March 26, 2026

မကွေး စစ်ကော်မရှင် လေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ

မကွေး မတ် ၂၆ မကွေးတိုင်း မကွေးမြို့ရှိ စစ်ကော်မရှင် လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့တိုက်ခိုက်လို့ ထိခိုက်မှုတွေရှိတယ်လို့ Brave Warriors For Myanmar အဖွဲ့ကထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက် ည ၁၁ နာရီကျော်မှာ မကွေးလေတပ်စခန်းထဲကို ရှော့တိုက်ဒုံး ၁၁ လုံးနဲ့ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၁ လုံးလုံး…

လောင်စာဈေးနှုန်း မြင့်တက်မှုကြောင့် ထိုင်း ငါးဖမ်းလုပ်ငန်း ရပ်တန့်လုနီးပါးဖြစ်

ဆာမွတ်ဆာခွန် ၊ မတ် ၂၆ အီရန် စစ်ပွဲကြောင့် ဒီဇယ်ဈေးမြင့်တက်လာတဲ့အတွက် ထိုင်းနိုင်ငံရဲ့ ဒေါ်လာဘီလီယံပေါင်းများစွာ တန်ဖိုးရှိတဲ့ ငါးဖမ်းလုပ်ငန်းနယ်ပယ်ဟာ အစိုးရ ကြားဝင် မဖြေရှင်းပေးရင် ရပ်တန့်သွားတော့မှာ ဖြစ်ပါတယ်။ လောင်စာဈေးနှုန်း မြင့်တက်လာမှုကြောင့် ငါးဖမ်းလှေတွေအနေနဲ့ ရက်ပိုင်းအတွင်း မောင်းနှင်နိုင်တော့မှာ မဟုတ်ဘူးလို့ ငါးဖမ်းသမားတွေက သတိပေးထားပါတယ်။ ထိုင်းပယ်လယ်ကွေ့ ကမ်းရိုးတန်းတလျှောက် အလယ်ပိုင်းပြည်နယ်ရှိ ထိုင်းရဲ့ အကြီးမားဆုံး ငါးဖမ်းဆိပ်ကမ်းမှာ…

နိုင်ငံတော် အရန်ရေနံတွေ စတင် ထုတ်ဝေပြီလို့ ဂျပန် ပြော

တိုကျို၊ မတ် ၂၆ မိမိတို့ရဲ့ ဗျူဟာမြောက် သိမ်းဆည်းထားတဲ့ နိုင်ငံတော် အရန် ရေနံရဲ့ နောက်ထပ် တစ်စိတ်တစ်ပိုင်းကို မတ် ၂၆ ရက်မှာ စတင် ထုတ်ဝေပြီ ဖြစ်ကြောင်း ဂျပန်အစိုးရက ပြောပါတယ်။ အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ဈေးနှုန်းမြင့်တက်လာတဲ့အတွက် စွမ်းအင် နည်းပါတဲ့ ဂျပန် အပေါ် ရိုက်ခတ်မှုတွေ လျော့နည်းစေဖို့ အစိုးရက စီစဉ်ဆောင်ရွက်နေပါတယ်။ ကမ္ဘာ့ရေနံနဲ့…

သင်္ကြန်မှာ ရေပက်ခံကားတွေနဲ့ ရေမကစားဖို့ စစ်ကော်မရှင် ပြော

နေပြည်တော်၊ ၂၆ လာမယ့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်မှာ အလှပြယာဉ်၊ ရေပက်ခံကားတွေနဲ့ ရေပက်ကစားတာ မပြုလုပ်ကြဖို့ စီမံထားတယ်လို့ စစ်ကော်မရှင်က မတ်လ ၂၆ ရက်နေ့ ရက်စွဲနဲ့ အသိပေးထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်ကတော့ ဒီနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်မှာ လမ်းလျှောက်သင်္ကြန်ပွဲတော်တွေကို ဦးစားပေးဆောင်ရွက်သွားမှာဖြစ်တာကြောင့် ရေပက်ခံကားတွေနဲ့ ရေမကစားဖို့ အသိပေးလာတာပါ။ ဒီအစီအစဉ်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့က နေပြည်တော် ပြုလုပ်တဲ့…

ရေးမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ် စစ်ကြောင်းပြန်ဆုတ်

ရေး၊ မတ် ၂၆ မွန်ပြည်နယ် ရေးမြို့နယ် မြောက်ပိုင်းဒေသထဲကို နယ်မြေရှင်းလင်းခေါင်းစဉ်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းပြန်ဆုတ်သွားပြီလို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့ကစလို့ ရေးမြို့နယ် မြောက်ပိုင်းဒေသဖြစ်တဲ့ အောင်သာယာကျေးရွာနဲ့ လိမ္မော်ခြံကျေးရွာတို့ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာပါ။ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးမှုကြောင့် အဲဒီကျေးရွာတွေမှာ မတ်လ ၁၉ ရက်နေ့ကနေ…

အီရန်ကနေ လာရောက်တဲ့ ခရီးသွားတွေကို သြစတြေးလျ တားမြစ်

ဆစ္စဒနီ၊ မတ် ၂၆ အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် အီရန်က လာရောက်တဲ့ ခရီးသွားဧည့်သည်တွေဟာ သူတို့ရဲ့ ကာလတို ဗီဇာ သက်တမ်းကုန်သွားပြီးနောက်ပိုင်း မိခင်နိုင်ငံပြန်သွားဖို့ ငြင်းဆိုနိုင်တဲ့ အန္တရာယ် မြင့်မားနေတဲ့အတွက် အီရန် ခရီးသွားတွေကို ပြည်ဝင်ခွင့်တားမြစ်လိုက်ကြောင်း သြစတြေးလျက မတ် ၂၆ ရက်မှာ ကြေညာပါတယ်။ လာမယ့် ခြောက်လတာအတွက် အီရန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ပြီး သြစတြေးလျမှာ…

ရုရှားရဲ့ ရေနံ တင်ပို့နိုင်စွမ်း ၄၀ ရာခိုင်နှုန်းထက်မနည်း ရပ်တန့်

မော်စကို၊ မတ် ၂၆ ယူကရိန်းက ဒရုန်းနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ရုရှားရဲ့ ရေနံတင်ပို့နိုင်တဲ့ စွမ်းပကား ၄၀ ရာခိုင်နှုန်းထက်မနည်း ရပ်တန့်သွားပြီ ဖြစ်ကြောင်း ဈေးကွက် အချက်အလက်တွေကို အခြေခံထားတဲ့ ရိုက်တာ သတင်းဌာနရဲ့ လေ့လာတွက်ချက်မှုမှာ တွေ့ရပါတယ်။ အဓိက ရေနံ ပိုက်လိုင်း တစ်ခုကို ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီး ရေနံတင် သင်္ဘောတွေကို…