ဒူဘိုင်း၊ဝါရှင်တန်၊ ဧပြီ ၂၈
အချိန် ၂ လကြာနေပြီ ဖြစ်တဲ့ စစ်ပွဲ အဆုံးသတ်ရေး အီရန်ရဲ့ နောက်ဆုံး အဆိုပြုချက်နဲ့ ပတ်သက်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့် မကျေနပ် ဖြစ်နေတယ်လို့ အမေရိကန် အရာရှိ တစ်ဦးက ပြောဆိုလိုက်ပါတယ်။
အဲဒီလို ပြောဆိုမှုကြောင့် စွမ်းအင်ထောက်ပံ့မှုတွေ ကမောက်ကမ ဖြစ်နေပြီး ငွေဖောင်းပွမှု မြင့်မားစေတဲ့ လူထောင်ပေါင်းများစွာ သေဆုံးနေရတဲ့ စစ်ပွဲ အဆုံးသတ်ရေး မျှော်လင့်ချက်တွေ အားနည်းလာစေပါတယ်။
အီရန်ရဲ့ နောက်ဆုံး အဆိုပြုချက်အရ စစ်ပွဲ အဆုံးသတ်ချိန်အထိ ပင်လယ်ကွေ့ရှိ သင်္ဘောတွေနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းပြီးချိန်အထိ အီရန်ရဲ့ နျူကလီးယား စီမံကိန်းကိစ္စကို ဆွေးနွေးမှုတွေကနေ ဘေးဖယ်ထားမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ဒီအဆိုပြုချက်က နျူကလီးယား ပြဿနာကိုပါ သဘောတူညီချက်မှာ ထည့်သွင်းရမယ်လို့ ပြောထားတဲ့ အမေရိကန်ကို ကျေနပ်စေမှာ မဟုတ်ဘဲ ထရန့်ကလည်း အီရန်ရဲ့ အဆိုပြုချက်ကို မကျေနပ် ဖြစ်နေတယ်လို့ ဧပြီ ၂၇ ရက်က သမ္မတနဲ့ သူ့ရဲ့ အကြံပေးအရာရှိတွေ တွေ့ဆုံခဲ့မှုနဲ့ ပတ်သက်လို့ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိက ပြောပါတယ်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိအမျိုးသမီး အိုလီဗာ ဝေးလ်စ်က အမေရိကန်အနေနဲ့ မီဒီယာကနေတဆင့် ညှိနှိုင်းမှာ မဟုတ်ဘဲ မိမိတို့ရဲ့ အနီရောင်စည်းတွေကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီ ဖြစ်တယ်လို့ ပြောပါတယ်။
ဖေဖော်ဝါရီလကုန်ပိုင်းက အစ္စရေးနဲ့ အတူစတင်ခဲ့တဲ့ အီရန် စစ်ပွဲကို အမေရိကန် အစိုးရက အဆုံးသတ်ဖို့ ကြိုးပမ်းနေချိန်မှာ အီရန်ရဲ့ နောက်ဆုံး အဆိုပြုချက်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အီရန်နဲ့အမေရိကန် အပါအဝင် ၂၀၁၅ ခုနှစ်က ရရှိခဲ့တဲ့ အရင်က သဘောတူညီမှုက အီရန်ရဲ့နျူကလီးယား စီမံကိန်းကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားခဲ့ပါတယ်။
အီရန်က သူတို့ရဲ့ နျူကလီးယား စီမံကိန်းဟာ ငြိမ်းချမ်းရေးအတွက်နဲ့ အရပ်ဖက် ရည်ရွယ်ချက်တွေအတွက် ဖြစ်တယ်လို့ တတွင်တွင် ပြောဆိုနေပေမယ့် နျူကလီးယား လက်နက်ထုတ်လုပ်ဖို့ ကြိုးပမ်းနေတယ်လို့ အနောက်တိုင်းက သံသယရှိနေပါတယ်။
အရင်က သဘောတူညီမှုကနေ အမေရိကန်ကို ထရန့်က သူ့ရဲ့ ပထမ သမ္မတ သက်တမ်း အတွင်း ထုတ်ပယ်ခဲ့ပြီးနောက် သဘောတူညီမှု ပျက်ပြယ်ခဲ့ရပါတယ်။
အီရန် နိုင်ငံခြားရေးဝန်ကြီးရဲ့ အစ္စလာမာဘက် ခရီးစဉ်အတွင်း အမေရိကန် အထူးကိုယ်စားလှယ်တွေ လာရောက်မယ့် အစီအစဉ်ကို ဖျက်သိမ်းခဲ့တာကြောင့် ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေ ပြန်အသက်ဝင်လာမယ်ဆိုတဲ့ မျှော်လင့်ချက်တွေ လျော့နည်းသွားခဲ့ပါတယ်။
Ref:Reuters

