ပွင့်ဖြူမှာ ထွေအုပ်စာရေးမ တစ်ဦး ပစ်ခတ်ခံရ
မကွေး ဒီဇင်ဘာ ၃ မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ ထွေအုပ်စာရေးမ တစ်ဦး ပစ်ခတ်ခံရပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ပွင့်ဖြူမြို့နယ် စံပြကျေးရွာမှာနေထိုင်တဲ့ ထွေအုပ်စာရေး ဒေါ်ခင်နီလာ ပစ်ခတ်ခံရတာဖြစ်ပြီး နေရာတင်သေဆုံးသွားတာလို့သိရပါတယ်။ “အချင်းချင်း ဝေစုမတည့်လို့ပစ်ခတ်ခံရတာလို့သိရတယ်။ လာပစ်သွားတာကလည်း အမျိုးသမီးနှစ်ယောက်လို့ သိရတယ်။ စရဖ လို့သူများတွေပြောတဲ့ မောင်နိုင် အိမ်ထဲမှာပစ်သွားတာလို့ သိရတယ်။” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။…
