ထိုင်းမှာ နိုင်ငံခြားသားမြေယာပိုင်ဆိုင်မှုနိုင်မှု ဥပဒေကြမ်း အသက်ဝင်ချိန်ကို ရွှေ့ဆိုင်း
ဘန်ကောက်၊ နိုဝင်ဘာ (၉) လွန်ခဲ့တဲ့ လအတွင်းက ထိုင်းအစိုးရက ကြေငြာခဲ့တဲ့ နိုင်ငံခြားသား မြေယာပိုင်ဆိုင်မှု ဥပဒေကြမ်း အသက် ဝင်မှုအချိန်ကို ရွှေ့ဆိုင်းကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောပါတယ်။ အဲဒီ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အစိုးရအေဂျင်စီတွေအကြား မူဝါဒပိုင်းတွေကို ဆွေးနွေးနေဆဲဖြစ်တာကြောင့် ပယ်ချမှာ မဟုတ်ပေမယ့်လည်း အချိန်ကာလတစ်ခုကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာပါ။ ဝန်ကြီးချုပ် ပရာယွတ်ရဲ့ အစိုးရအဖွဲ့ကတော့…