July 23, 2024

စစ်အာဏာသိမ်း (၁၂၆၉) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၄၁၉) ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင် ၂၄ AAPP ရဲ့ ဇူလိုင် ၂၃ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၆၉) ရက်အတွင်း ပြည်သူ (၅၄၁၉) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၀၉၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၃၀၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

အာဏာရူးမက်မှုနဲ့ မရှုမလှနိဂုံးချုပ်တဲ့အထိ ဆက်မိုက်တော့မယ့် မင်းအောင်လှိုင်

နေပြည်တော် ၊ ဇူလိုင် ၂၄ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တပ်ချုပ်ရာထူးအပြင် နိုင်ငံ့အာဏာကို လက် နက်အားကိုးနဲ့ သိမ်းယူပြီးချိန်ကနေ လက်ရှိအချိန်အထိ နိုင်ငံ‌တော်ရဲ့ အမြင့်ဆုံးရာထူးလေးနေရာအထိ အရယူထားပါတယ်။ ပူပူနွေးနွေးလွှဲယူထားတဲ့ ယာယီသမ္မတရာထူးအပါအဝင် အာဏာသိမ်းပြီးဖွဲ့စည်းခဲ့တဲ့ စစ်ကောင်စီရဲ့ ဥက္ကဌနေရာအပြင် နိုင်ငံတော်ဝန်ကြီးချုပ်ဆိုတဲ့ ရာထူးကိုပါ စစ်ခေါင်းဆောင်က ကိုယ့်ဘာသာ ခန့်အပ်ထားတာမျိုးပါ။ မြန်မာ့သမိုင်းတစ်လျှောက် စစ်အာဏာရှင်တွေထဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တစ်ဦးတည်းကသာ…

စစ်ကောင်စီ ပြန်လည်နေထိုင်ခွင့်ပေးပေမယ့် ချောင်းနှစ်ခွဒေသခံအများစု နေရပ်မပြန်ရဲသေး

ကျိုက်မရော၊ ဇူလိုင် ၂၄ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာမှာ စစ်ရှောင်ဒေသခံပြည်သူတွေကို စစ်ကောင်စီဘက်က ပြန်လည်နေထိုင်ခွင့်ပေးလိုက်ပေမယ့် ဒေသခံအများစု နေရပ်မပြန်ရဲသေးဘူးလို့ စစ်ရှောင်ဒေသခံတွေထံကနေ သိရပါတယ်။ ချောင်းနှစ်ခွဒေသမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၀ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ရက်ပေါင်း ၅၀ ကျော်ကြာ ဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံတွေ ရွာလုံးကျွတ်တိမ်းရှောင်ခဲ့ရပါတယ်။ ချောင်းနှစ်ခွဒေသကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း…

မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမား ၇၀၀ ကျော်ကို အရေးယူမယ်လို့ ထိုင်းအစိုးရကြေညာ

ဘန်ကောက်၊ ဇူလိုင် ၂၄ ထိုင်းနိုင်ငံထဲက ရွှေ့ပြောင်းအလုပ်သမားတွေရှိတဲ့ အလုပ်ရုံတွေထဲကို ထိုင်းအာဏာပိုင်တွေ တစ်လကျော်ကြာ စစ်ဆေးပြီးနောက် အဲဒီထဲက မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမား ၇၀၀ ကျော်ကို အရေးယူသွားမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ထိုင်းအလုပ်သမားဝန်ကြီးများအဖွဲ့ဟာ ထိုင်းနိုင်ငံအတွင်းက တရားမဝင် ရွှေ့ပြောင်းအလုပ်သမားဖမ်းဆီးရေး ရက်ပေါင်း ၁၂၀ စီမံချက်ကို ပြီးခဲ့တဲ့ ဇွန် ၅ ရက်ကနေ ဇူလိုင်…

စလင်းမြို့နယ်က ကျေးရွာနှစ်ရွာကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲ

မကွေး၊ ဇူလိုင် ၂၃ မကွေးတိုင်း၊ စလင်းမြို့နယ်ထဲက ကျေးရွာနှစ်ရွာကို စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်လို့ အရပ်သား ပြည်သူထိခိုက်မှုတွေရှိတယ်လို့ သိရပါတယ်။ စလင်းမြို့နယ် ကူရင်းချောက်နဲ့ ငလှိုင်တွင်းကျေးရွာတွေကို ဇူလိုင် ၂၃ ရက်၊ ညနေ ၅ နာရီဝန်းကျင်မှာ လေကြောင်းကနေတိုက်ခိုက်ခဲ့တာပါ။ “အထိအခိုက် အသေအဆုံးတော့ အတည်ပြုဖို့ခက်သေးတယ်။ စက်လက်နဲ့ရော ပစ်တာ၊ လေကြောင်းကနေလည်း ဗုံးကြဲတယ်” လို့ဒေသခံတစ်ဦးက…

ဆားလင်းကြီးမြို့နယ်က စစ်ရှောင်ကလေးတွေ ရိက္ခာနဲ့ ဆေးဝါးပစ္စည်းတွေ လိုအပ်နေ

စစ်ကိုင်း၊ ဇူလိုင် ၂၃ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က စစ်ရှောင်ကလေးငယ်တွေအတွက် စားနပ်ရိက္ခာအပြင်၊ ခြင်လိမ်းဆေးဘူးနဲ့ သွေးလွန်တုပ်ကွေး ဆေးဝါးတွေလိုအပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်ကစလို့ ချင်းတွင်းမြစ်ကြောင်းတလျှောက်ကကျေးရွာတွေဟာ စစ်ဘေးရော ရေဘေးပါ ရှောင်နေရတာဖြစ်ပါတယ်။ “အညာက ရေဘေးရော စစ်ဒဏ်ရော ခံစားနေရတဲ့ပြည်သူလူထုတွေအတွက်လိုအပ်တဲ့ စားနပ်ရိက္ခာနဲ့ ဓာတ်ဆားတွေကူညီပံ့ပိုးပေးကြရင်တော့ အကောင်းဆုံးအနေအထားတစ်ခုဖြစ်ပါတယ်” လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ မချောစုဟန်ကသံလွင်တိုင်းမ်ကို​ပြောပါတယ်။…

လားရှိုးမှာ စစ်ကောင်စီရဲ့ ဒုဗိုလ်မှူးကြီးအပါအဝင် တပ်ဖွဲ့ဝင် ၃၀၀ ကျော် MNDAA ထံ အလင်းဝင်

လားရှိုး၊ ဇူလိုင် ၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်မှာ စစ်ကောင်စီရဲ့ ဒုဗိုလ်မှူးကြီးအဆင့်ရှိသူ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော် အလင်းဝင်ရောက်လာတယ်လို့ ကိုးကန့်အဖွဲ့ MNDAA က ဇူလိုင် ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ စစ်ကောင်စီရဲ့ တပ်မစခန်းမှ ဒုဗိုလ်မှူးကြီးတစ်ဦးက ဗိုလ်မှူး…

တရုတ်အွန်လိုင်း လောင်းကစားလုပ်ငန်းတွေ ချက်ချင်းပိတ်သိမ်းဖို့ ဖိလစ်ပိုင် သမ္မတ ညွှန်ကြား

မနီလာ၊ ဇူလိုင် ၂၃ ဖိလစ်ပိုင်နိုင်ငံမှာ တရုတ်နိုင်ငံသား အများစု ဖွင့်လှစ်ထားတဲ့ အွန်လိုင်း လောင်းကစားလုပ်ငန်းတွေကို ချက်ချင်း ပိတ်သိမ်းဖို့ ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ဇူလိုင် ၂၂ ရက်မှာ ညွှန်ကြားလိုက်ပါတယ်။ နိုင်ငံတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပြီး တရုတ်နိုင်ငံသား အများစု ဖွင့်လှစ်ထားတဲ့ အဲဒီအွန်လိုင်း လောင်းကစားလုပ်ငန်းတွေကြောင့် ငွေကြေးလိမ်လည်မှု၊ လူကုန်ကူးမှု၊…

အာဆီယံအစည်းအဝေးမှာ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ မြန်မာကိုယ်စားလှယ် တက်ရောက်ခွင့် အမေရိကန် ထောက်ခံ

ဝါရှင်တန်၊ ဇူလိုင် ၂၃ အခုသီတင်းပတ်အတွင်း လာအိုနိုင်ငံ ဗီယက်ကျန်းမြို့မှာ ကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ နိုင်ငံရေးနဲ့ မပတ်သက်တဲ့ မြန်မာကိုယ်စားလှယ် တက်ရောက်ခွင့်ကို ထောက်ခံကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထိပ်တန်းအရာရှိ တစ်ဦးက ပြောကြားခဲ့ပါတယ်။ လာမယ့် ဇူလိုင် ၂၄ ရက်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခအပါအဝင်…

လောင်းလုံးမှာ သပိတ်ကော်မတီဝင်တစ်ဦး နေအိမ်မီးရှို့ခံရ

လောင်းလုံး၊ ဇူလိုင် ၂၃ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ပြင်ကျောင်းကျေးရွာက ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ် ရှားမှု သပိတ်ကော်မတီဝင်တစ်ဦးနေအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့သွားတယ်လို့ အဲဒီသပိတ်ကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ မနေ့ ဇူလိုင် ၂၂ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ မြခပတ်ကျေးရွာကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ပြင်ကျောင်းကျေးရွာက သပိတ်ကော်မတီဝင် ရဲဘော်ဆူနာမီရဲ့ နေအိမ်ကို ဝင်ရောက်မီးရှို့သွားတာပါ။ ရဲဘော်…