စပိန် အထွေထွေ သပိတ်အတွင်း လူထောင်ချီ ပါဝင်လာပြီး ဘာစီလိုနာမှာ ပဋိပက္ခတွေ ဖြစ်ပွား

ဘာစီလိုနာ ၊ နိုဝင်ဘာ ၁၂

၁၄ နှစ်အတွင်း စပိန်နိုင်ငံရဲ့ ပထမဆုံး အထွေထွေသပိတ်မှာ လူထောင်ပေါင်းများစွာ ပါဝင်လာခဲ့ပြီးနောက် ဘာစီလိုနာမြို့မှာ ရဲတပ်ဖွဲ့နဲ့ မျက်နှာဖုံးတပ် လူအုပ်စုတွေထားကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။

အိမ်ရာနဲ့ စားဝတ်နေရေးစရိတ် မြင့်တက်မှုနဲ့ ပတ်သက်လို့ စပိန်ရဲ့အကြီးမားဆုံး သမဂ္ဂတွေက ဦးဆောင်ပြီး သပိတ်မှောက်နေကြတာ ဖြစ်ပါတယ်။

မြို့တော် မက်ဒရစ်က ဆန္ဒပြပွဲမှာ လူပေါင်း ၁၂၀၀၀၀ ပါဝင်ခဲ့ပြီး ဘာစီလိုနာ ဆန္ဒပြပွဲမှာ လူ ၅၀၀၀၀ ကျော်လောက်ပဲ ပါဝင်ခဲ့ပေမယ့် မျက်နှာဖုံးထားသူတွေက အမှိုက်ပုံးတွေကို မီးရှို့ပြီး ဆိုင်ပြတင်းပေါက်တွေကို ရိုက်ခွဲနေတာတွေ့မြင်ရပါတယ်။

ရဲတပ်ဖွဲ့က လူစုခွဲဖို့ မျက်ရည်ယိုဗုံးတွေ အသုံးပြုခဲ့တယ်ဆို့ ဆိုပါတယ်။

ဆန္ဒပြပွဲတွေကြောင့် စပိန်နိုင်ငံတဝန်း ပို့ဆောင်ရေးနဲ့ တခြား အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုတွေ ပြင်းပြင်းထန်ထန် အနှောင့်အယှက် ဖြစ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

စပိန်မှာ နိုဝင်ဘာ ၂၉ ရက်ကျရင် လွှတ်တော် ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေပါတယ်။

အလုပ်သမားသမဂ္ဂကြီး UGT အကြီးအကဲ ပီပီ အယ်လ်ဗာရက်ဇ်က သပိတ်မှောက်မှုမှာ လူတွေ အများကြီး ပါဝင်ပြီး သပိတ်အောင်မြင်တယ်လို့ ပြောထားပါတယ်။

နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းက ဘာစီလိုနာ မြို့လယ်ခေါင်မှာ ရဲအင်အား အများကြီး ချထားပြီး အမာခံ ဦးထုပ်တွေနဲ့ အဓိကရုဏ်း နှိမ်နှင်းရေး ဒိုင်းကာတွေ ကိုင်ဆောင်ထားတာတွေ့ရပါတယ်။

အမှိုက်ပုံးတွေ မီးရှို့ခံခဲ့ရပြီး လမ်းတွေရဲ့ အလယ်ခေါင်မှာ အသေးစား လောင်ကျွမ်းနေတဲ့ မီးတွေ တွေ့ရပါတယ်။

လူတစ်ခုက ရဲတပ်ဖွဲ့ကို မီးရှူးမီးပန်းတွေနဲ့ ပစ်ခတ်ခဲ့ပြီး Lego ဆိုင် အပါအဝင် ဆိုင်တွေ လုယက်ခံခဲ့ရတယ်လို့ ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဆန္ဒပြသူတွေ အက်ပ်ပဲလ် စတိုးဆိုင်ထဲကို ဝင်ရောက်ဖို့ ကြိုးပမ်းတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ဘာစီလိုနာ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ အမျိုးသမီး တစ်ဦးကတော့ အများစု အရမ်း ငြိမ်းချမ်းပြီး ပျော်စရာကောင်းတယ်လို့ ပြောပါတယ်။

မက်ဒရစ်မြို့နဲ့ ဘာစီလိုနာမြို့တို့ရဲ့ အဓိက လမ်းတွေမှာ ယာဉ်အသွားမလာ ရပ်တန့် သွားခဲ့ပြီး ကြီးကြီးမားမား အနှောင့်အယှက်တွေ ဖြစ်ပေါ်ခဲ့ရပါတယ်။

ဖြစ်ရပ် အမျိုးမျိုးအတွက် လူ ဒါဇင်ပေါင်းများစွာကို ဖမ်းဆီးထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားပြီး အိမ်ယာမြေ အေဂျင်စီတွေရဲ့ ရုံးတွေ တိုက်ခိုက်ခံခဲ့ရတယ်လို့ စပိန် သတင်းတွေမှာ ဖော်ပြထားပါတယ်။

မိမိတို့က မြို့ကို လုံးဝ မလူးသာမလွန့်သာ ဖြစ်အောင် လုပ်ထားလိုက်ကြပြီလို့ မက်ဒရစ်မြို့ရှိ ဆန္ဒပြသူ တစ်ဦးက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

အထွေထွေ သပိတ်ကို လူတွေ အများကြီး ထောက်ခံကြပြီး မိုးရွာနေတာတောင် လူတိုင်း လမ်းပေါ်ထွက် ဆန္ဒပြနေကြတယ်လို့ သူက ပြောပါတယ်။

အများတတ်နိုင်တဲ့ အိမ်ယာများ စီမံပေးရေး စားဝတ်နေရေး စရိတ် မြင့်တက်လာမှုတို့နဲ့ ပတ်သက်တဲ့ ကျယ်ပြန့်တဲ့ ဆန္ဒပြပွဲတွေကြောင့် အထွေထွေ သပိတ် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

မက်ဒရစ်မြို့က တိုက်ခန်းမှာ နေထိုင်လာခဲ့တာ နှစ်ပေါင်း ၇၀ ရှိပြီ ဖြစ်တဲ့ အသက် ၈၇ နှစ်အရွယ် အမျိုးသမီး တစ်ဦး နှင်ထုတ်ခံရပြီး သေဆုံးသွားခဲ့ရာက ဆန္ဒပြပွဲတွေ စတင်လာခဲ့တာ ဖြစ်ပါတယ်။

ဆိုရှယ်လစ် ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်ကအိမ်ယာစနစ် ပြုပြင်ပြောင်းလဲရေး သူ့ရဲ့အစီအစဉ်ကို လွှတ်တော်က အတည်မပြုပေးတာကြောင့် ပြီးခဲ့တဲ့လမှာ လျပ်တပြက် ရွေးကောက်ပွဲ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.