July 2025

ဆီးရီးယားနဲ့အစ္စရေး အပစ်ရပ်ရေး သဘောတူညီမှု ရပြီလို့ အမေရိကန် ကြေညာ

ဝေါ်လ်ဂါ၊ ဇူလိုင် ၁၉ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပြီး အစ္စရေးက စစ်ရေးအရ ကြီးကြီးမားမား တုံ့ပြန် တိုက်ခိုက်ခဲ့ပြီးနောက် ဆီးရီးယားနိုင်ငံရှိ ဒရူဇီ လူမျိုးတို့ရဲ့ နှလုံးသဲပွတ်နေရာမှာ တိုက်ပွဲအသစ်တွေ ဖြစ်ပွားနေပေမယ့် ဆီးရီးယား အစိုးရနဲ့ အစ္စရေးကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိအောင် ကြားဝင်ညှိနှိုင်းပေးခဲ့တယ်လို့ အမေရိကန်က ဇူလိုင် ၁၉ ရက် မှာ ပြောကြားလိုက်ပါတယ်။ ဒရူဇီနဲ့…

နှစ်ပတ်အတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၅၀ ကျော် သေဆုံး

မတ္တရာ၊ ဇူလိုင် ၁၉ နိုင်ငံတစ်ဝန်းမှာ နှစ်ပတ်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ စုစုပေါင်း ၅၄ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။ ဇူလိုင် ၁ ရက်နေ့ကနေ ဇူလိုင် ၁၇ ရက်နေ့အထိ နှစ်ပတ်ကျော်ကာလအတွင်း နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီလက်ချက်ကြောင့် အမျိုးသမီး ၃၃ ဦးနဲ့ အမျိုးသား…

အာဇာနည်နေ့မှာ ပုလောမြို့နယ် မိမ္မမြို့ရွာကို စစ်တပ်ဗုံးကြဲ

ပုလော၊ ဇူလိုင် ၁၉ ဒီကနေ့မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့မှာ စစ်ကောင်စီက တနင်္သာရီတိုင်း ပုလောမြို့နယ် မိမ္မမြို့ကျေးရွာကို တိုက်ပွဲမရှိဘဲ လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ တိုက်လေယာဉ် တစ်စီးဟာ ဇူလိုင် ၁၉ ရက်နေ့ မနက် ၁၀ နာရီကျော်လောက်မှာ…

အာဇာနည်နေ့အခမ်းအနားကို စစ်ခေါင်းဆောင် ပြန်တက်လာ

ရန်ကုန်၊ ဇူလိုင် ၁၉ အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ပြုလုပ်တဲ့ ၇၈ နှစ်မြောက် အာဇာနည် နေ့ အခမ်းအနားကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပထမဆုံးအကြိမ် ပြန်လည်တက်ရောက်ခဲ့တာပါ။ ဒါပေမယ့် ဒီကနေ့မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ တက်ရောက်ခွင့် မရရှိခဲ့ပါဘူး။…

စစ်အာဏာသိမ်း (၁၆၂၉) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၉၇၄) ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင် ၁၉ AAPP ရဲ့ ဇူလိုင်၁၈ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၆၂၉) ရက်အတွင်း ပြည်သူ (၆၉၇၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၄၀၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၂၂၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ဝန်ထမ်းတွေနဲ့အခြေခံလူတန်းစားတွေ ခံစားနေရတယ်လို့ စစ်ကောင်စီပြော

နေပြည်တော် ၊ ဇူလိုင် ၁၉ အခြေခံစားသောက်ကုန် ဈေးနှုန်း မြင့်တက်မှုကြောင့် ပုံသေဝင်ငွေရရှိတဲ့ လခစား ဝန်ထမ်းတွေနဲ့ အခြေခံလူတန်းစားတွေအပေါ် သက်‌ရောက်မှု ကြီးမားနေတယ်လို့ စစ်ကောင်စီခန့် စီမံကိန်းနဲ့ ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောပါတယ်။ ဇူလိုင် ၁၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေး ကော် မတီ အစည်းအဝေးမှာ…

မွန်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း ကုန်တင်ကားရာနဲ့ချီ ဖမ်းဆီးခံရ

မော်လမြိုင်၊ ဇူလိုင် ၁၉ မွန်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း တရားမဝင်ကုန်ပစ္စည်း သယ်ဆောင်မှု စွပ်စွဲချက်နဲ့ ကုန်တင်ကား ရာနဲ့ချီ ဖမ်းဆီးခံထားရတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ ဇူလိုင် ၁၅ ရက်နေ့ကစပြီး ကရင်ပြည်နယ်ထဲကနေ မွန်ပြည်နယ်အတွင်း ဝင်ရောက်လာတဲ့ ကုန်တင်ကား မှန်သမျှကို မော်လမြိုင်၊ ပေါင်၊ သထုံ၊ ဘီးလင်းနဲ့ ကျိုက်ထိုလမ်းပိုင်းတွေမှာ ပိတ်ဆို့ဖမ်းဆီးခဲ့တာပါ။…

ရေးမြို့နယ်မှာ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

ရေး၊ ဇူလိုင် ၁၉ မွန်ပြည်နယ် ရေးမြို့နယ် လေးအိမ်စုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ထူးဟာ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အသက် ၆၂ နှစ်အရွယ် လေးအိမ်စုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ထူးဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်မှာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတာ ဖြစ်ပါတယ်။…

အခုနှစ်အတွင်း မွန်မှာ လက်နက်ကြီးကြောင့် အရပ်သား ၃၀ ကျော် ထိခိုက်သေဆုံးခဲ့

မော်လမြိုင်၊ ဇူလိုင် ၁၉ မွန်ပြည်နယ်မှာ အခုနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၃၀ ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းရဲ့ အချက်အ လက်တွေအရ သိရပါတယ်။ အခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ ဇူလိုင် ၁၅ ရက်နေ့အထိ မွန်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၅ ဦး သေဆုံးပြီး…

စစ်ကာလ အကြီးမားဆုံး အပြောင်းအလဲအဖြစ် ယူကရိန်း အစိုးရအဖွဲ့သစ် ခန့်အပ်

ကိဗ်၊ ဇူလိုင် ၁၈ ရုရှားနဲ့ ငြိမ်းချမ်းရေးရဖို့ အလားအလာ နည်းပါးလာချိန် စစ်ကာလ စီမံခန့်ခွဲမှုကို ပြန်အသက်သွင်းရေး ရည်ရွယ်တဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ကြီးကြီးမားမား ပြောင်းလဲမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ ယူကရိန်း လွှတ်တော်က ငါးနှစ်အတွင်း ပထမဆုံး ဝန်ကြီးချုပ်အသစ် တစ်ဦးကို ဇူလိုင် ၁၇ ရက်မှာ ခန့်အပ်လိုက်ပါတယ်။ အသက် ၃၉ နှစ်အရွယ် ယူလီယာ…