August 5, 2024

စစ်အာဏာသိမ်း (၁၂၈၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၄၉၈) ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ် ၆ AAPP ရဲ့ သြဂုတ် ၅ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၈၂) ရက်အတွင်း ပြည်သူ (၅၄၉၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံaခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၁၅၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၃၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

ရှေ့တန်းရောက်စစ်သားတွေအတွက် စားသောက်ဖွယ်ရာ လှူဒါန်းဖို့ ဌာနဆိုင်ရာတွေကို စစ်ကောင်စီဖိအားပေး

မော်လမြိုင် ၊ ဩဂုတ် ၆ အာဏာသိမ်း စစ်ကောင်စီဟာ ရှေ့တန်းရောက် တပ်မတော်သားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအ တွက်ဆိုပြီး စားသောက်ဖွယ်ရာတွေ လှူဒါန်းပေးကြဖို့ လက်အောက်ခံ ဌာနဆိုင်ရာအသီးသီးကို အ တင်းအကျပ်ဖိအားပေးနေတယ်လို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုင်ငံအနှံ့ ခုခံတော်လှန်စစ်တွေကြောင့် စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ရှေ့တန်းရောက် စစ်သားတွေကို လှူဒါန်းနိုင်ဖို့အတွက်ဆိုကာ မိမိတို့ ဒေသထွက်ကုန်တွေအပြင် စားကုန်သောက်ကုန်တွေကို…

ရမခတိုင်းစစ်ဌာနချုပ်ကျဆုံးမှု စစ်အာဏာရှင်စနစ်ပြိုကျဖို့ နိဒါန်းလား

လားရှိုး ၊ ဩဂုတ် ၆ မြန်မာစစ်တပ်ရဲ့ အစဉ်အလာကြီးခဲ့တဲ့ ရှမ်းမြောက်က နေဝန်းနီအမှတ်တံဆိပ်နဲ့ လားရှိုးအခြေစိုက် အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်မှာတော့ သမိုင်းဝင်ကျဆုံးခဲ့ရပါတယ်။ MNDAA ပူးပေါင်းအဖွဲ့တွေက ဇူလိုင် ၃ ရက်နေ့မှာ လားရှိုးမြို့ အနီးတဝိုက်ရှိ စစ်ကောင်စီတပ်စ ခန်းတွေကို စစ်ရေးဖော်ဆောင်ခဲ့ပြီး ဩဂုတ် ၃ ရက်နေ့မှာတော့ ရမခ…

အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေ စစ်ကောင်စီ ဆက်လက်ကျူးလွန်နေတယ်လို့ KNU ပြော

ဖာပွန်၊ သြဂုတ် ၆ ကော်သူးလေအုပ်ချုပ်နယ်မြေ ဖာပွန်ခရိုင်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က အရပ်သားတွေအပေါ် ပစ်မှတ်ထားတဲ့ လေ ကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေ ဆက်လက်ကျူးလွန်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ဖာပွန်ခရိုင်ထဲမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့ကနေ ၃၁ ရက်အထိ ၁ လတာအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA…

လောင်းလုံးမှာ စစ်ကောင်စီတပ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ထိခိုက်သေဆုံးမှုရှိ

လောင်းလုံး၊ ဩဂုတ် ၆ တနင်္သာရီတိုင်း လောင်းလုံးမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီသားတွေ အချင်းချင်းအပြန်အ လှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင် အားစုတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၂ ရက် ည ၁၁ နာရီအချိန်ခန့်က လောင်းလုံးမြို့မရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ထွေအုပ်ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ အချင်းချင်း ပစ်ခတ်မှု…

တော်လှန်ရေးအဖွဲ့တွေကို ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းမယ်လို့ စစ်ရှုံးနေတဲ့စစ်ခေါင်းဆောင် ကြွေးကြော်

နေပြည်တော်၊ သြဂုတ် ၅ တိုင်းစစ်ဌာနချုပ်တစ်ခု ပူးပူးနွေးနွေး လက်လွှတ်ထားရတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်က တိုင်း ရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေကို ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းမယ်လို့ ကြွေးကြော်လိုက်ပါတယ်။ နေဝန်းနီလို့ခေါ်တဲ့ မြန်မာစစ်တပ်အတွက် အရေးပါတဲ့ စစ်ဌာနချုပ်တစ်ခုဖြစ်တဲ့ လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် ဆုံးရှုံးရပြီးနောက် ဒီနေ့ သြဂုတ် ၅ ရက်နေ့ ညဦးပိုင်းက တိုင်းပြည်လုံခြုံရေးအခြေအနေ တင်ပြစဉ် စစ်ခေါင်းဆောင်က ကြုံးဝါးလိုက်တာပါ။…

ဘင်္ဂလားဒေ့ချ် ဝန်ကြီးချုပ် ရာထူးမှနုတ်ထွက်ပြီး တိုင်းပြည်မှ ထွက်ပြေး၊ စစ်တပ်က အာဏာရယူ

ဒါကာ ဩဂုတ် ၅ ဘင်္ဂလားဒေ့ချ် ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာဟာ လူသေဆုံးမှုတွေရှိခဲ့ပြီး သီတင်းပတ်နဲ့ချီ ဖြစ်ပေါ်နေခဲ့တဲ့ ဆန္ဒပြပွဲတွေဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် တိုင်းပြည်ကနေ ဩဂုတ် ၅ ရက်မှာ ထွက်ပြေးသွားတာကြောင့် သူ့ရဲ့ ၁၅ နှစ်ကြာ အုပ်ချုပ်မှု အဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။ စစ်တပ်က ကြားဖြတ် အစိုးရဖွဲ့စည်းပေးမယ်လို့ ကြေညာထားပါတယ်။ ဝန်ကြီးချုပ် ဟာဆီနာဟာ သူ့အစိုးရကို ဆန့်ကျင်တဲ့ နိုင်ငံတဝန်းက…

အက်ဖ်-၁၆ တိုက်လေယာဉ်တွေ ပထမဆုံးအကြိမ် လက်ခံရရှိကြောင်း ယူကရိန်းသမ္မတ ပြော

ကိဗ်၊ သြဂုတ် ၅ အမေရိကန်နိုင်ငံထုတ် အက်ဖ်-၁၆ တိုက်လေယာဉ်တွေကို ပထမဆုံး အကြိမ် လက်ခံရရှိပြီ ဖြစ်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားလိုက်ပါတယ်။ “အက်ဖ်-၁၆ တွေ ယူကရိန်းကို ရောက်နေပြီ။ ငါတို့ လုပ်နိုင်ခဲ့ပြီ” လို့ သမ္မတ ဇီလန်စကီးက အမည်ဖော်ပြမထားတဲ့ လေတပ်အခြေစိုက် စခန်း တစ်ခုမှာ ပြုလုပ်ခဲ့ အခမ်းအနားအတွင်း…

ဘင်္ဂလားဒေ့ချ်ရဲ့ တကျော့ပြန် ဆန္ဒပြပွဲမှာ လူပေါင်း ၉၀ ကျော် ထပ်မံသေဆုံး

ဒါကာ၊ သြဂုတ် ၅ ဘင်္ဂလားဒေ့ချ်နိုင်ငံမှာ ဝန်ကြီးချုပ် နုတ်ထွက်ပေးရေး တောင်းဆိုတဲ့ ဆန္ဒပြသူ ထောင်ပေါင်းများစွာကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေနဲ့ ဖြိုခွင်းမှုကြောင့် သြဂုတ် ၄ ရက်မှာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး လူ ၉၁ ဦး အထိသေဆုံးခဲ့ရပါတယ်။ အဲဒီပဋိပက္ခတွေကြောင့် ထိခိုက်ဒဏ်ရာရသူ ရာနဲ့ချီ ရှိခဲ့ပြီးနောက် အစိုးရက သြဂုတ် ၄ ရက်…

နေဝန်းနီကျဆုံးမှုနဲ့ ၁၀၂၇ စစ်ဆင်ရေးအလားအလာ

“စစ်တိုင်းဌာနချုပ် ၁၄ ခုမှာ စစ်အင်္ဂါစဉ်က တတိယမြောက်တိုင်းစစ်ဌာနချုပ်ဖြစ်တယ်။ ဒီတိုင်းစစ်ဌာနချုပ် ကျသွားတာဟာ တော်လှန်ရေးတပ်ဖွဲ့တွေ အမြစ်ဖြုတ်ချင်တဲ့ နိဒါန်းရဲ့အစလို့ပြောလို့ရမယ်” – CDM ဗိုလ်ကြီး ဇင်ယော် ယခင်က တရုတ်ဖြူ ကူမင်တန်ကျုးကျော်စစ်၊ ဗကပ ကျုးကျော်စစ်တို့ကို တန်ပြန်နိုင်ခဲ့လို့ စစ်တပ်က အမြဲဂုဏ်ယူနေတဲ့ လားရှိုးက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ဟာ အခုဆို ကိုးကန့်တပ် MNDAA လက်ထဲ…