ပတ္တယား၊ သြဂုတ် ၂၆
ထိုင်းနိုင်ငံ ပတ္တယားမှာ ယူအက်စ်အက်စ် အေဗရာဟင်လင်ကွန်း အမေရိကန် သင်္ဘောသားတွေနဲ့ မရိန်းစစ်သားတွေဟာ လာမယ့် သီတင်းပတ် လာရောက်လည်ပတ်မှာ ဖြစ်ကြောင်း အမေရိကန် စစ်တပ်က ကြေညာထားပါတယ်။
သင်္ဘော သုံးစီး ပါဝင်ပြီး စစ်မှုထမ်း ၅၀၀၀ ဝန်းကျင်ပါတဲ့ အမေရိကန် စစ်မှုထမ်းတွေကို အရှေ့အလယ်ပိုင်းဒေသမှာ ချထားပြီးနောက် ထိုင်းနိုင်ငံသို့ အလည်အပတ် ပို့ဆောင်ပေးတာ ဖြစ်ပါတယ်။
အဲဒီ သင်္ဘော ၃ စီးပါဝင်တဲ့ အုပ်စုဟာ စက်တင်ဘာ ၂ ရက်ကနေ ၆ ရက်အတွင်း လာရောက်မှာ ဖြစ်ကြောင်း ထိုင်းအရာရှိတွေက ပြောပါတယ်။
ထိုင်းရေတပ်က အမေရိကန် လေယာဉ်တင် သင်္ဘောတွေ လာရောက်မှုဟာ နှစ်နိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်မှု မဟုတ်ဘဲ အမေရိကန် တပ်ဖွဲ့ဝင်တွေ အနားယူရေးအတွက်သာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။
ထိုင်းနိုင်ငံရဲ့ အရှေ့ဖက် ကမ်းရိုးတန်းကို အရင်က အမေရိကန်စစ် သင်္ဘောတွေ လာရောက် လည်ပတ်ချိန် ပတ္တယားက အမြဲတမ်းကြိုဆိုခဲ့ပါတယ်။
ပတ္တယားမြို့တော် ရဲတပ်ဖွဲ့၊ မြို့တော် စည်ပင် အရာရှိတွေ၊ တခြား ဌာန အရာရှိတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး ပင်လယ်ပြင် မြေပြင် ဘေးကင်းရေး၊ ကမ္ဘာလှည့် ခရီးသည်တွေ ဘေးကင်းရေးနဲ့ ဧည့်အဖြစ် လာရောက်တဲ့ စစ်မှုထမ်းတွေဘေးကင်းရေး ထိုင်းနိုင်ငံ ဒေသဆိုင်ရာ ဌာနတွေက ဆက်သွယ်ဆောင်ရွက်နေကြောင်း ပြည်တွင်း သတင်းဌာနတွေက ဖော်ပြပါတယ်။
Ref:khaosodenglish

