အစ္စရေးသို့ ဗုံးတွေပေးပို့မှု အမေရိကန် ရပ်ဆိုင်းပြီ

0
24

ဝါရှင်တန်၊ မေ ၈

ဂါဇာတောင်ပိုင်းရှိ ရာဖာမြို့ကို အစ္စရေးက စီစဉ်ထားတဲ့အတိုင်း ကြီးမားတဲ့ မြေပြင်ထိုးစစ်ဆင်မှုတွေ ပြုလုပ် လာနိုင်တဲ့အတွက် အမေရိကန်က အစ္စရေးသို့ ဗုံးတင်ပို့မှုကို ရပ်ဆိုင်းခဲ့တယ်လို့ အမေရိကန်အကြီးတန်း အစိုးရအရာရှိတစ်ဦးက ပြောပါတယ်။

အစ္စရေးသို့ တင်ပို့ဖို့ စီစဉ်ထားတဲ့ ဗုံးတွေမှာ ပေါင် ၁၈၀၀၊ ၂၀၀၀ ဗုံးတွေနဲ့ ပေါင် ၁၇၀၀၊ ၅၀၀ ဗုံးတွေ ပါဝင်ပြီး အဲဒီအစီအစဉ်ကို ပြီးခဲ့တဲ့သီတင်းပတ်အတွင်း စတပ်ရပ်ဆိုင်းလိုက်တာလို့ သူက ဆက် လက် ပြောကြားပါတယ်။

ရာဖာမှာရှိတဲ့ အရပ်သားတွေရဲ့ လူသားချင်းစာနာရေးဆိုင်ရာ လိုအပ်ချက်တွေနဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ စိုးရိမ်မှုတွေကို အစ္စရေးက အပြည်အဝဖြေရှင်းပေးမှု မရှိဘူးလို့လည်း ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့တော့ အစ္စရေးက မှတ်ချက်ပြုထားတာ မရှိသေးပါဘူး။

အီဂျစ်နဲ့ ထိစပ်နေတဲ့ နယ်စပ်ထွက်ပေါက် ရာဖာကို အစ္စရေးစစ်တပ်က သံချပ်ကာကားတွေရဲ့ အကူ အညီနဲ့ ထိန်းချုပ်လိုက်ပြီးနောက် ဂါဇာမှာ နောက်ထပ်လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေဟာ အထူးသဖြင့် ရာဖာမြို့တဝိုက်မှာ ပိုပြီးပြင်းထန်တယ်လို့ သိရပါတယ်။

မေ ၇ ရက် ညပိုင်းက အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၇ ဦး ပါဝင်တဲ့ မိသားစုတစ်စုလုံး သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းတွေက ပြောပါတယ်။

ရာဖာမြို့ဟာ အကူအညီပေးရေး အဓိကကျတဲ့မြို့ဖြစ်ပြီး စစ်ပွဲစတင်ပြီးကတည်းက လူတွေထွက် ပြေးလို့ရတဲ့ တစ်ခုတည်းသော ထွက်ပေါက်လည်း ဖြစ်ပါတယ်။

အစ္စရေးစစ်တပ်က ရာဖာမြို့ အရှေ့ပိုင်းဒေသက လူတွေကို ဘေးကင်းရာ ပြောင်းရွှေ့ကြဖို့ မေ ၆ ရက်နေ့က ညွှန်ကြားခဲ့ပြီး ဟားမာ့စ်အဖွဲ့ကို ချေမှုန်းရေး စစ်ဆင်ရေးတွေ ပြုလုပ်သွားမယ်လို့ ကြေ ညာထားပါတယ်။

အစ္စရေးဓားစာခံတွေနဲ့ ပါလက်စတိုင်း အကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ရေး ညှိနှိုင်းမှုတွေ ဆက်လက် ပြုလုပ်နေချိန်မှာ အစ္စရေးက ရာဖာကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ဂါဇာမှာ အစ္စရေးရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ မရပ်ဘူးဆိုရင် အပစ်ရပ်ရေး သဘောတူမှာ မ ဟုတ်ဘူးလို့ ဟားမာ့စ်အဖွဲ့က ပြောထားပါတယ်။

အပစ်ရပ်ရေး သဘောတူညီမှုရသည် ဖြစ်စေ၊ မရသည်ဖြစ်စေ ရာဖာကို စီစဉ်ထားတဲ့အတိုင်း တိုက် ခိုက်သွားမှာဖြစ်တယ်လို့ အစ္စရေးက ပြောဆိုထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.