အာဏာပလ္လင် ရာသက်ပန်ကြိုးကိုင်ဖို့ စစ်တပ်က အတိုင်ပင်ခံကောင်စီဥပဒေဖန်တီး
မော်လမြိုင် ၊ ဖေဖော်ဝါရီ ၅ လာမယ့် ဧပြီမှာ အစိုးရသစ်ပေါ်လာမယ်လို့ ထုတ်ပြောထားတဲ့ စစ်ကော်မရှင်က လွှတ်တော်တောင်မစရသေးဘဲ အားလုံးရဲ့ အထက်မှာ နေရာယူမယ့် အဖွဲ့အစည်းတစ်ရပ်အဖြစ် ပြည်ထောင်စုအတိုင် ပင်ခံကောင်စီဆိုတဲ့ ဥပဒေကို ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ဖန်တီးလာပါတယ်။ အာဏာသုံးရပ်လုံးကို လွှဲအပ်ခံထားရတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ ပြည်ထောင်စုလွှတ်တော်ရဲ့…
