ထောက်လှမ်းရေးဂြိုလ်တုလွှတ်တင်ခဲ့တဲ့ မြောက်ကိုရီးယားနဲ့ စစ်ရေးသဘောတူညီချက်တချို့ ကိုရီးယား ဆိုင်းငံ့
ဆိုးလ်၊ နိုဝင်ဘာ ၂၃ မြောက်ကိုရီးယားရဲ့ ထောက်လှမ်းရေးဂြိုလ်တု လွှတ်တင်ပြီးနောက် ၂၀၁၈ ခုနှစ်က လက်မှတ် ရေးထိုးထားတဲ့ စစ်ရေးသဘောတူညီချက် တစ်စိတ်တစ်ပိုင်းကို ဆိုင်းငံ့လိုက်တယ်လို့ တောင်ကိုရီးယားက နိုဝင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။ နိုဝင်ဘာ ၂၁ ရက်နေ့က မြောက်ကိုရီးယားရဲ့ ပထမဆုံးအောင်မြင်ခဲ့တဲ့ ထောက်လှမ်းရေး ဂြိုလ်တုကို ကမ္ဘာ့ပတ်လမ်းအတွင်း လွှတ်တင်နိုင်ခဲ့သလို ထပ်မံလွှတ်တင်မှုတွေပြုလုပ်ဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။…
