March 27, 2026

ချောက်မြို့နယ်မှာ စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရ၊ အရာရှိ ၄ ဦးအပါအဝင် ၁၀ ဦး သေဆုံး

မကွေး မတ် ၂၇ မကွေးတိုင်း ချောက်မြို့နယ်မှာ စစ်ကော်မရှင် တပ်သားတွေ တိုက်ခိုက်ခံရပြီး အရာရှိ ၄ ဦးအပါအဝင် ၁၀ ဦးသေဆုံးတယ်လို့ Yenanthar Column တာဝန်ရှိသူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မတ် ၁၆ ရက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက အများပြည်သူပိုင် ကားနဲ့လိုက်ပါလာတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ ဂွေးချိုတိုက်နယ် ရဲစခန်းကို တိုက်ခိုက်ခဲ့တာပါ။…

သြစတြေးလျမှာ လောင်စာဆီ ထောက်ပံ့မှု လုံလောက်ကြောင်း ဝန်ကြီးချုပ် အသိပေး

ဆစ္စဒနီ၊ မတ် ၂၇ သြစတြေးလျမှာ လောင်စာဆီဈေး မြင့်တက်နေချိန် အလုအယက် ဝယ်ယူမှုများ ရှိနေပြီး ဆီဆိုင်တွေမှာ ဆီပြတ်လပ်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် ဝန်ကြီးချုပ် အန်ထိုနီ အယ်လ်ဘာနိစ်က ထောက်ပံ့မှု လုံလောက်နေဆဲ ဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။ ဒီစစ်ပွဲ ရှည်ကြာနေသမျှ သက်ရောက်မှုတွေက ကြီးမားနေဦးမှာပါပဲ။ ဒါပေမဲ့ သြစတြေးလျနိုင်ငံသားတွေ အဆိုးဆုံး ဒဏ်မခံရအောင် ကြိုတင်ပြင်ဆင်မှုတွေ ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်လို့…

စစ်တပ်ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်မယ်လို့ ဒုတပ်ချုပ် အတည်ပြု

နေပြည်တော်၊ မတ် ၂၇ ၈၁ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားပြီးဆုံးတဲ့ နောက်ပိုင်းမှာ စစ်တပ်ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်ပေါ်လာမယ်လို့ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အတည်ပြုပါတယ်။ မနေ့ မတ် ၂၆ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်မယ့် တပ်မတော် အခမ်းအနား တက်ရောက်လာတဲ့ အငြိမ်းစား အရာရှိကြီးတွေကို သွားရောက်ဂါရဝပြုစဉ် ဒုစစ်ခေါင်းဆောင် အသိပေးပြောဆိုခဲ့တာပါ။ ဒုစစ်ခေါင်းဆောင်က…

မွန်မှာ စက်သုံးဆီဈေး ဆက်တိုက်အတက်ကြမ်းနေ

မော်လမြိုင် ၊ မတ် ၂၇ မွန်ပြည်နယ်မှာ စက်သုံးဆီ ပြတ်လပ်လာမှုနဲ့အတူ စက်သုံးဆီဈေးနှုန်းဟာ တစ်ရက်တည်း တစ်လီတာကို ကျပ် ၁၀၀၀ ကျော်အထိ ဈေးနှုန်းခုန်တက်လာခဲ့ပါတယ်။ မနေ့ မတ်လ ၂၆ ရက်နေ့က တစ်လီတာကို ၃၉၅၅ ကျပ်သာ ရှိခဲ့တဲ့ 95 ဓာတ်ဆီဈေးဟာ ဒီကနေ့ မတ်လ ၂၇ ရက်နေ့မှာတော့ တစ်လီတာကို ၅၁၉၅…

လောင်စာ ဂယက် ရိုက်ခတ်မှု သက်သာစေမယ့် အစီအစဉ် ထိုင်းအစိုးရ ခွင့်ပြု

ဘန်ကောက်၊ မတ် ၂၇ လောင်စာဈေးနှုန်း မြင့်တက်မှုကြောင့် အိမ်ထောင်စုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ရိုက်ခတ်မှု ပြေလျော့စေရေး ရည်ရွယ်တဲ့ အစီအစဉ်တွေ တော်တော်များများကို ထိုင်းယာယီ အစိုးရအဖွဲ့က မတ် ၂၆ ရက်မှာ ခွင့်ပြုလိုက်ပါတယ်။ အစိုးရ ခွင့်ပြုလိုက်တဲ့ အစီအစဉ်တွေထဲမှာ လူမှုဖူလုံရေးကတ်တွေကို ငွေဖြည့်ပေးတာကနေ အသေးစားလုပ်ငန်းတွေအတွက် အတိုးနှုန်း သက်သက်သာသာနဲ့ ချေးငွေထုတ်ပေးတဲ့ အစီအစဉ်တွေအထိ သက်သာချောင်ချိရေး အစီအစဉ်တွေ…

အီရန် စွမ်းအင် စက်ရုံတွေကို တိုက်ခိုက်မယ့် အစီအစဉ် ထရန့်က နောက်ထပ် ၁၀ ရက် ရပ်ဆိုင်း

ဝါရှင်တန်၊ မတ် ၂၇ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က အီရန် စွမ်းအင်စက်ရုံတွေကို တိုက်ခိုက်ဖို့ သတ်မှတ်ထားတဲ့ နောက်ဆုံးရက်ကို ဧပြီ ၆ ရက်အထိ နောက်ဆုတ်လိုက်တယ်လို့ မတ် ၂၆ ရက်မှာပြောလိုက်ပါတယ်။ ဒါက အီရန်ရဲ့ တောင်းဆိုမှုကြောင့် ဖြစ်ပြီး ဆွေးနွေးညှိနှိုင်းမှုတွေ အရမ်း အခြေအနေကောင်းတယ်လို့ ထရန့်က ဆိုပါတယ်။ အမေရိကန် ငြိမ်းချမ်းရေး…