June 12, 2024

စစ်အာဏာသိမ်း (၁၂၂၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၂၇၃) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန် ၁၃ AAPP ရဲ့ ဇွန် ၁၂ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၂၈) ရက်အတွင်း ပြည်သူ (၅၂၇၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၈၅၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၆၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် မြဝတီမြို့မှာ ဆန်ပြတ်လပ်

မြဝတီ၊ ဇွန် ၁၃ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီမြို့မှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေအတူနဲ့ နှစ်ဖက်စစ်ရေးတင်းမာမှုတွေကြောင့် ဇွန်လဆန်းပိုင်းကစပြီး ဆန်ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ မြဝတီ၊ သင်္ဃန်းညီနောင်၊ ကော့ကရိတ်မြို့အတွင်း စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့အကြား ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်စစ်ရေးအခြေအနေတွေကြောင့် နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးအပါအ ဝင် ဒေါနတောင်ပေါ်လမ်းဟောင်းတို့ဟာ…

မွန်ပြည်နယ်မှာ စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် တစ်လအတွင်း အရပ်သား ၁၃ ဦးသေဆုံး

မော်လမြိုင်၊ ဇွန် ၁၃ မွန်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ပြီးခဲ့တဲ့မေလတစ်လအတွင်း အရပ်သားပြည်သူ ၁၃ ဦး သေဆုံးခဲ့တယ်လို့ လဂွန်းအိမ်စာစဉ်ရဲ့ မွန်ဒေသလူ့အခွင့်အရေးအစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒါ့အပြင် ကလေး ၅ ဦး အပါအဝင် အရပ်သားပြည်သူ ၄၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် လက် နက်ကြီးကြောင့် အရပ်သားနေအိမ်အလုံး ၅၀ ကျော် ဖျက်ဆီးခံခဲ့ရတဲ့အထဲမှာ သထုံမြို့နယ်က…

မန်တုံမှာ မြေမြှုပ်မိုင်းနင်မိပြီး ကလေးတစ်ဦး ခြေထောက်ပြတ်

မန်တုံ၊ ဇွန် ၁၃ ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့ စစ်ရှောင်စခန်းမှ ကလေးငယ်တစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေ ထောက်ပြတ်တောက် ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL A က ဇွန် ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဇွန် ၁၁ ရက်နေ့ မနက် ၇ နာရီခွဲအချိန်ခန့်မှာ တပ်မဟာ (၃) စစ်ဒေသ မန်တုံမြို့ စစ်ရှောင်စခန်းမှ…

သထုံခရိုင်ချင်းဆက်လမ်းမှာ စစ်ကောင်စီတပ် အစစ်ဆေး ကြမ်းနေ

သထုံ၊ ဇွန် ၁၃ မွန်ပြည်နယ် သထုံမြို့နယ်ရဲ့ ခရိုင်ချင်းဆက်လမ်းပိုင်းတွေဖြစ်တဲ့ ကျိုက္ကော်- ဝီယော်နဲ့ ကြာပန်း – ဝီယော်လမ်းပိုင်းတွေမှာ ဇွန်လပထမအပတ်ကစပြီး စစ်ကောင်စီတပ်က ခရီးသွားပြည်သူတွေကို စစ် ဆေးမှုတွေ ပိုမိုပြုလုပ်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စစ်ကောင်စီရဲ့ ဝင်းပအခြေစိုက် အမှတ် ၉ ခြေမြန်တပ်ရင်းနဲ့ ဝီယော်တပ်စခန်းက တပ်ဖွဲ့ဝင်တွေဟာ သူတို့စခန်းအရှေ့မှာ ဂိတ်စခန်းတွေ ဖွင့်လှစ်ပြီး ကရင်အမျိုးသားအစည်းအရုံး…

အိန္ဒိယမှာ ကြက်ငှက်တုပ်ကွေး ရောဂါကူးစက်ခံရသူ ရှိခဲ့ကြောင်း WHO အတည်ပြု

နယူးဒေလီ၊ ဇွန် ၁၂ အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ်မှာ ကလေးငယ် တစ်ဦးဟာ H9N2 ခေါ်တဲ့ ကြက်ငှက်တုပ်ကွေး ကူးစက်ခံခဲ့ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဇွန် ၁၁ ရက်နေ့မှာ အတည်ပြုထားပါတယ်။ လူနာဟာ အသက် ၄ နှစ်အရွယ်ဖြစ်ပြီး နေကောင်းသွားလို့ ဆေးရုံက ဆင်းသွားပြီဖြစ်ကြောင်း WHO ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါဟာ…

မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှု တစ်ရာခိုင်နှုန်းပဲ ရှိမယ်လို့ ကမ္ဘာ့ဘဏ် ခန့်မှန်း

ဝါရှင်တန်၊ ဇွန် ၁၂ ပဋိပက္ခဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ အရှိန်မြင့်လာတဲ့ တိုက်ပွဲတွေ၊ လုပ်သားအင်အား ပြတ်လပ်မှုတွေနဲ့ ငွေကြေးတန်ဖိုး လျော့ကျမှုတွေကြောင့် စီးပွားရေး လုပ်ကိုင်ရ ပိုမိုခက်ခဲလာနေပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုဟာ တစ်ရာခိုင်နှုန်းပဲ ရှိမယ်လို့ ခန့်မှန်းကြောင်း ကမ္ဘာ့ဘဏ်က ဇွန် ၁၂ ရက်နေ့မှာ ဖော်ပြပါတယ်။ ၂၀၂၄ ခုနှစ် မတ်လမှာ အဆုံးသတ်တဲ့…

ပေါက်တောမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာရ

ပေါက်တော၊ ဇွန် ၁၂ ရခိုင်ပြည်နယ် ပေါက်တောမြို့မှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းအပါအဝင်လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ဇွန် ၁၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁၁ ရက် မနက် ၉ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်ဟာ ပေါက်တောမြို့ပေါ်ရပ်ကွက် ၁ ၊ သဝင်းချောင်းကျေးရွာ…