September 4, 2024

စစ်အာဏာသိမ်း (၁၃၁၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၆၀၀) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၅ AAPP ရဲ့ စက်တင်ဘာ ၄ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၃၁၁) ရက်အတွင်း ပြည်သူ (၅၅၉၉) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၃၁၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၇၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

မွန်ပြည်နယ်မှာ စစ်မှုထမ်းအပတ်စဉ် ၅ ထပ်ဖွင့်

မော်လမြိုင် ၊ စက်တင်ဘာ ၅ နိုင်ငံအနှံ့ ခုခံတော်လှန်စစ် တိုက်ပွဲတွေတိုင်း စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ မွန်ပြည်နယ်မှာ စစ်မှုထမ်းအပတ်စဉ် ၅ ထပ်မံခေါ်ယူလိုက်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ စစ်မှုထမ်းအပတ်စဉ် ၅ သင်တန်းတက်ရောက်မယ့်သူတွေကို စက်တင်ဘာ ၃ ရက်နေ့က စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဦးဆောင်တဲ့အဖွဲ့မှ မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရဲ့ အမှတ်…

စစ်ကောင်စီရဲ့ အကြမ်းဖက်ကြေညာမှု ရာဇဝတ်ဂိုဏ်းက အစိုးရဖြစ်ကြောင်း ပုံဖော်တာလို့ AA တုံ့ပြန်

နေပြည်တော် ၊ စက်တင်ဘာ ၅ စစ်ကောင်စီက အာရက္ခတပ်တော် AA အပါအဝင် ကိုးကန့်အဖွဲ့ MNDAA နဲ့ တအာင်းအဖွဲ့ TNLA တို့ကို အကြမ်းဖက်အဖွဲ့တွေအဖြစ် ကြေညာတာဟာ ရာဇဝတ်ဂိုဏ်းက အစိုးရတစ်ရပ်ဖြစ်နေသေးကြောင်း ပုံဖော်တာလို့ AA ပြောရေးဆိုခွင့်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်တင်ဘာ ၂ ရက်နေ့မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့…

KNU ဖာပွန်ခရိုင်က စစ်ရှောင်ဒုက္ခသည်တွေ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေ

ဖာပွန်၊ စက်တင်ဘာ ၅ ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲက စစ်ရှောင်ဒုက္ခသည်တွေဟာ လတ်တလောမိုးတွင်းကာလမှာ စားနပ်ရိက္ခာအတွက် အခက်အခဲများစွာကြုံနေရတယ်လို့ တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။ KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ အခုလက်ရှိ မိုးရာသီကာလအတွင်းမှာ မိုးသည်းထန်စွာရွာခဲ့ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် လမ်းနဲ့ တံတားတွေ…

လောင်းလုံးမှာ ဒေသခံလေးဦးကို စစ်ကောင်စီစစ်ကြောင်း ဖမ်းဆီးသတ်ဖြတ်

လောင်းလုံး၊ စက်တင်ဘာ ၅ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံအရပ်သားပြည်သူ လေးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး နေအိမ် ၁၅ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ တပ်အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၈ ရက်နေ့ကစပြီး လောင်းလုံးမြို့နယ် စခန်းကြီး၊ သဘော့ဆိပ်၊ ပြင်ကြီး၊ ဖွားဘုတ်ပြင်နဲ့ ဘူချိုင်းကျေးရွာတို့ကို…

ထားဝယ်မှာ မျောက်ကျောက်ရောဂါ သံသယ လူနာတစ်ဦး တွေ့ရှိ

ထားဝယ်၊ စက်တင်ဘာ ၄ တနင်္သာရီတိုင်း ထားဝယ်မြို့မှာ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး မျောက်ကျောက်ရောဂါ သံသယ လူနာအဖြစ် တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ သံသယ လူနာအမျိုးသမီးဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ပထမအပတ်မှာ မလေးရှားနိုင်ငံကနေ လေကြောင်းလိုင်းနဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိခဲ့ပြီး ဇူလိုင်လဒုတိယအပတ်မှာတော့ ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်ကို ရောက်ရှိခဲ့တာပါ။ အဲဒီ‌နောက်…

ထီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က ဓားစာခံ ပြည်သူ သုံးဦးကို သတ်ဖြတ်

မကွေး စက်တင်ဘာ ၄ မကွေးတိုင်း ထီးလင်းမြို့နယ်မှာ စစ်ကောင်စီက ဓားစာခံ ပြည်သူ သုံးဦးကို သတ်ဖြတ်ပြီး အလောင်း လာကောက်မယ့် ကာကွယ်ရေးအဖွဲ့တွေကိုချောင်းမြောင်းပစ်ခတ်ဖို့ အသုံးပြုနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်မှာ သတ်ဖြတ်ခံရတဲ့ ပြည်သူ သုံးဦးရဲ့အလောင်းကို လာကောက်မယ့် ကာကွယ်ရေးအဖွဲ့တွေကို ချောင်းမြောင်းနေတာဖြစ်တယ်လို့ သိရပါတယ်။ “ရွာသားနှစ်ဦးနဲ့ ကားဆရာတစ်ဦးကို…

အစ္စရေးတောင်ပိုင်း တိုက်ခိုက်မှု ဟားမာ့စ်ခေါင်းဆောင်တွေကို အမေရိကန် စွဲချက်တင်

ဝါရှင်တန်၊ စက်တင်ဘာ ၄ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်တုန်းက အစ္စရေးကို ဆိုးဆိုးရွားရွား တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ပါလက်စတိုင်း ဟားမာ့စ် အဖွဲ့ ခေါင်းဆောင် ယာယာ ရှင်ဝါနဲ့ အခြား အထင်ကရ အဖွဲ့ဝင် တချို့ကို အမေရိကန်က စွဲချက်တင်လိုက်ပါတယ်။ အမေရိကန် နိုင်ငံသားတွေကို သတ်ဖြတ်မှု၊ အစုလိုက် အပြုံလိုက် သေစေနိုင်တဲ့ လက်နက်အသုံးပြုမှု၊…

ဝန်ကြီးချုပ်ဟောင်း ဟာဆီနာရဲ့ သံတမန် ပတ်စ်ပို့စာအုပ်ကို ဘင်္ဂလားဒေ့ချ် ဖျက်သိမ်း

ဒါကာ၊ စက်တင်ဘာ ၄ ပြီးခဲ့တဲ့လ စောစောပိုင်းမှာ ကျောင်းသားတွေ ဦးဆောင်တဲ့ ဆူပူအုံကြွမှုကြောင့် ရာထူးက ထွက်ပြီး ပြည်ပကို ထွက်ပြေးသွားတဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာရဲ့ သံတမန် နိုင်ငံကူးလက်မှတ် ပတ်စ်ပို့စာအုပ်ကို ဘင်္ဂလားဒေ့ချ် ယာယီအစိုးရက ဖျက်သိမ်းလိုက်ပါတယ်။ အစိုးရအဖွဲ့ဟောင်းအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ တာဝန် မထမ်းဆောင်တော့တဲ့ လွှတ်တော်အမတ်တွေရဲ့ နိုင်ငံကူးလက်မှတ်တွေနဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာရဲ့…

အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦး မုဒိမ်းပြုကျင့်ခံရ

အင်းစိန်၊ စက်တင်ဘာ ၄ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ရန်ကုန် အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးကို အခြားအကျဉ်းသား အခန်းလူကြီးမှ အတင်းအဓမ္မ မုဒိမ်းပြုကျင့်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။ အင်းစိန်ထောင်အတွင်းရှိ ထောင်ဆေးရုံမှာ တီဘီရောဂါသမားတွေအတွက် ထားတဲ့အခန်းမှာ ဆေးကုသမှုခံယူနေတဲ့ အသက် ၂၅ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို အကျဉ်းသားအခန်းလူကြီး ဇင်မျိုးကို ခေါ် မျိုးကြီးမှ ပြီးခဲ့တဲ့…