ဆိုးလ်၊ ဧပြီ ၂၈

Covid-19 ကမ္ဘာ့ကပ်ရောဂါ ကာလအတွင်း မြောက်ကိုရီးယားမှာ ကွက်မျက် သတ်ဖြတ်မှုတွေ သိသိသာသာ မြင့်တက်ခဲ့ကြောင်း ဆိုးလ်မြို့ အခြေစိုက် အစိုးရမဟုတ်တဲ့ အဖွဲ့တစ်ဖွဲ့က ပြောလိုက်ပါတယ်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီကနေ ၂၀၂၄ နှစ်ကုန်အထိ လူပေါင်း ၁၅၃ ဦး ကွပ်မျက်ခံရတာ ဒါမှမဟုတ် သေဒဏ်ချမှတ်ခံခဲ့ရတယ်လို့ (TJWG) ခေါ် တရားရေးဆိုင်ရာ NGO အဖွဲ့က ပြောပါတယ်။

ကမ္ဘာ့ကပ်ရောဂါ မတိုင်ခင် ၅ နှစ်အတွင်း ကွပ်မျက်ခံရသူ ၄၄ ယောက်ပဲ ရှိခဲ့တာကြောင့် ကပ်ရောဂါ ကာလအတွင်းမှာ ကွပ်မျက်ခံသူ အရေအတွက် သိသိသာသာ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ဥပဒေချိုးဖောက်မှု အများဆုံးတွေထဲက တချို့ကတော့ ဘာသာရေး၊ သဘာဝလွန် အတွေးအခေါ်၊ နိုင်ငံခြားဖော်ပြမှုတွေနဲ့ ဆက်စပ်နေပါတယ်။

တောင်ကိုရီးယား ဒရာမာ ဇာတ်လမ်းတွေနဲ့ ပေါ့ပ်သီချင်းတွေကို နားထောင်ကြည့်ရှုမှုကြောင့် သေဒဏ်ချမှတ်ခံရသူတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

ကုလသမဂ္ဂက စုံစမ်းစစ်ဆေးမှု တစ်ခု ပြုလုပ်ခဲ့ပြီး နိုင်ငံတကာက ဖိအားပေးနေချိန် ၂၀၁၅ နဲ့ ၂၀၁၉ ခုနှစ်ကြား ကာလအတွင်း မြောက်ကိုရီးယားမှာ ကွပ်မျက်သတ်ဖြတ်မှု သိသိသာသာ လျော့ကျခဲ့တာပါ။

ဒါပေမဲ့ မြောက်ကိုရီးယားအစိုးရက ကမ္ဘာ့ကပ်ရောဂါကြောင့် နယ်စပ်တွေကို ပိတ်ထားလိုက်ပြီးနောက် ၂၀၂၀ ပြည့်နှစ်အတွင်း ကွပ်မျက်သတ်ဖြတ်မှုတွေ မြင့်တက်လာခဲ့တယ်လို့ TJWG အဖွဲ့က ပြောပါတယ်။

ကင်မ်ဂျုံအန် အုပ်ချုပ်တဲ့ စောစောပိုင်း နှစ်တွေအတွင်း မြောက်ကိုရီးယာမှာ ကွပ်မျက် သတ်ဖြတ်မှု မြင့်တက်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ လူ ၈၀ ကျော် ကွပ်မျက် သတ်ဖြတ်ခံခဲ့ရကြောင်း အဲဒီအဖွဲ့က လေ့လာတွေ့ရှိထားပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ လူ ၅၄ ဦး ကွပ်မျက်ခံခဲ့ပြီး နောက်တစ်နှစ်မှာ ၄၅ ဦး ထပ်မံ ကွပ်မျက် သတ်ဖြတ်ခံခဲ့ရပါတယ်။

မြောက်ကိုရီးယားမှာ တောင်ကိုရီးယား ဒရာမာ ဇာတ်ကားတွေနဲ့ ပေါ့ပ်သီချင်းတွေကို တားမြစ်ထားပြီး ကင်မ်ဂျုံအန် အစိုးရက တောင်ကိုရီးယား ပေါ့ပ်ဂီတ လွှမ်းမိုးမှုဟာ အန္တရာယ်ရှိတယ်လို့ သတ်မှတ်ထားပါတယ်။

တောင်ကိုရီးယား ဒရာမာ ဇာတ်လမ်းတွေ ကြည့်ရှုပြီး ဖြန့်ဝေမှုကြောင့် ဆယ်ကျော်သက် နှစ်ဦးကို မြောက်ကိုရီးယားက ၂၀၂၄ ခုနှစ်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခဲ့ ပါတယ်။

ခေါင်းဆောင် ကင်မ် သို့မဟုတ် အာဏာရ အလုပ်သမား ပါတီကို ဝေဖန်သူတွေလည်း သေဒဏ် အပါအဝင် ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်ခံကြရပါတယ်။

မြောက်ကိုရီးယားမှာ ရည်ရွယ်ချက်ရှိရှိ လူသတ်တာ၊ မူးယစ်ဆေး မှောင်ခိုကူးတာနဲ့ နိုင်ငံတွင်းက ထွက်ပြေးဖို့ တခြားလူကို ကူညီပေးတာတွေ အတွက်လည်း သေဒဏ် ချမှတ်ခံရလေ့ရှိပါတယ်။

မြောက်ကိုရီးယားမှာ ကွပ်မျက်မှု အများစုကို အများပြည်သူရှေ့မှာ ပြုလုပ်လေ့ရှိပြီး ကွပ်မျက် သတ်ဖြတ်မှု အများဆုံးပုံစံကတော့ သေနတ် တပ်ဖွဲ့နဲ့ ပစ်သတ်တာပဲ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.