖြစ်ပွားခဲ့တာပါ။ လူငယ်တစ်စုဦးဆောင်တဲ့…

စင်ကာပူနိုင်ငံသားတွေအပါအဝင် လူကုန်ကူးခံရသူတစ်ထောင်ကျော်ကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့မှ ကယ်တင်နိုင်ခဲ့

မနီလာ၊ ဇွန်(၂၈) ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ အွန်လိုင်းကာစီနို အလုပ်လုပ်ကိုင်ဖို့အတွက် လူကုန်ကူးခံခဲ့ရသူလူဦးရေ ၁၀၀၀ ကျော်ကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ကယ်ထုတ်နိုင်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ မြို့တော်မနီလာရှိ အဆောက်အဦးအဝန်းအဝိုင်းတစ်ခုကို ဇွန်(၂၆)ရက် တနင်္လာနေ့ညမှာ ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ချိန်မှာ တရုတ်၊ ဗီယက်နမ်၊ စင်ကာပူနဲ့ မလေးရှားနိုင်ငံသားတွေကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ပြောကြားချက်အရ ဒီလိုလူကုန်ကူးခံရသူတွေဟာ အွန်လိုင်းဂိမ်းလုပ်ငန်း အကူဝန်ထမ်းတွေအဖြစ် ဖိလစ်ပိုင်နိုင်ငံမှာ…

အာဖဂန်မှာ တာလီဘန်တွေ သိမ်းပိုက်ပြီးနောက်ပိုင်း အရပ်သား (၁၀၀၀) ကျော်သေဆုံး

ကဘူးလ် – ဇွန်(၂၈) အာဖဂန်နစ္စတန်နိုင်ငံမှာ စစ်ပွဲ၊လက်နက်ကိုင် ပဋိပက္ခတွေနဲ့ နိုင်းယှဉ်ပါက အသေအပျောက် သိသိသာသာ လျော့ကျသွားပေမယ့် တာလီဘန်တွေ သိမ်းပိုက်ပြီးနောက် ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက် မှု တွေမှာ အရပ်သားသေဆုံးမှု သိသိသာသာ များပြားလာတယ်လို့ ကုလသမဂ္ဂအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အစီရင်ခံစာမှာ အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ မစ်ရှင်(UNAMA) က ၂၀၂၁ ခုနှစ် ဩဂုတ်လ((၁၅) ရက်နေ့…

ယူကရိန်းလေပိုင်နက်မှာ ပစ်ချခံရတဲ့ မလေးရှား လေယာဉ်နဲ့ ဆက်စပ်သူ (၃) ဦးကို ဩစတြေး လျ ပိတ်ဆို့အရေးယူ

ကန်ဘာရာ – ဇွန်(၂၈) ယူကရိန်းကို ဖြတ်ကျော်ခဲ့တဲ့ မလေးရှားလေကြောင်းလိုင်းရဲ့Flight 17 (MH17) ပစ်ချခံရတဲ့ ကိစ္စနဲ့ ပတ်သက်တဲ့ သူ(၃) ဦးကို ဩစတြေးလျနိုင်ငံက ဘဏ္ဍာရေးနဲ့ ခရီးသွားလာ ခွင့် ပိတ်ဆို့ လိုက်တယ်လို့ ဝန်ကြီး မစ္စပန်နီဝန်က ပြောခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် ဇူလိုင်လ(၁၇) ရက်နေ့က အမ်စတာဒန်ကနေ ကွာလာလမ်ပူကို ပျံသန်းတဲ့…