December 12, 2024

ပွင့်ဖြူ မဲဇလီရဲစခန်းမှာ စစ်ကောင်စီတပ်သား အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး တစ်ဦးသေဆုံး

မကွေး၊ ဒီဇင်ဘာ ၁၃ မကွေးတိုင်း ပွင့်ဖြူမြို့နယ် မဲဇလီရဲစခန်းမှာ စစ်ကောင်စီတပ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက် မနက် ၁ နာရီဝန်းကျင်မှာ အဲဒီရဲစခန်းမှာရှိတဲ့ စစ်ကောင်စီတပ်သား အ ချင်းချင်းပစ်ခတ်မှုဖြစ်ပွားပြီး အဲဒီနေ့မနက်ပိုင်းမှာပဲ အလောင်းနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို နာရေးယာဉ်နဲ့ လာရောက်သယ်ဆောင်သွားတယ်လို့ သိရပါတယ်။ ညသန်းခေါင်ကျော် ၁…

ဆီးရီးယားမှာ သမ္မတအာဆတ် လက်ထက်က နှိပ်စက်မှု ကျူးလွန်ခဲ့သူတွေကို အပြစ်ပေးမယ်

ဒမတ်စကတ်၊ ဒီဇင်ဘာ ၁၂ ဆီးရီးယား သမ္မတ ဘာရှား အယ်လ် အာဆတ်ကို ဖြုတ်ချခဲ့တဲ့ တိုက်ခိုက်ရေးသမားတွေရဲ့ အဓိကတပ်မှူးက သမ္မတ အာဆတ် လက်ထက်မှာ ဖမ်းဆီးမှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ ကျူးလွန်ခဲ့သူတွေကို လိုက်လံရှာဖွေပြီး အပြစ်ပေးမယ်လို့ ဒီဇင်ဘာ ၁၁ ရက်မှာ ပြောကြားလိုက်ပါတယ်။ ဆီးရီးယားနိုင်ငံထဲမှာ ရှိနေရင်လည်း လိုက်လံ ရှာဖွေမှာ ဖြစ်သလို တခြားနိုင်ငံတွေဆီ ထွက်ပြေးသွားရင်လည်း…

အဆုံးသတ်အထိ တိုက်ပွဲဝင်သွားမယ်လို့ တောင်ကိုရီးယား သမ္မတ ကြွေးကြော်

ဆိုးလ်၊ ဒီဇင်ဘာ ၁၂ အခက်ကြုံနေတဲ့ တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုလ်က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆိုခဲ့ပြီး နိုင်ငံ့ရဲ့ ဒီမိုကရေစီစနစ်ကို ကာကွယ်ဖို့ အဲဒီလို လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာ ၁၂ ရက်က အမှတ်မထင် ပြောကြားတဲ့ ရုပ်သံမိန့်ခွန်းမှာ သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ အတိုက်အခံတို့ရဲ့ လွှတ်တော်တွင်း…

သံဖြူဇရပ်မှာ လူငယ်တစ်ဦး မိုင်းထိသေဆုံး

သံဖြူဇရပ်၊ ဒီဇင်ဘာ ၁၂ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကုန်းမြင့်သာယာကျေးရွာအနီးမှာ ဒီဇင်ဘာလ ၁၀ ရက်နေ့က လူ ငယ် ၁ ဦး မိုင်းထိသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီနေ့ နေ့လယ်ပိုင်းမှာ မိုင်းထိသေဆုံးနေတဲ့ ပငကျေးရွာနေ အသက် ၂၀ ကျော်အရွယ် မောင်သက်အောင်ရဲ့ ရုပ်အလောင်းကို သူအစေးလှီးနေတဲ့ ရော်ဘာခြံအတွင်းမှာ မိသားစုဝင်တွေက ရှာ ဖွေတွေ့ရှိခဲ့တာလို့ဆိုပါတယ်။…

မွန်ပြည်နယ်တဝန်း ၁၁ လအတွင်း စစ်ရေးပဋိပက္ခကြောင့် ဒေသခံ ၁၃၀ နီးပါးသေဆုံး

မော်လမြိုင်၊ ဒီဇင်ဘာလ ၁၂ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်တွေမှာ အခုနှစ်ဇန်နဝါရီ ၁ ရက်နေ့ကနေ နိုဝင်ဘာ ၃၀ ရက်နေ့အထိ ၁၁ လတာကာလအတွင်း စစ်ရေးပဋိပက္ခတွေကြောင့် ဒေသခံပြည်သူ ၁၃၀ နီးပါး သေဆုံးခဲ့တယ်လို့ ဒီဇင်ဘာ ၁၂ ရက်နေ့ထုတ် လဂွန်းအိမ်စာစဉ်ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ သေဆုံးသူတွေဟာ မြေမြှုပ်မိုင်းပေါက်ကွဲတာ၊ လုပ်ကြံပစ်ခတ်သတ်ဖြတ်ခံရတာနဲ့ လက်နက်ကြီး ထိမှန်တာတွေကြောင့် သေဆုံးခဲ့ကြတာလို့ ဆိုပါတယ်။…

KNU တပ်မဟာ ၅နယ်မြေထဲက စစ်ကောင်စီရဲ့အရေးပါတဲ့ တောင်သုံးလုံးစခန်းနဲ့ ဆင်စွယ်စခန်းနှစ်ခု ထပ်မံသိမ်းပိုက်ခံရ

ဖာပွန်၊ ဒီဇင်ဘာ ၁၂ KNU မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ ၅ နယ်မြေထဲက စစ်ကောင်စီတပ်ရဲ့ အရေးပါတဲ့ စခန်းတွေဖြစ်ကြတဲ့ တောင်သုံးလုံးစခန်းနဲ့ ဆင်စွယ်စခန်းတို့ကို KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ကြီးတွေ အပါအဝင် ခဲယမ်းကျည်ဆံအများ အပြားကို သိမ်းဆည်းရရှိခဲ့တယ်လို့ တပ်မဟာ ၅ ထံကနေ သိရပါတယ်။ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာ ပွန်-ကတိုင်တိ-ကမမောင်း ကားလမ်းမကြီးနားမှာ…