July 2025

BGF ကို ကရင်အမျိုးသားတပ်မတော် KNA အဖြစ် ပြောင်းလဲဖွဲ့စည်းမယ်လို့ အသိပေး

လှိုင်းဘွဲ၊ ဇူလိုင်၂၂ စစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF ကနေ ကရင်အမျိုးသားတပ်မတော် KNA အဖြစ် အသွင်ကူးပြောင်းဖွဲ့စည်းသွားမယ်လို့ BGF ခေါင်းဆောင်တွေက မြိုင်ကြီးငူအထူးဒေသမှာ ပြုလုပ်တဲ့ လူထုတွေ့ဆုံပွဲမှာ အသိပေးပြောဆိုခဲ့တာပါ။ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသ အေးလင်းမြတ်ရှင်ဓမ္မာရုံမှာ ဇူလိုင် ၂၀ ရက်နေ့က ကရင်ပြည်နယ် ငြိမ်းချမ်းရေး၊ ဒေသတည်ငြိမ်ရေးနဲ့ စည်းလုံးညီညွတ်ရေးခေါင်းစဉ်နဲ့ BGF တပ်ဖွဲ့ရဲ့ထိပ်သီးခေါင်းဆောင်တွေ…

မကွေးမြို့ပေါ်မှာ စလင်းနဲ့ပွင့်ဖြူဘက်က လာရောက်နေထိုင်သူတွေအပေါ် ဧည့်စာရင်း တင်းကြပ်ထား

မကွေး ဇူလိုင် ၂၁ မကွေးမြို့ပေါ်မှာ စလင်းနဲ့ ပွင့်ဖြူဘက်ကနေ လာရောက်နေထိုင်သူတွေကို ဧည့်စာရင်း တိုင်ကြားမှု တင်းကြပ်ထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ စလင်းနဲ့ ပွင့်ဖြူမြို့နယ်ကနေ မကွေးမြို့ပေါ်ဆီ လာရောက်နေထိုင်မယ်ဆိုရင် အုပ်ချုပ်ရေးမှူးနဲ့တင် မပြီးဘဲ ရဲစခန်းအထိ ဖုန်းဆက်အကြောင်းကြားရတာ ဖြစ်တယ်လို့ သိရပါတယ်။ “ရဲတွေက လာစစ်တာ ဧည်စာရင်း တစ်လပေးရင် အုပ်ကြီးကို ဆူငေါက်သွားလို့တဲ့။ အခုဆို တစ်ပတ်ပဲပေးရတယ်။…

ရွေးကောက်ပွဲ အကြီးအကျယ်ရှုံးပေမယ့် ရာထူးနေရာမှာ ဆက်နေမယ်လို့ ဂျပန် ဝန်ကြီးချုပ် ကြွေးကြော်

တိုကျို၊ ဇူလိုင် ၂၁ ဂျပန် အာဏာရညွှန့်ပေါင်းအဖွဲ့ဟာ အထက်လွှတ်တော်မှာ သူတို့ရဲ့ လူများစုနေရာကို ဆုံးရှုံးလိုက်ရပြီ ဖြစ်ပေမယ့် ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာက ရာထူးကနေ နုတ်ထွက်ဖို့ အစီအစဉ် မရှိဘူးလို့ ပြောလိုက်ပါတယ်။ ဇူလိုင် ၂၀ ရက်မှာ အကြိတ်အနယ် ယှဉ်ပြိုင်ရတဲ့ ရွေးကောက်ပွဲဟာ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) နဲ့ သူ့ရဲ့ အငယ်တန်း…

အီရန်နဲ့ ဆက်နွယ်နေတဲ့ “သွေးကတိ” အဖွဲ့က ထရန့်ကို လုပ်ကြံဖို့ ရန်ပုံငွေ ဒေါ်လာ သန်း ၄၀ စိုက်ထူ

တီဟီရန်၊ ဇူလိုင် ၂၁ အီရန် ဘာသာရေးခေါင်းဆောင် အများက ဖာတဝါ ခေါ် ဘာသာရေးဆိုင်ရာ ညွှန်ကြားချက်တွေ ထုတ်ပြန်လိုက်ပြီးနောက် သွေးကတိ “Blood Covenant” လို့ အမည်ရတဲ့ အဖွဲ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို လုပ်ကြံသတ်ဖြတ်ရေး အစီအစဉ် စတင်လိုက်ပြီ ဖြစ်ပါတယ်။ အီရန် နိုင်ငံပိုင်မီဒီယာ အလုပ်သမားဟောင်း တစ်ဦးနဲ့ ဆက်စပ်နေတဲ့ လူထုရန်ပုံငွေ ကောက်ခံရာမှာ…

သထုံထောင်မှာ ကွယ်လွန်သွားတဲ့ ဘီးလင်းမြို့နယ် NLD ပါတီ အလုပ်မှုဆောင် ဦးပြည့်စုံအောင် ရုပ်အလောင်း ပြန်မရ

သထုံ၊ ဇူလိုင် ၂၁ မွန်ပြည်နယ် သထုံမြို့နယ် ဈေးမသွယ်ကျေးရွာ ဈေးမသွယ်အကျဉ်းထောင်မှာ ကွယ်လွန်သွားတဲ့ ဘီးလင်းမြို့နယ် NLD ပါတီ အလုပ်မှုဆောင်အဖွဲ့ဝင် ဦးပြည့်စုံအောင် ရုပ်အလောင်း ပြန်မရဘူးလို့ မိသားစုနဲ့နီးစပ်သူတွေထံကန သိရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အလုပ်မှုဆောင် ဦးပြည့်စုံအောင်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့က ဖမ်းဆီးအကျဉ်းချခံထားရတဲ့ ဈေးမသွယ်အကျဉ်းထောင်မှာ ရုတ်တရက် ကွယ်လွန်သွားတာပါ။…

MSDF တပ်တွင်းပြဿနာဖြေရှင်းဖို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ စုံကော်ဖွဲ့

မော်လမြိုင် ၊ ဇူလိုင် ၂၀ မွန်ပြည်ကာကွယ်ရေးတပ် MSDF အတွင်း ဖြစ်ပွားနေတဲ့ ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ရေးအတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကနေ စုံစမ်းညှိနှိုင်းရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်တယ်လို့ ဇူလိုင် ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ MSFC ရဲ့ အဖွဲ့ဝင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မွန်ပြည်ကာကွယ်ရေးတပ်အတွင်း ဖြစ်ပွားနေတဲ့ ပြဿနာအရပ်ရပ်ကို အမှုမှန်ပေါ်ပေါက်စေရေးနဲ့ ပြန်လည်သင့်မြတ်စေရေး ရည်ရွယ်ချက်နဲ့ စုံစမ်းညှိနှိုင်းရေးကော်မတီကို…

မွန်ပြည်နယ်မှာ စစ်ကောင်စီဖမ်းဆီးမှုကြောင့် ထိုင်းကုန်ပစ္စည်းဈေးနှုန်း မြင့်တက်လာ

မော်လမြိုင် ၊ ဇူလိုင် ၂၀ မွန်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း ထိုင်းကုန်ပစ္စည်းတွေ တင်ဆောင်လာတဲ့ ကုန်တင်ကားမှန်သမျှကို စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ ပိတ်ဆို့ဖမ်းဆီးနေတဲ့အတွက် ထိုင်းကုန်ပစ္စည်း ဈေးနှုန်း မြင့်တက်လာတယ်လို့ ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့ကစတင်ပြီး ကရင်ပြည်နယ်ထဲကနေ မွန်ပြည်နယ်အတွင်း ဝင်ရောက်လာတဲ့ ထိုင်းကုန်ပစ္စည်းတင် ကုန်တင်ကားမှန်သမျှကို မော်လမြိုင်၊ ပေါင်၊…

တော်လှန်ရေးရဲဘော်တွေ ဆက်တိုက်အလင်းဝင်လာတယ်လို့ စစ်ကောင်စီဝါဒဖြန့်

မော်လမြိုင်၊ ဇူလိုင် ၂၀ စစ်ကောင်စီရဲ့ ဖိတ်ခေါ်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေအပါအဝင် တော်လှန်ရေးရဲဘော်တွေ ဆက်တိုက်အလင်းဝင်လာတယ်လို့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ ဇူလိုင် ၁၆ ရက်နေ့ကနေ ဇူလိုင် ၁၈ ရက်နေ့ထုတ် စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာတွေမှာ သုံးရက်အတွင်း တော်လှန်ရေးရဲဘော် ၄၄ ဦးအထိ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။ အလင်းဝင်လာသူတွေဟာ တအောင်းတပ်မတော် TNLA ၊…

ပုလောမြို့နယ်မှာ စစ်ရေးအရှိန်မြှင့်မယ်လို့ မြိတ်ခရိုင် PDF အသိပေး

ပုလော၊ ဇူလိုင် ၂၀ တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ စစ်ရေးအရှိန်မြှင့်မှာ ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်တပ်စခန်းချရာနေရာတွေနဲ့ တတ်နိုင်သမျှ ရှောင်ကြဉ်ကြဖို့ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ဇူလိုင် ၁၉ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီတပ်နဲ့လက်ဝေခံ ထောက်တိုင်တွေကို အရှိန်အဟုန်မြှင့် တိုက်ခိုက်သွားမှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးအသိ စစ်ရေးသတိနဲ့ နေထိုင်ကြဖို့…

ရုရှားရေနံအပေါ်အီးယူနဲ့ ဗြိတိန်တို့က ပြင်းထန်တဲ့ အရေးယူမှု ထပ်မံချမှတ်

ဘရပ်ဆဲလ်၊ ဇူလိုင် ၁၉ ယူကရိန်းမှာ စစ်ပွဲဆင်နွှဲနေမှု ရပ်တန့်ရေး အီးယူနဲ့ ဗြိတိန်တို့က ရုရှား အပေါ် ဖိအားပေးမှု အရှိန်မြှင့်တဲ့အနေနဲ့ ဇူလိုင် ၁၈ ရက်မှာ အမြင့်ဆုံး ဈေးနှုန်း သတ်မှတ်ချက်ကို လျှော့ချလိုက်ပြီး အဓိက ရေနံ တင်ပို့မှုတွေက ရရှိနေတဲ့ ဝင်ငွေကို ပိတ်ဆို့လိုက်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ရုရှား ကျူးကျော် တိုက်ခိုက်မှု…