December 4, 2025

စစ်အာဏာသိမ်း (၁၇၆၈)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၅၁၇) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ၅ AAPP ရဲ့ ဒီဇင်ဘာ၄ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၆၈) ရက်အတွင်း ပြည်သူ (၇၅၁၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၀၇၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၄၀၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

စစ်ကော်မရှင်ရဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံနေ

မော်လမြိုင် ၊ ဒီဇင်ဘာ ၅ တော်လှန်ရေးအင်အားစုတွေက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်နက်ကိုင်လမ်းစဉ်နဲ့ တိုက်ပွဲဝင်နေတာကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရည်မှန်းချက်တူကြရင် ပြည်ထောင်စုအကျိုးကို ရှေးရှုဖို့ ပြောလာပါတယ်။ ဒီဇင်ဘာ ၃ ရက်နေ့က မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၆၇ သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားမှာ စစ်ခေါင်းဆောင်က တက်ရောက်မိန့်ခွန်းပြောကြားချိန်မှာ ထည့်သွင်းပြောဆိုခဲ့တာပါ။ လက်နက်ကိုင်လမ်းစဉ်နဲ့ ဖြေရှင်းတဲ့…

ထားဝယ်မှာ မဲစာရင်းလာမကြည့်ရင် အရေးယူခံရမယ်လို့ ခြိမ်းခြောက်ခံရ

ထားဝယ်၊ ဒီဇင်ဘာ ၅ တနင်္သာရီတိုင်း ထားဝယ်မြို့ပေါ်ရပ်ကွက်တွေမှာ စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးတွေက ပြည်သူတွေ မဲစာရင်းလာမကြည့်ရင် အရေးယူခံမယ်ဆိုပြီး ခြိမ်းခြောက်နေတယ်လို့ မြို့ခံတွေက သံလွငတိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်ကော်မရှင်ဟာ လာမယ့် ရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲစာရင်းကို နိုဝင်ဘာ ၂၁ ရက်နေ့ကနေ ဒီဇင်ဘာ ၄ ရက်နေ့အထိ ၁၄ ရက်အကြာ ကြေညာထားပေမယ့် လာရောက်ကြည့်ရှုသူ…

ဘီးလင်းမှာ တစ်ပတ်အတွင်း တံတားနှစ်စင်း မိုင်းခွဲခံရ

ဘီးလင်း၊ ဒီဇင်ဘာ ၅ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဘီးလင်း-နတ်ကြီးလမ်းပိုင်းမှာ တစ်ပတ်အတွင်း တံတား နှစ်စင်း မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့ မနက်ပိုင်းက ပျဉ်သာကျေးရွာအနီး ဘီးလင်း-နတ်ကြီးလမ်းပိုင်း မိုင်တိုင် ၁၇ အနီးက ပေ ၁၂၀ ရှည် တံတားတစ်စင်း မိုင်းခွဲခံခဲ့ရတာပါ။ ဒါ့အပြင် နိုဝင်ဘာ…

မြန်မာနိုင်ငံမှာ သတင်းယူနေတဲ့ အမေရိကန်သတင်းထောက် မြေမြှုပ်မိုင်းကြောင့် ပြင်းထန် ဒဏ်ရာရ

မော်လမြိုင် ဒီဇင်ဘာ ၄ အမေရိကန် အလွတ်တန်းသတင်းထောက် ကောလင်းမေဖီးဆိုသူဟာ မြန်မာနိုင်ငံက ပဋိပက္ခတွေအကြောင်း သတင်းယူနေချိန် မြေမြှုပ်မိုင်း နင်းမိရာကနေ ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ အိန္ဒိယက လာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံအနောက်ပိုင်း ချင်းပြည်နယ် တီးတိန်မြို့နယ်မှာရှိတဲ့ ကနေဒီတောင်အနီး PDF-Zoland စစ်ကြောင်းနဲ့အတု လိုက်ပါစဉ်မှာ သတင်းထောက် မေဖီးလ်ဟာ မြေမြှုပ်မိုင်းကို မတော်တဆ နင်းမိခဲ့တယ်လို့ ဆိုပါတယ်။ မြေမြှုပ်မိုင်း…

ထိုင်းလေဆိပ်တွေမှာ နိုင်ငံတကာ လေကြောင်းခရီးစဉ်တွေအတွက် အခွန် ၅၃ ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံမယ်

ဘန်ကောက်၊ ဒီဇင်ဘာ ၄ နိုင်ငံတကာလေကြောင်း ခရီးစဉ်တွေနဲ့ ပြည်ပသို့ ထွက်ခွာမယ့် ခရီးသည်တွေအတွက် လေဆိပ်အခွန်လို့ အများအားဖြင့် သိထားကြတဲ့ ခရီးသည် ဝန်ဆောင်မှု အဖိုးအခကို ၅၃ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံရေး ထိုင်းလေကြောင်း ပျံသန်းရေးဆိုင်ရာဘုတ်အဖွဲ့က သဘောတူခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ နိုင်ငံတကာ လေကြောင်း ခရီးစဉ်တွေအတွက် ဝန်ဆောင်မှု အဖိုးအခကို ဘတ် ၇၃၀ ကနေ ဘတ်…

မြန်မာ့တော်လှန်ရေးကို ဂရီတာ သွန်ဘာ့ဂ် ထောက်ခံ

စတော့ဟုမ်း၊ ဒီဇင်ဘာ ၄ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ဒီဇင်ဘာ ၂ ရက်က ကျင်းပခဲ့တဲ့ Right Livelihood ဆုပေးပွဲ အခမ်းအနားမှာ သတင်းဖွင့်ချရေးအဖွဲ့ Justice for Myanmar အတွက် ဆွီဒင်တက်ကြွလှုပ်ရှားသူ၊ ၂၀၁၉ Right Livelihood ဆုရင် ဂရီတာ သွန်ဘာ့ဂ်က ဆုလက်ခံ မိန့်ခွန်း တစ်ရပ် ပြောကြားခဲ့ပါတယ်။ စစ်တပ်ရဲ့…

အင်ဒိုနီးရှားနိုင်ငံက ဆွေးနွေးပွဲ စစ်အုပ်စုနဲ့ တွေ့ဆုံခဲ့ခြင်း မရှိဘူးလို့ NUCC အသိပေး

မော်လမြိုင် ၊ ဒီဇင်ဘာ ၄ အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ စစ်အုပ်စုကိုယ်စားလှယ်တွေနဲ့ ဘယ်နေရာ ဘယ်အခြေအနေမှ တွေ့ဆုံခဲ့ခြင်း မရှိခဲ့ဘူးလို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က အသိပေးထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ နှောင်းပိုင်းမှာ မြန်မာ စစ်တပ်က ကိုယ်စားလှယ်တွေနဲ့ တော်လှန်ရေးအင်အားစုက ကိုယ်စားလှယ်တွေ အင်ဒိုနီးရှားနိုင်ငံမှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုပြီး လူမှုကွန် ရက်ပေါ် သတင်းတွေ…

ရေးမှာ စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရွာခံ သုံးဦး ထိမှန်ဒဏ်ရာရ

ရေး၊ ဒီဇင်ဘာ ၄ မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာကျေးရွာမှာ စစ်ကော်မရှင်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့ မနက် ၁၁ နာရီအချိန်လောက်မှာ ကျောင်းရွာအပြင်ဘက်မှာရှိတဲ့ စစ်ကော်မရှင်ရဲ့ အမှတ်(၅၉၁) ခြေမြန်တပ်ရင်းက လက်နက်ကြီး ပစ်ခတ်ရာကနေ ကျောင်းရွာကျေးရွာအတွင်း…

တရုတ်နိုင်ငံသားအများစု ကျားဖြန့်လုပ်ငန်းက ထွက်ခွာဖို့ ငြင်းဆန်နေတယ်လို့ KNU ပြော

မြဝတီ၊ ဒီဇင်ဘာ ၄ ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံဒေသရှိ တရုတ်နိုင်ငံသားအများစု ကျားဖြန့်လုပ်ငန်းက ထွက်ခွာဖို့ ငြင်းဆန်မှုတွေ ရှိနေတယ်လို့ အဲဒီဒေသကို ပူပူနွေးနွေး သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကရင်အမျိုးသားအစည်းအရုံးက KNU က အသိပေး ထုတ်ပြန်ပါတယ်။ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ရဲ့ ထိန်းချုပ်မှုအောက်မှာ လည်ပတ်နေတဲ့ မင်းလက်ပံ ကျားဖြန့်လုပ်ငန်းတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့မှာ…