June 2024

နှစ်ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၂၄ ခုကို TNLA ပူး ပေါင်းအဖွဲ့ သိမ်းပိုက်

ကျောက်မဲ၊ ဇွန် ၂၇ တအာင်းတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တို့ကြား တစ်ကျော့ပြန် စတင်ခဲ့တဲ့ ရှမ်းမြောက်က တိုက်ပွဲတွေမှာ နှစ်ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၂၄ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။ ဇွန် ၂၅ ရက်နေ့ မနက်အစောပိုင်းကစပြီး ၁၀၂၇ စစ်ဆင်ရေး အဆက်အဖြစ် မိုးမိတ်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနဲ့…

စစ်အာဏာသိမ်း (၁၂၄၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၃၃၈) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန် ၂၇ AAPP ရဲ့ ဇွန် ၂၆ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၄၂) ရက်အတွင်း ပြည်သူ (၅၃၃၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၉၁၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၈၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

တိုက်ပွဲပြင်းထန်နေချိန် စစ်မှုထမ်းအပတ်စဉ် ၁ က တပ်သား သစ်တွေကို တာဝန်စပေး

နေပြည်တော် ၊ ဇွန် ၂၇ စစ်ကောင်စီ ဖွင့်လှစ်ခဲ့တဲ့ စစ်မှုထမ်း အပတ်စဉ် ၁ က သင်တန်းသားတွေကို ဇွန်လကုန်မှာ တာဝန်စပေးတော့မှာဖြစ်လို့ လက်ရှိရင်ဆိုင်နေရတဲ့ ရှေ့တန်းစစ်မျက်နှာအသီးသီးမှာ ဖြန့်ခွဲပို့ဆောင်နိုင်တယ်လို့ နိုင်ငံရေးအကဲခတ်နဲ့ တော်လှန်ရေးတာဝန်ရှိသူက သုံးသပ်ကြပါတယ်။ နိုင်ငံအနှံ့ခုခံတော်လှန်စစ်ကြောင့် တပ်အင်အားပြုန်းတီးမှုကို ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက အခုနှစ်ဖေဖော်ဝါရီမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီး တပ်သားအဖြစ် စုဆောင်းခံရသူ အယောက် ၅၀၀၀…

ချောင်းဆုံမှာ တည်ဆောက်မယ့် ကျောက်မီးသွေးစက်ရုံစီမံကိန်း ဒေသခံတွေ လက်မခံ

ချောင်းဆုံ၊ ဇွန် ၂၇ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်(ဘီလူးကျွန်း)မှာ တည်ဆောက်မယ့် စစ်ကောင်စီရဲ့ ကျောက်မီးသွေးစက်ရုံစီမံကိန်းဟာ ဆိုးကျိုးများစွာ ဖြစ်ပေါ်လာနိုင်တဲ့အတွက် လက်မခံနိုင်ဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ချောင်းဆုံမြို့နယ်မှာ ကျောက်မီး သွေးစက်ရုံ တည်ဆောက်သွားမယ်လို့ ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်နေ့က တရုတ်သံအမတ် ချန်းဟိုင်နဲ့ တွေ့ဆုံစဉ် ထုတ်ဖော်ပြောဆိုခဲ့တာပါ။…

ရေးမြို့မရဲစခန်းက ဒုရဲတပ်ကြပ်တစ်ဦး ရေးဘီလူးအဖွဲ့ထံ အလင်းဝင်

ရေး၊ ဇွန် ၂၇ မွန်ပြည်နယ် ရေးမြို့အခြေစိုက် ရေးမြို့မရဲစခန်းက ဒုရဲတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်း ဝင်လာတယ်လို့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ဇွန် ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဒုရဲတပ်ကြပ် ရဲထက်ပိုင်ဟာ AK 47 သေနတ် တစ်လက်၊ ကျည်အတောင့် ၆၀ ၊ ကျည်ဘောက်နှစ်ခုယူဆောင် လာပြီး ရေးဘီလူးအဖွဲ့ထံ အလင်းဝင်ခဲ့တာပါ။ လက်နက်နဲ့တကွ…

ကျိုက်ထိုမှာ လက်နက်ကြီးကျလို့ အမျိုးသမီးတစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရ

ကျိုက်ထို၊ ဇွန် ၂၇ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် အခိုင်ကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ စစ်တောင်းစက္ကူစက်ရုံအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်ခဲ့တဲ့အတွက် အခိုင်ကျေးရွာနေ ဦးဝင်းဆန်း နေအိမ်ရှေ့မှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့်…

ရုရှားစစ်ဖက်ဆိုင်ရာ ထိပ်တန်းအရာရှိ နှစ်ဦးကို စစ်ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်းထုတ်

သည်ဟေ့ဂ်၊ ဇွန် ၂၆ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး ICC က ရုရှား ကာကွယ်ရေးဝန်ကြီးဟောင်း ဆာဂျီ ရှိုဂူးနဲ့စစ်ဦးစီးချုပ် ဘာလာရီ ဂျီရာဆီမော့ဗ်တို့ကို ဖမ်းဝရမ်း ထုတ်ပြန်လိုက်ပါတယ်။ အဲဒီ ရုရှားအရာရှိ နှစ်ဦးဟာ ယူကရိန်းစစ်ပွဲအတွင်း စစ်ရာဇဝတ်မှုတွေနဲ့လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ သံသယရှိကြောင်း ICC တရားသူကြီးတွေက ပြောပါတယ်။ ၂၀၂၂ ခုနှစ် အောက်တိုဘာလနဲ့…

ပွင့်ဖြူမြို့နယ်မှာ စစ်မှုထမ်းလူငယ်တွေအတွက် ကောက်ယူထားတဲ့ ငွေကြေးတွေကို ထောက်ပံ့ပေးခြင်းမရှိဟု ဆို

မကွေး၊ ဇွန် ၂၆ မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရတဲ့ လူငယ်တွေအတွက် ရပ်ကွက်နဲ့ ကျေးရွာအလိုက်၊ အိမ်ထောင်စုအလိုက် ငွေကြေးထည့်ဝင်ထားရပေမယ့် အဲဒီငွေကြေးတွေကို အမှန်တကယ် ထောက်ပံ့ပေးခြင်းမရှိဘူးလို့ ဒေသခံတွေကသံလွင်တိုင်းမ်ကိုပြောပါတယ်။ အဲဒီလူငယ်တွေ စစ်မှုထမ်းဖို့အတွက် အိမ်ထောင်စုအလိုက်အချိုးကျ ငွေကြေးကောက်ခံခဲ့ပေမယ့် အခြေခံစစ်သင်တန်းတက်ရသူတွေရဲ့ မိသားစုတွေကတော့ အဲဒီထောက်ပံ့ကြေးကိုမရကြတာလည်း ဖြစ်ပါတယ်။ “စစ်မှုထမ်းဖို့အတွက်ဆိုပြီး တစ်အိမ်ကိုဘယ်လောက် ကောက်တာရှိတယ်။ ရွာကလည်း သူတို့မထမ်းရတော့ ဝိုင်းပြီးထည့်တာပေါ့။…

အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦး ညှဉ်းပန်းနှိပ် စက်ခံရပြီး သေဆုံး

မန္တလေး၊ ဇွန် ၂၅ မန္တလေးတိုင်း မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေရဲ့ ဥပဒေမဲ့ ညှဉ်းပန်းနှိပ်စက်မှုကြောင့် နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။ စစ်ကိုင်းဒေသခံတစ်ဦးဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုထက်ရန်နိုင် (ခေါ်) ထက်ထက်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံရပြီးနောက် အကြမ်းဖက် ဥပဒေပုဒ်မ ၅၂…

ရွေးကောက်ပွဲဆိုင်ရာ အလောင်းအစား ၃ ခု ပြုလုပ်ခဲ့ကြောင်း ဗြိတိန်အစိုးရဝန်ကြီး ဝန်ခံ

လန်ဒန်၊ ဇွန် ၂၆ ဗြိတိန်ဝန်ကြီးချုပ် ရီရှီ ဆွန်နက်က ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို အမှတ်မထင် မကြေညာခင် သီတင်းပတ်အနည်းငယ်အလိုမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့် ရက်စွဲနဲ့ ပတ်သက်လို့ အလောင်းအစား ၃ ခုကို ပြုလုပ်ခဲ့ကြောင်း အစိုးရအဖွဲ့ဝင် ကွန်ဆာဗေးတစ်ဝန်ကြီး တစ်ဦးက ဝန်ခံလိုက်ပါတယ်။ စကော့တလန်ဝန်ကြီး အလီဆာ ဂျက်က ပြီးခဲ့တဲ့ မတ်လအတွင်း အလောင်းအစား နှစ်ကြိမ်…