ရုရှားဆီကနေ တင်သွင်းမှု ပိတ်ဆို့ခံရရင်တောင် ရေနံ ဖူလုံနိုင်တယ်လို့ အိန္ဒိယ ပြော
နယူးဒေလီ၊ ဇူလိုင် ၁၈ ဆက်စပ် အရေးယူ ပိတ်ဆို့မှုတွေကြောင့် ရုရှားဆီကနေ ရေနံထောက်ပံ့မှု အနှောင့်အယှက် ဖြစ်ခဲ့ရင်တောင် အိန္ဒိယအနေနဲ့ တခြားရင်းမြစ်တွေဆီကနေ လိုအပ်တဲ့ ရေနံပမာဏကို ဝယ်ယူရရှိနိုင်တယ်လို့ ယုံကြည်ကြောင်း ရေနံဝန်ကြီး ဟာဒစ် ဆင်းဂျ်ပူရီက ဇူလိုင် ၁၇ ရက်မှာ ပြောကြားလိုက်ပါတယ်။ မော်စကိုက ရက်ပေါင်း ၅၀ အတွင်း ယူကရိန်းနဲ့ သဘောတူညီမှု မရယူဘူးဆိုရင်…
