အန်ကောဝတ်ဘုရားကျောင်းအနီးက အိမ်ခြေတစ်သောင်းကို ကမ္ဘောဒီးယားအစိုးရ နှင်ထုတ်ခဲ့တယ်လို့ စွပ်စွဲခံရ
ဖနွမ်းပင်၊နိုဝင်ဘာ ၁၆ ကမ္ဘောဒီးယားအစိုးရက ကမ္ဘာ့ကျော်အန်ကောဝတ်ဘုရားကျောင်းအနီးမှာရှိတဲ့ အိမ်ခြေ တစ်သောင်းကို နှင်ထုတ်ခဲ့တာဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က စွပ်စွဲလိုက်ပါတယ်။ ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာမှာ နေထိုင်တဲ့ မိသားစုတွေကို သူတို့နေထိုင်ရာနေရာနဲ့ ၂၅ ကီလိုမီတာဝေးတဲ့ လယ်ကွင်းဟောင်းထဲမြို့သစ်တည်ပေးပြီး ၂၀၂၂ ခုနှစ်တည်းက စတင် ပြောင်းရွှေ့ခိုင်းခဲ့တာပါ။ အာဏာပိုင်တွေကတော့ အဲဒီမိသားစုတွေဟာ သူတို့ သဘောဆန္ဒအတိုင်းပြောင်းရွှေ့ကြတာ…
