တက္ကသိုလ်ဝင်တန်းအောင်ချက်ကောင်းဖို့ မွန်အမျိုးသားကျောင်းစီမံချက် ရေးဆွဲသွားမည်
မော်လမြိုင် ၊ ဩဂုတ် ၁၂ မွန် ၊ ကရင် ၊ တနင်္သာရီဒေသက မွန်အမျိုးသားကျောင်းတွေရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားလာစေဖို့အတွက် စီမံချက်တွေ ရေးဆွဲသွားမယ်လို့ မွန်အမျိုးသားပညာရေး ကော်မတီတာဝန်ခံ ဆရာမင်းအောင်ဇေက ပြောပါတယ်။ ၂၀၂၀ ပြည့်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မွန်အမျိုးသားကျောင်းမှ ကျောင်းသူကျောင်းသား ၁၄၄ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၁၂ ဦးသာ အောင်မြင်ခဲ့တာပါ။ မွန်အမျိုးသားကျောင်းတွေရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက်ဟာ…
