February 2025

ကျိုက်မရော အကျဉ်းထောင်မှာ နိုင်ကျဉ်းတွေထံ ပစ္စည်းပေးပို့မှု ကန့်သတ်ခံနေရ

ကျိုက်မရော ၊ ဖေဖော်ဝါရီ ၂၆ မွန်ပြည်နယ် ကျိုက်မရော ဗဟိုအကျဉ်းထောင်မှာ နိုင်ငံရေးပုဒ်မတွေနဲ့ အကျဉ်းကျခံနေရတဲ့ နိုင်ငံ ရေးအကျဉ်းသူ/အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေက ပေးပို့တဲ့ ပစ္စည်းတွေကို စစ်ကောင်စီ လက် အောက်ခံ အကျဉ်းဦးစီးဝန်ထမ်းတွေက ကန့်သတ်မှုတွေ လုပ်ဆောင်နေတယ်လို့ နိုင်ကျဉ်းမိသားစုဝင်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လက်ရှိ စစ်ကောင်စီ လက်အောက်ခံ အကျဉ်းဦးစီးဝန်ထမ်းတွေဟာ တခြားပြစ်မှုတွေနဲ့ အကျဉ်း…

အိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦး ထပ်မံသေဆုံး

မန္တလေး၊ ဖေဖော်ဝါရီ ၂၆ မန္တလေးတိုင်း အိုးဘိုအကျဉ်းထောင်မှာ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသားတစ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ယက် PPNM ထံက သိရပါတယ်။ အိုးဘိုအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုအောင်ထွန်းဟာ ကျန်းမာ ရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့် ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ အကျဉ်း ထောင်အတွင်း သေဆုံးခဲ့တာပါ။ ကိုအောင်ထွန်းဟာ ဖမ်းဆီးခံရချိန်က…

ကျိုက်ထိုအ‌ခြေစိုက် တပ်ရင်းတွေမှာ စစ်ကောင်စီ ဒရုန်းအများအပြား အင်အားဖြည့်ထား

ကျိုက်ထို၊ ဖေဖော်ဝါရီ ၂၆ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းရှိ တပ်မ ၄၄ ဌာနချုပ်အပါအဝင် စစ်ကောင်စီတပ်ရင်းတွေမှာ ဒရုန်းတွေ အင်အားဖြည့်ထားပြီး မော်လမြိုင်-ရန်ကုန်ကားလမ်းမှာ ကင်းပုန်းဝပ်တာတွေ ပိုမိုလုပ် ဆောင်လာတယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ နောက်ဆုံးအပတ်ကစတင်ပြီး ကျိုက်ထိုမြို့နယ်အတွင်းရှိ တပ်မ ၄၄ ဌာနချုပ်၊ ခမရ ၂၀၇၊ အမတ ၃၁၀၊ ဒတရ ၆၀၂၊…

ယူကရိန်းအရေး ကုလ ဆုံးဖြတ်ချက် ရုရှားနဲ့အတူ အမေရိကန် ရပ်တည်

နယူးယောက်၊ ဖေဖော်ဝါရီ ၂၅ ယူကရိန်းသို့ ရုရှား ကျူးကျော်တိုက်ခိုက်မှု သုံးနှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ကုလသမဂ္ဂမှာ မံခွဲဆုံးဖြတ်ရာအတွင်း အမေရိကန်ဟာ ရုရှားဘက်က နှစ်ကြိမ်တိုင် ရပ်တည်ခဲ့တာကြောင့် စစ်ပွဲနဲ့ ပတ်သက်ပြီး ထရန့်အစိုးရ ရပ်တည်ပုံ ပြောင်းလဲလိုက်ကြောင်း မီးမောင်းထိုးပြနေပါတယ်။ ယူကရိန်းရဲ့ နယ်နိမိတ်ဆိုင်ရာ ဂုဏ်သိက္ခာကို ထောက်ခံကူညီရေး၊ရုရှားရဲ့ လုပ်ရပ်တွေကို ပြစ်တင်ရှုတ်ချရေး၊ ဥရောပ ရေးဆွဲထားတဲ့ ဆုံးဖြတ်ချက်ကို…

တရုတ်နဲ့ရုရှားဟာ စစ်မှန်တဲ့ မိတ်ဆွေတွေ ဖြစ်တယ်လို့ ရှီကျင့်ဖျင် ပြော

ဘေဂျင်း၊ ဖေဖော်ဝါရီ ၂၅ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ဖေဖော်ဝါရီ ၂၄ ရက်က ဖုန်းနဲ့ဆက်သွယ်မှုအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ယူကရိန်းစစ်ပွဲ အရှိန်လျှော့စေရေး မော်စကိုရဲ့ အပြုသဘောဆောင်တဲ့ ကြိုးပမ်းမှုတွေကို ကြိုဆိုလိုက်ပါတယ်။ ယူကရိန်းစစ်ပွဲ အရှိန်လျှော့စေရေး ရုရှားနဲ့ တခြား သက်ဆိုင်ရာနိုင်ငံတွေရဲ့ အပြုသဘောဆောင် ကြိုးပမ်းမှုတွေကို မြင်တွေ့ရတာကြောင့် တရုတ်အနေနဲ့ ဝမ်းမြောက်ကြောင်း သမ္မတ ရှီက…

မြိုင်မှာ မင်္ဂလာပွဲကျင်းပနေတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီ ဗုံးကြဲလို့ လူ ၂၀ ကျော် သေဆုံး

မကွေး ဖေဖော်ဝါရီ ၂၅ မကွေးတိုင်း မြိုင်မြို့နယ် ကျောက်ခွက်ရေနံမှော်က ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ လူ ၂၀ ကျော်သေဆုံးနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ ဖေဖော်ဝါရီ ၂၅ ရက် မနက် ၉ နာရီဝန်းကျင်က ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးရဲ့ မင်္ဂလာဆောင်ကျင်းပနေတဲ့ ဆုံကုန်းရွာ ဘုန်းကြီးကျောင်းကို လေကြောင်းကနေတိုက်ခိုက်သွားတာပါ။ “လောလောဆယ်တော့…

တနင်္သာရီမှာ စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီလိုအပ်

တနင်္သာရီ၊ ဖေဖော်ဝါရီ ၂၁ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ကျေးရွာ ၁၀ ရွာ ဒေသခံတစ်သောင်းကျော် စစ်ဘေးရှောင်နေရပြီး အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ ခုနစ်စဉ်ကြယ်အဖွဲ့ထံက သိရပါတယ်။ တနင်္သာရီမြို့နယ်က ကျေးရွာတွေနဲ့ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပိုင်းကို ထိန်းချုပ်ဖို့အတွက် အင်အားအများအပြားပါတဲ့ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာတတိယအပတ်ကစပြီး စစ် ကြောင်းထိုး ဝင်ရောက်လာခဲ့တာပါ။ စစ်ကောင်စီတပ်ရဲ့…

ပေါင်မြို့နယ်မီးသတ်ဦးစီးမှူးအပါအဝင် လုပ်ငန်းရှင်ခြောက်ဦး ဖမ်းဆီးခံရ

ပေါင်၊ ဖေဖော်ဝါရီ ၂၅ မွန်ပြည်နယ် ပေါင်မြို့နယ် မီးသတ်ဦးစီးမှူးအပါအဝင် လုပ်ငန်းရှင် ခြောက်ဦးကို မနေ့ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသ ခံတွေအပြင် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေထဲမှာ ပေါင်မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြတ်ကိုကို၊ ပေါင်မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနက ဒုဦးစီးမှူး ဦးကျော်မျိုးလှိုင်၊ တော်ဝင်ဘော်ဒါပိုင်ရှင် ကိုဇာနည်၊ လုပ်ငန်းရှင်တွေဖြစ်တဲ့ ကိုမိုးငယ်၊…

နောင်ချိုမြို့ ဗုံးကြဲမှု တော်လှန်ရေးတပ်ဖွဲ့ဝင် အများအပြားသေဆုံးတယ်လို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား +++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“နောင်ချို့မြို့နယ်ထဲက စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား အများအပြား သေဆုံးတာကို တော်လှန်ရေးတပ်သားတွေ ကျဆုံးတယ်”ဆိုပြီး စစ်ကောင်စီဘက်က သ တင်းအမှား ဖြန့်ချိနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို…

စစ်အာဏာသိမ်း (၁၄၈၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၃၃၈) ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ၂၅ AAPP ရဲ့ ဖေဖော်ဝါရီ၂၄ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၄၈၅) ရက်အတွင်း ပြည်သူ (၆၃၃၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၆၅၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၇၅၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…