ဖိလစ်ပိုင်မှာ ကျင်းပမယ့် အာဆီယံ ညီလာခံသို့ ကမ္ဘာ့ခေါင်းဆောင် ၁၉ ဦး တက်ရောက်မယ်

မနီလာ ၊ နိုဝင်ဘာ ၁၂

လာမယ့် ၄၉ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးနဲ့ အခုသီတင်းပတ် ကျင်းပမယ့် ဆက်စပ် အစည်းအဝေးတွေအတွက် ဖိလစ်ပိုင်ကို ကမ္ဘာနဲ့ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်း ခေါင်းဆောင် ၁၉ ဦး လာရောက်မှာ ဖြစ်ပါတယ်။

အဲဒီလို ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်မှုက အာဆီယံရဲ့ ထူးခြားတဲ့ ဆွဲဆောင်နိုင်စွမ်းအားကို ဖော်ပြနေပြီး ပိုကျယ်ပြန့်တဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ဆွေးနွေးရေး၊ ပူးပေါင်းဆောင်ရွက်ရေးအတွက် စင်္ကြံ တစ်ခုအဖြစ် ဆက်ရှိနေတယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဖိလစ်ပိုင် နိုင်ငံတကာစင်တာမှာ ညီလာခံ ဖွင့်ပွဲ အခမ်းအနားပြုလုပ်မှာ ဖြစ်ပြီး နိုဝင်ဘာ ၁၅ ရက်မှာ အဆင့်မြင့် ဆွေးနွေးမှုတွေ စတင်သွားမှာ ဖြစ်ပါတယ်။

အဲဒီနောက် အာဆီယံ ဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင်ရဲ့ အောင်မြင်အောင် စွမ်းဆောင်နိုင်မှုတွေကို အာဆီယံ ခေါင်းဆောင်တွေ အကဲဖြတ်မှု အပါအဝင် ဆက်စပ် အခမ်းအနားတွေ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အဲဒီနောက် အာဆီယံ ခေါင်းဆောင်တွေက မြန်မာနိုင်ငံ အခြေအနေ အပါအဝင် ထွက်ပေါ်လာနေတဲ့ ဒေသဆိုင်ရာနဲ့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းရေး အာဆီယံရဲ့ စုပေါင်းစွမ်းပကား အားပိုကောင်းလာစေမယ့် နည်းလမ်းတွေကို အာဆီယံ ခေါင်းဆောင်တွေ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အဲဒီနောက် ခေါင်းဆောင်တွေက အာဆီယံ လွှတ်တော်နဲ့ စီးပွားရေး အသိုင်းအဝိုင်း၊ လူငယ်ထုကိုယ်စားလှယ်တွေနဲ့လည်း ဆက်သွယ် တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။

အဲဒီ ထိပ်သီး ဆွေးနွေးပွဲကို ဖိလစ်ပိုင် သမ္မတ မားကို့စ် ဂျူနီယာက ဦးဆောင်မှာ ဖြစ်ပြီး ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ အရှေ့တီမောနဲ့ ဗီယက်နမ် ခေါင်းဆောင်တို့ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံလည်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာဆီယံရေးရာ ဌာန ညွှန်ကြားရေးမှူးချုပ် ကိုယ်စားပြု တက်ရောက်မှာ ဖြစ်ပါတယ်။

ကနေဒါ ဝန်ကြီးချုပ် ကာနေ၊ ဘရာဇီး သမ္မတ လူလာ ဒါဆေးလ်ဗား၊ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ စီမံခန့်ခွဲရေးမှူးချုပ် ခရစ္စတီလီနာ ဂျော်ဂျီဗာတို့လို့ အကြီးအကဲတွေလည်း တက်ရောက်ဖို့ ရှိနေပါတယ်။

အဲဒီလို ခေါင်းဆောင်တွေ တက်ရောက်မှုက ဒေသဆိုင်ရာ စီးပွားရေး ဒူပေတာပေ ခံနိုင်ရေး တွန်းအားပေးရာမှာ အဓိက နိုင်ငံတကာ လက်တွဲဖော်တွေနဲ့ အာဆီယံတို့ရဲ့ စေ့စပ် ဆက်ဆံမှု တန်ဖိုးကို ဖော်ပြနေပြီး အထူးသဖြင့် သာယာဝပြောရေး အတွက် ဖိလစ်ပိုင်ရဲ့ ဥက္ကဋ္ဌရာထူး ဦးစားပေးကိစ္စတွေနဲ့ ကိုက်ညီတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ပါတယ်။

ဆက်စပ် ဆွေးနွေးပွဲများကို နိုဝင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက်မှာ ကျင်းပမှာ ဖြစ်ပြီး သြစတြေး၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှား၊ ကုလသမဂ္ဂနဲ့ အမေရိကန်တို့က ဦးဆောင် ကျင်းပသွားမှာ ဖြစ်ပါတယ်။

နယူးဇီလန်ကို လက်ထောက်ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် ဆေမော် ကိုယ်စားပြု တက်ရောက် မှာ ဖြစ်ပြီး ရုရှားကိုယ်စား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗရော့ တက်ရောက်မှာ ဖြစ်ပါတယ်။

မားကို့စ်က ၂၉ ကြိမ်မြောက် အာဆီယံ အပေါင်း ၃ ထိပ်သီး ဆွေးနွေးပွဲနဲ့ ၂၁ကြိမ်မြောက် အရှေ့အာရှ ညီလာခံကိုလည်း နိုဝင်ဘာ ၁၇ ရက်မှာ လက်ခံ ကျင်းပပေးသွားမှာ ဖြစ်ပါတယ်။

ဒေသတွင်း ဘုံစိုးရိမ်မှုနဲ့ အကျိုးစီးပွားတွေရဲ့ ဗျူဟာ၊ နိုင်ငံရေးနဲ့ စီးပွားရေး ဆိုင်ရာ ကိစ္စရပ်တွေ နဲ့ ပတ်သက်လို့ ဆွေးနွေးရေး ၊ ပူးပေါင်းဆောင်ရွက်ရေး ခေါင်းဆောင်တွေ အစည်းအဝေး ကျင်းပမှာ ဖြစ်ပါတယ်။

အဲဒီနောက် မားကို့စ်က အာဆီယံ ဥက္ကဋ္ဌ ရာထူးနေရာကို စင်ကာပူထံ တရားဝင် လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။

အဲဒီနေ့ဟာ အာဆီယံ -အမေရိကန် အထူး ဆွေးနွေးပွဲနဲ့ အဆုံးသတ်မှာ ဖြစ်ပြီး သမ္မတ ဒေါ်နယ် ထရန့် တက်ရောက်ဖို့ ရှိနေပါတယ်။

Ref:Bernama/PNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.