ကွာလာလမ်ပူ၊ ဧပြီ ၂၅

ကွာလာလမ်ပူမြို့ရှိ ကွန်ဒိုတစ်ခု အပြင်ဖက်မှာ အမျိုးသမီး တစ်ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ မလေးရှားရဲတပ်ဖွဲ့က မြန်မာနိုင်ငံသား တစ်ဦးကို ရမန်နဲ့ ၇ ရက် ဖမ်းဆီးထားလိုက်ပါတယ်။

ဧပြီ ၂၃ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၂၀ လောက်က Genting Court ကွန်ဒိုမှာ သွေးအလိမ်းလိမ်း ပေကျန်နေပြီး သတိလစ်နေတဲ့ မြန်မာ အမျိုးသမီး တစ်ဦးကို တွေ့ရှိခဲ့ပါတယ်။

သွေးအိုင်ထဲမှာ အဲဒီ အမျိုးသမီး မလှုပ်မလျက် လဲနေပုံနဲ့သူ့ရဲ့ဘေးနားမှာ နောက်အမျိုးသမီး တစ်ယောက် ငိုနေတာကို လူမှုမီဒီယာပေါ်က ဗီဒီယိုဖိုင်တွေမှာ မြင်တွေ့ရပါတယ်။

သူတို့ရဲ့ နောက်မှာတော့ အမျိုးသား တစ်စုက ခုံတန်း တစ်ခုပေါ်မှာ ထိုင်နေတဲ့ အမျိုးသား တစ်ဦးကို အင်အားသုံး စစ်ဆေးမေးမြန်းနေကြတာကို တွေ့ရပါတယ်။

အစိမ်းရောင် ရှပ်အင်္ကျီ ဝတ်ဆင်ထားသူတစ်ယောက်က စစ်ဆေးမေးမြန်းချိန်မှာ အဲဒီအမျိုးသားကို ပါးရိုက်နေတာကိုလည်း မြင်တွေ့ရပါတယ်။

သံသယရှိသူဟာ သေဆုံးသူရဲ့ ခင်ပွန်းဟောင်း ဖြစ်ပြီး လူသတ်မှုအတွင်း အသုံးပြုခဲ့တဲ့ လက်နက်ကို သိမ်းဆည်းရမိထားတယ်လို့ ကွာလာလမ်ပူမြို့ ရဲမှူးကြီး ဖဒီးလ် မာရု့ဇ်က ဧပြီ ၂၄ ရက်မှာ ပြောပါတယ်။

ကနဦး စုံစမ်း စစ်ဆေးမှုအရ မနာလိုစိတ်ကြောင့် အခုလို ဇနီးဟောင်းကို သတ်ဖြတ်ရတာလို့ စစ်ဆေးတွေရှိထားကြောင်း ဖဒီးလ် မာရု့ဇ်က ဆိုပါတယ်။

အဲဒီ လူသတ်မှုကို ရဲတပ်ဖွဲ့က စုံစမ်းနေချိန်အတွင်း ကွာလာလမ်ပူမြို့ မူခင်းဆေးပညာဌာနက အသတ်ခံရတဲ့ အမျိုးသမီး သေဆုံးရမှုဟာ ရင်ဘတ်ကို ဓားနဲ့ထိုးသွင်းခံရတာကြောင့် ဖြစ်ကြောင်း အတည်ပြုထားပါတယ်။

Ref:ASIAONE

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.