April 2024

သင်္ကန်းညီနောင်ထံ စစ်ကူလာတဲ့ စစ်ကြောင်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦး သေ ဆုံး

မြဝတီ၊ ဧပြီ ၃ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ သင်္ကန်းညီနောင်အ‌ခြေစိုက် ခမရ (၃၅၅) တပ်ရင်း ပြန်လည်ရရှိရေးအတွက် စစ်ကူလာတဲ့ စစ်ကောင်စီပူးပေါင်းစစ်ကြောင်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦး သေဆုံးခဲ့တယ်လို့ KNU ဗဟိုက ဧပြီ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ကန်းညီနောင်အ‌ခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၃၅၅) တပ်ရင်းကို…

မွန်ရွာတွေကို တော်လှန်ရေးတပ်တွေလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ စစ်တပ် သတင်းမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ကရင်ပြည်နယ်၊ ဂျိုင်းမြစ်ဒေသတွင်းက ကော့ကရိတ်မြို့နယ် ကော့ဘိန်းရွာအနီးက မွန်ရွာတွေကို တော်လှန်ရေးတပ်တွေက လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတယ်လို့ စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖြန့်ဝေနေတာနဲ့ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို မှိုင်းဝေ၊ Kyaw Swar၊ Truth…

ကျိုက်ထိုမှာ ပျူစောထီးအဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

ကျိုက်ထို၊ ဧပြီ ၂ မွန်ပြည်နယ် ကျိုက်ထိုမြို့ ကော့စံနိုင်ရပ်ကွက်နေ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တစ်ဦးကို ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ထုတ်ပြန်ပါတယ်။ မနေ့ ဧပြီ ၁ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်မှာ အသက် ၇၀ အရွယ် ပျူစောထီးအဖွဲ့ဝင် ဦးမြအေးကို KRF နဲ့ ကျိုက်ထိုပကဖပူးပေါင်းတပ်ဖွဲ့က နေအိမ်အတွင်း…

ဖာပွန်မှာ စစ်ရှောင်ဘုန်းကြီးကျောင်း လေယာဉ်နဲ့ဗုံးကြဲခံရလို့ အရပ်သား ၈ ဦး သေဆုံး

ဖာပွန်၊ ဧပြီ ၂ ကရင်ပြည်နယ် ဖာပွန်မြို့ပေါ်မှာ စစ်ရှောင်ပြည်သူတွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင်ပြည်သူ ၈ ဦး သေဆုံးသွားခဲ့တယ်လို့ နယ် မြေခံသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ KNU နဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဖာပွန်မြို့ကို ပြီးခဲ့တဲ့ မတ် ၃၁ ရက်နေ့မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့လာရောက်ဗုံးကြဲ…

ရခိုင်နဲ့မကွေး ဆက်သွယ်ထားတဲ့ ကားလမ်း ရက်အကန့်အသတ်မရှိ ပိတ်တယ်လို့ AA ကြေညာ

အမ်း ၊ ဧပြီ ၂ ရခိုင်ပြည်နယ် အမ်းမြို့နဲ့ မကွေးတိုင်းကို ဆက်သွယ်ထားတဲ့ အမ်း-ပဒါန်း ကားလမ်းကို ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်း့ ရက္ခိုင့်တပ်တော် AA က ဒီနေ့ နေ့လည် ၁၁ နာရီခွဲအချိန်ခန့်မှာ အရေးပေါ်ကြေညာချက် ထုတ်ပြန်ပါတယ်။ အမ်းမြို့နဲ့ မကွေးတိုင်းကို ဆက်သွယ်ထားတဲ့ ကားလမ်းမပေါ်မှာ စစ်ကောင်စီတပ်က အင်အားတိုးချဲ့တာ၊ တပ်ရွှေ့ပြောင်းတာ၊ ရိက္ခာနဲ့ စစ်လက်နက်ခဲယမ်းတွေကို…

မွန်တိုးတက်ရေးပါတီကို နိုင်ငံရေးပါတီအဖြစ် စစ်ကောင်စီ မှတ်ပုံတင်ခွင့်ပြု

နေပြည်တော် ၊ ဧပြီ ၂ မွန်နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီ MUP က ကရင်ပြည်နယ်အတွင်း စည်းရုံးမယ့် မွန်တိုးတက် ရေးပါတီအမည်နဲ့ ပါတီမှတ်ပုံတင်လျှောက်ထားတာကို ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုလိုက်ပြီလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ ကရင်ပြည်နယ် ဘားအံမြို့ မှာ ပါတီရုံးချုပ်ဖွင့်လှစ်ထားတဲ့ မွန်တိုးတက်ရေးပါတီကို ၂၀၂၄ ခုနှစ် ဧ ပြီ ၁ ရက်နေ့ကစပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ…

နေတန်ယာဟုကို ဖြုတ်ချဖို့ အစ္စရေးနိုင်ငံသား ထောင်နဲ့ချီဆန္ဒထုတ်ဖော်

ဂျေရုစလင်၊ ဧပြီ ၂ အစ္စရေးမှာ ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး မကျေနပ်သူတွေ ပိုများလာတာကြောင့် နိုင်ငံရဲ့ သက်တမ်းရှည် ဝန်ကြီးချုပ် နေတန်ယာဟုကို ဖြုတ်ချရေး လူထောင်ပေါင်းများစွာက ဆန္ဒပြခဲ့ကြပါတယ်။ ဂျေရုစလင်မြို့ရဲ့ အဓိက တောင်မြောက်အဝေးပြေးလမ်းမကို ပိတ်ဆိုထားတဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မီးသတ်ပိုက်သုံးပြီး အနံ့ဆိုးတဲ့ အရည်တွေနဲ့ လူစုကွဲအောင်လုပ်ဆောင်ထားပါတယ်။ ဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ်နုတ်ထွက်ပေးရေးနဲ့ ဂါဇာမှာ ဖမ်းဆီးခံထားရတဲ့ ဓားစာခံ ၁၀၀…

တူရကီဒေသတွင်း ရွေးကောက်ပွဲတွေမှာ အတိုက်အခံတွေ အနိုင်ရ

အန်ကာရာ၊ ဧပြီ ၂ တူရကီနိုင်ငံမှာ အတိုက်အခံပါတီဟာ အဓိကမြို့တွေဖြစ်တဲ့ အစ္စတန်ဘူလ်နဲ့ အန်ကာရာတို့မှာ ရွေးကောက်ပွဲ အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။ လက်ရှိသမ္မတ အာဒိုဂန်ဟာ တတိယအကြိမ် သမ္မတသက်တမ်း သေချာခဲ့ပြီးနောက် တစ်နှစ်မပြည့်ခင်မှာပဲ အဲဒီမြို့တွေကိုပြန်လည်ထိန်းချုပ်ဖို့ မျှော်လင့်ထားပေမယ့် အခုရွေးကောက်ပွဲ ရလဒ်ဟာ သူ့အတွက်သိသာတဲ့ ထိုးနှက်ချက်တစ်ခုဖြစ်လာတာပါ။ သူကြီးပြင်းခဲ့တဲ့မြို့ဖြစ်ပြီး မြို့တော်ဝန်လည်းဖြစ်ခဲ့တဲ့ အစ္စတန်ဘူလ်မြို့မှာ ရွေးကောက်ပွဲ အနိုင်ရရေး အာဒိုဂန် ကိုယ်တိုင်ဦးဆောင်ပြီး…

မွန်ဒေသမှာ အပူချိန်မြင့်မားနေလို့ အပူရှပ်အန္တရာယ် အထူးသတိထားနေထိုင်ကြဖို့ တိုက်တွန်း

မော်လမြိုင် ၊ ဧပြီ ၂ အယ်လ်နီညိုရာသီဥတုကြောင့် မွန်ပြည်နယ်မှာ အပူချိန်တွေ သိသိသာသာမြင့်တက်လာတဲ့အတွက် ပြည်သူတွေအနေနဲ့ အပူရှပ်အန္တရာယ် အထူးသတိထားနေထိုင်ကြဖို့ ဆရာဝန်တွေက တိုက်တွန်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ မတ်လနောက်ဆုံးအပတ်ကစတင်ကာ မွန်ပြည်နယ်ရဲ့ မြို့နယ်အများစုမှာ နေ့အပူချိန်တွေ ပိုမိုမြင့်တက်လာပြီး အမြင်ဆုံးအပူချိန်တွေအဖြစ် စံချိန်တင်သစ်တာတွေ ရှိခဲ့တာပါ။ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ မတ် ၂၆ ရက်နေ့ ထုတ်ပြန်ချက်တွေအရ မော်လမြိုင်ဟာ နှစ်ပေါင်း…

စစ်အာဏာသိမ်း (၁၀၅၆) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၈၁၀) ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ ၂ AAPP ရဲ့ ဧပြီ ၁ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၅၆) ရက်အတွင်း ပြည်သူ (၄၈၁၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၄၆၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၁၇၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…