ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရေး ဟွန်ဆန်တောင်းဆိုမှု စစ်ကောင်စီပယ်ချ

0
17
FILE PHOTO: Myanmar's State Counsellor Aung San Suu Kyi is welcomed by Cambodia's Prime Minister Hun Sen at the Peace Palace in Phnom Penh, Cambodia, April 30, 2019. REUTERS/Samrang Pring/File Photo

နေပြည်တော်၊ မေ ၁၀

၂၀၂၁ အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရရှိရေး ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ရဲ့ တောင်းဆိုမှုကို စစ်ကောင်စီက မေ ၈ ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။

သုံးနှစ်ကျော်ကြာ ထိန်းသိမ်းခံထားရချိန်အတွင်း ကျန်းမာရေး ပြဿနာအချို့ ရင်ဆိုင်နေရတယ်ဆိုတဲ့ အသက် ၇၈ နှစ်အရွယ် နိုဗယ်ဆုရှင်နဲ့ တွေ့ဆုံခွင့်ရရေးအတွက် နိုင်ငံခြားခေါင်းဆောင်တွေနဲ့ သံ တမန်တွေရဲ့ တောင်းဆိုမှုတွေကို စစ်ကောင်စီက အကြိမ်ကြိမ်ပယ်ချခဲ့ပါတယ်။

ကမ္ဘောဒီးယားကို ဆယ်စုနှစ်လေးစုကြာ အုပ်ချုပ်ခဲ့တဲ့ ဟွန်ဆန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗီဒီယိုလိုင်းကတဆင့် ဆက်သွယ်ခွင့်ရရေး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တောင်းဆိုခဲ့တယ်လို့ မေ ၇ ရက်နေ့မှာ ပြောကြားပါတယ်။

ဒါပေမဲ့ လောလောဆယ်မှာ စစ်ကောင်စီအနေနဲ့ တွေ့ဆုံခွင့်ပေးဖို့ အကြောင်းမရှိဘူးလို့ စစ်ကောင်စီ ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်တဲ့အသံဖိုင်မှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။

စစ်ကောင်စီအနေနဲ့ ကတိပေးထားတဲ့ အများကြီးနှောင့်နှေးနေတဲ့ ရွေးကောက်ပွဲကို ပျက်ကွက်မှုမရှိဘဲ ကျင်းပသွားမယ်လို့ သူကပြောကြားပေမယ့် အသေးစိတ်ကို ပြောမထားပါဘူး။

အနာဂတ်လုပ်ငန်းစဉ်တွေကို နှောင့်နှေးစေမယ့်၊ အနှောင့်အယှက်ဖြစ်စေမယ့် ကိစ္စတွေကို မိမိတို့ ရှောင်ရှားသွားမှာဖြစ်တယ်လို့ ဇော်မင်းထွန်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ထိန်းသိန်းခံရပြီးနောက်ပိုင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းက သူနဲ့ တစ်နာရီလောက် တွေ့ဆုံခွင့်ရခဲ့တယ်လို့ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ပြောကြားခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က မြန်မာတော်လှန်ရေး အင်အားစုတွေနဲ့ မကြာသေးခင်က တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ ဇော်မင်းထွန်းက အပြစ်တင်ပြောကြားပါတယ်။

မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားတွေကို ဖျက်ဆီးနေတဲ့ အကြမ်းဖက်အဖွဲ့တွေကို အားပေးတာက မသင့်တော်ဘူးလို့ မိမိတို့ယူဆကြောင်း ဇော်မင်းထွန်းက ပြောပါတယ်။

Ref:DailyMail

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.