မာရာဝီ၊ စက်တင်ဘာ ၁၄

ဖိလစ်ပိုင်နိုင်ငံရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ မွတ်စလင်များ နေထိုင်ရာ ဒေသရှိ ရဲစခန်း တစ်ခု အပြင်ဖက်မှာ စောစောပိုင်းက သေနတ်ကိုင် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားပြီး လူ သုံးဦး သေဆုံးခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ စက်တင်ဘာ ၁၄ ရက် မနက်က ပထမဆုံး လွှတ်တော် ရွေးကောက်ပွဲအတွက် ဒေသခံတွေ မဲပေးခဲ့ကြပါတယ်။

အဲဒီ ရွေးကောက်ပွဲတွေဟာ နိုင်ငံတောင်ဖက်စွန်း မွတ်စလင် အများစု နေထိုင်ရာ မင်ဒါနာအိုကျွန်း ဘန်ဆာမိုရိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ စတင်ခဲ့တဲ့ ၁၉၉၀ ပြည့်နှစ်နှောင်းပိုင်းက စတင်ခဲ့တဲ့ ပေါ်လိုက် ပျောက်လိုက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ အဆုံးသတ်ပဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ ပါတီ ၁၃ ခု ပါဝင်ယှဉ်ပြိုင်ပြီး လွှတ်တော် အမတ်နေရာ ၈၀ အတွက် မဲပေးခွင့်ရှိသူ နှစ်သန်းကျော် ရှိပါတယ်။

အစိုးရ တပ်ဖွဲ့တွေနဲ့ ဂျီဟတ် ဝါဒီတွေအကြား တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပွားနေတဲ့ မြို့ တစ်မြို့ ဖြစ်တဲ့ မာရာဝီမှာ သံချပ်ကာ ကားတွေနဲ့ လုံခြုံရေး ဝန်ထမ်းတွေ စောင့်ကြည့်နေတဲ့ ကြားက မဲရုံတွေ အပြင်ဖက်မှာ မဲပေးမယ့်သူတွေ ငြိမ်းချမ်းစွာ စီတန်း စောင့်ဆိုင်းခဲ့ကြတယ်လို့ အေအက်ဖ်ပီ သတင်းထောက်တွေက ပြောပါတယ်။

မဲပေးသူတွေကြားထဲမှာ ဝရုန်းသုန်ကား အခြေအနေတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုများ ရှိနေပြီး မဲပေးချိန်အတွင်း ငြိမ်းငြိမ်းချမ်းချမ်း ရှိတဲ့အတွက် စိတ်သက်သာရာရကြောင်း သူတို့က ပြောပါတယ်။

ဒေသတွင်း အင်အားကြီးတဲ့ မိသားစုတွေကြား သွေးစွန်းတဲ့ ပဋိပက္ခတွေ ဖြစ်လာနိုင်ပြီး နိုင်ငံရေးအရ အကြမ်းဖက်မှု ရာဇဝင် ရှည်လျားတဲ့ ဒေသ ဖြစ်တာကြောင့် ရွေးကောက်ပွဲ ငြိမ်းချမ်းစွာ ကျင်းပနိုင်တာက အောင်မြင်တဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ မှတ်ယူရမှာ ဖြစ်ကြောင်း နိုင်ငံရေးပါတီ ခေါင်းဆောင် တစ်ဦးက ပြော ပါတယ်။

ဒါပေမဲ့ မတည်မြဲတဲ့ ငြိမ်းချမ်းရေးမှာ အက်ကွဲမှုတွေ ရှိနေကြောင်း စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းက ပြသခဲ့ပါတယ်။

မဲရုံတွေ မဖွင့်ခင် နာရီပိုင်းအလိုမှာ ဒေသဆိုင်ရာ မြို့တော် ကိုတာဘာတိုမှာ မဲရုံ အဖြစ် ပြောင်းလဲထားတဲ့ စာသင်ကျောင်း တစ်ကျောင်း အပြင်ဖက်မှာ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လူ သုံးဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မဲပေးတဲ့ ပြိုင်ဖက် အုပ်စု နှစ်ခုကြား အငြင်းပွားပြီး လက်သီးချင်း ယှဉ်ထိုးမှု ဖြစ်ပွားခဲ့သလို အချင်းချင်း ပစ်လတ်မှု ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ကိုတာဘာတို ရဲမှူးကြီး ဂျီဘင် ဘွန်ကာယာအိုက ပြောပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.