September 13, 2026

ကိုယ်တိုင်ခန့် သမ္မတရဲ့ ပြည်ပလှည့်လည်ရေးခရီးစဉ်တွေကနေ တရားဝင်မှုရဖို့ နီးကပ်ပြီလား

ဖနွမ်းပင် ၊ စက်တင်ဘာ ၁၃ အာဏာသိမ်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က ကိုယ်တိုင်ခန့်အပ်ထားတဲ့ သမ္မတရာထူးနဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတချို့အပါအဝင် ဒေသတွင်းနိုင်ငံတွေရဲ့ ဖိတ်ကြားချက်အရ တရားဝင်ခရီးစဉ်အဖြစ် တစ်နိုင်ငံပြီး တစ်နိုင်ငံ လှည့်လည်သွားလာနေပါတယ်။ အိန္ဒိယကနေ အစပြုပြီး တရုတ်၊ ရုရှား၊ ဘယ်လာရုစ်နဲ့ အာဆီယံအဖွဲ့ဝင် လာအို၊ ထိုင်း၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယား စတဲ့ နိုင်ငံတွေကို သွားရောက်ခွင့်…

စစ်အစိုးရ အုပ်ချုပ်နေတဲ့ မွန်ပြည်နယ်မှာ လုံခြုံမှုကင်းမဲ့လာ

မော်လမြိုင် ၊ စက်တင်ဘာ ၁၃ စစ်တပ် အသွင်ပြောင်း အစိုးရ အုပ်ချုပ်နေရတဲ့ မွန်ပြည်နယ်မှာ လုံခြုံမှု ပိုမိုကင်းမဲ့လာပြီး စိုးရိမ်ခြောက်ခြားစိတ်နဲ့ နေထိုင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောလာပါတယ်။ စစ်တပ် အာဏာမသိမ်းခင်က အစည်းကာဆုံး ဖြစ်ခဲ့တဲ့ မွန်ပြည်နယ်ဟာ အာဏာသိမ်း ငါးနှစ်ကျော်ကာလအတွင်းမှာတော့ ဒုစရိုက်မှုတွေ၊ လုယက်သတ်ဖြတ်မှုတွေ၊ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကြောင့် လုံခြုံမှု ကင်းမဲ့သွားတဲ့ အခြေအနေကို…

မုဒုံမှာ ညပိုင်းပေါ်တာဆွဲမှု ပိုများလာ

မုဒုံ၊ စက်တင်ဘာ ၁၃ မွန်ပြည်နယ် မုဒုံမြို့ပေါ်မှာ ပြည်သူ့စစ်မှုထမ်း သင်တန်းအတွက် ညပိုင်းပေါ်တာဆွဲမှု ပိုများလာတာကြောင့် လူငယ်တွေ အပြင်မထွက်ရဲတော့တဲ့ အခြေအနေ ဖြစ်လာတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်တပ်၊ ရဲနဲ့ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေဟာ စက်တင်ဘာလဆန်းပိုင်းကစလို့ မုဒုံမြို့ပေါ်နဲ့ကျေးရွာအဆင်းလမ်းတွေမှာ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။ အခုရက်ပိုင်းအတွင်း မုဒုံမြို့မှာ စစ်မှုထမ်း ပေါ်တာဆွဲခံရသူ ၁၀ ဦးထက်မနည်းရှိနေပြီး…