တိုကျို၊ သြဂုတ် ၅
တရုတ်ရဲ့ စစ်ဖက်ဆိုင်ရာ လှုပ်ရှားမှုတွေ ပိုများလာတာက ဂျပန်နိုင်ငံရဲ့ ထိပ်တန်း လုံခြုံရေး စိန်ခေါ်မှု ဖြစ်ပြီး မဟာမိတ်တွေ၊ စိတ်တူကိုယ်တူ ရှိတဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံတော် အတိုင်းအတာနဲ့ အင်အား အကုန်ထုတ် ရင်ဆိုင်ရမှာ ဖြစ်ကြောင်း သြဂုတ် ၄ ရက်က ထုတ်ပြန်တဲ့ ဂျပန် ကာကွယ်ရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
သြဂုတ် ၄ ရက်မှာ ဂျပန် လွှတ်တော်က အတည်ပြုခဲ့တဲ့ အဲဒီ အစီရင်ခံစာမှာ ဒေသဆိုင်ရာ လုံခြုံရေး အခြေအနေ ဆိုးရွားလာမှုနဲ့ ပတ်သက်လို့ စာမျက်နှာ ၅၉၈ မျက်နှာ ပါဝင်ပါတယ်။
အခုနှစ် ကာကွယ်ရေး အဖြူရောင်စာတမ်းကြောင့် ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကို ပြည်သူလူထု ပိုမို နားလည်လာစေဖို့ မိမိတို့ မျှော်လင့်ကြောင်း ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအိဇုမိက သြဂုတ် ၄ ရက်မှာ ပြောပါတယ်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလ လုံခြုံရေးဆိုင်ရာ စာရွက်စာတမ်း သုံးခုကို ပြန်လည် သုံးသပ်ရာမှာ တရားဥပဒေ စိုးမိုးမှု အပေါ် အခြေခံတဲ့ နိုင်ငံတကာ စီစဉ်တကျရှိမှု ၊ လွတ်လပ်ပွင့်လင်းမှုအပေါ် စိန်ခေါ်မှုတွေ ရှိနေကြောင်း ဂျပန် ကာကွယ်ရေးဝန်ကြီးက ပြောဆိုပါတယ်။
ယူကရိန်းကို ရုရှားက တိုက်ခိုက်ရာမှာ မော်စကိုနဲ့ တရုတ်၊ မြောက်ကိုရီးယား စစ်ရေးအရ ဆက်ဆံမှု ပိုများလာနေတဲ့ အခြေအနေကိုလည်း အဲဒီ အစီရင်ခံချက်မှာ ရေးပါတယ်။
အင်ဒိုပစိဖိတ် ဒေသ တစ်ခုလုံး တည်ငြိမ်ရေးအတွက် လိုအပ်နေတဲ့ လုံခြုံရေး အခြေအနေဟာ အလျင်အမြန် တင်းမာမှုတွေ ဖြစ်ပေါ်လာတယ်လို့ ဂျပန် ကာကွယ်ရေးဝန်ကြီး ကိုအိဇုမိက ဆိုပါတယ်။
ဒေသတွင်း မဟာမိတ်တွေအနေနဲ့ အလွှာ အထပ်ထပ် စိတ်တူကိုယ်တူ နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်ဖို့ သူက တိုက်တွန်းထားပါတယ်။
ဂျပန်နိုင်ငံ တောင်ပိုင်း ဒေသတွေနဲ့ အနောက်ပစိဖိတ်ရှိ အီဇူနဲ့ အိုဂါဆာဝါကျွန်းတွေတဝှမ်းမှာ ဘေဂျင်းရဲ့ စစ်ရေး ခြိမ်းခြောက်မှုများ ရှိနေကြောင်း ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လေ့လာချက်မှာ ဖော်ပြပါတယ်။
ပစိဖိတ် အနောက်ပိုင်းမှာ တရုတ် စစ်ဖက်ဆိုင်ရာ လှုပ်ရှုားမှုတွေကြောင့် ဂျပန် အနေနဲ့ စိုးရိမ်နေပြီး ပိုမိုကျယ်ပြန့်တဲ့ ပဋိပက္ခ ဖြစ်လာမှာကို စိုးရိမ်မှု ပိုများလာနေပါတယ်။
ဒီဇင်ဘာလအတွင်း တရုတ်ရဲ့လျာအိုနင်း လေယာဉ်တင် အုပ်စုရဲ့ တိုက်လေယာဉ်တွေက အိုကီနာဝါဒေသ အရှေ့တောင်ဖက် နိုင်ငံတကာရေပြင်မှာ ဂျပန် လေတပ် လေယာဉ် တစ်စီးကို ရေဒါနဲ့ ချိန်ရွယ်မှု ဖြစ်ပွားခဲ့ကြောင်းလည်း အဲဒီ လေ့လာချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ် နွေရာသီက တရုတ်ရဲ့ ရေတပ် ရေယာဉ်တွေကို ပစိဖိတ် အနောက်ပိုင်း အထိ စေလွှတ်ခဲ့ပြီး စစ်လေယာဉ်တွေနဲ့ ဂျပန် လေယာဉ်တွေအနီး အကြိမ်ပေါင်းများစွာ ပျံသန်းခဲ့မှုရှိကြောင်းလည်း ဖော်ပြပါတယ်။
တရုတ် လေယာဉ်တွေရဲ့ အနီးကပ် ပျံသန်းမှုကြောင့် လေယာဉ် အချင်းချင်း တိုက်မိနိုင်တဲ့ အန္တရာယ်ရှိကြောင်းလည်း အဲဒီ လေ့လာချက်မှာ ဖော်ပြထားပါတယ်။
ဂျပန် ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်မှုနဲ့ ပတ်သက်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက ထောက်ခံ ပြောဆိုထားပြီး အသားတင် ထုတ်ကုန် တန်ဖိုးရဲ့ ၃ ဒသမ ၅ ရာခိုင်နှုန်း သုံးစွဲရေး တိုက်တွန်းထားပါတယ်။
ထိုင်ဝမ်ကို တရုတ်က ရေတပ်ဆိုင်ရာ ပိတ်ဆို့မှု ပြုလုပ်လာမယ့် အနေအထားမှာ ဂျပန်အနေနဲ့ စုပေါင်း ကာကွယ်ရေး ဆောင်ရွက်ရမှာ ဖြစ်ကြောင်း လည်း လေ့လာချက်မှာ ဖော်ပြပါတယ်။
အဲဒီ လုပ်ရပ်တွေဟာ ဂျပန်နိုင်ငံ ရှင်သန် ရပ်တည်ရေး အန္တရာယ်နဲ့ သက်ဆိုင်နေတယ်လို့ ဂျပန် ဝန်ကြီးချုပ် တာကာအိချီက ပြောပါတယ်။
ဒီမိုကရေစီနည်းနဲ့ ကိုယ်တိုင် အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ဟာ မိမိတို့ အပိုင် ဖြစ်ကြောင်း ဘေဂျင်း အစိုးရကပြောဆိုထားပြီး သူတို့ ထိန်းချုပ်မှုအောက် ပြန်လည် ထားရှိရေး လိုအပ်ရင် စစ်အင်အား သုံးမယ်လို့ ပြောထားပါတယ်။
ထိုင်ဝမ်ကို တရုတ်က တိုက်ခိုက်ရင် မိမိတို့အနေနဲ့ စစ်ရေးအရ ပါဝင်ရနိုင်တယ်လို့ ဝန်ကြီးချုပ် တာကာအိချီက ပြောကြားခဲ့ပြီးနောက် တရုတ်နဲ့ ဂျပန်ကြား ဆက်ဆံရေး အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိခဲ့ပါတယ်။
Ref:Japantimes

