April 2024

တနင်္သာရီမှာ လက်နက်ကြီးကျလို့ သားအမိနှစ်ဦးဒဏ်ရာရ

တနင်္သာရီ၊ ဧပြီ ၃၀ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ရေခမ်းချောင်းကျေးရွာအနီးပတ်ဝန်းကျင်ကို ဧပြီ ၂၉ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် သားအမိနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရေခမ်းချောင်းကျေးရွာနေ အသက် ၃၀ ဝန်းကျင်အရွယ် နော်ကီတုတ်နဲ့ သမီးဖြစ်သူ အသက် ၁၃ နှစ်အရွယ် နော်ဝေဖာတို့ဟာ…

မိုးမောက်က အရပ်သားနေအိမ်တွေကို PDF တွေဖျက်ဆီးနေတယ်လို့ စစ်တပ်သတင်းမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ကချင်ပြည်နယ်၊မိုးမောက်မြို့က ပြည်သူတွေရဲ့ နေအိမ်တွေကို PDF တွေက ဖျက်ဆီးပြီး ပစ္စည်း ခိုးယူမှုတွေပြုလုပ်နေကာ အရပ်သားတွေကိုလည်း လူသားဒိုင်းအဖြစ်အသုံးပြုနေတယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ သတင်းမှားဖြန့်နေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါ တယ်။ ဒီအကြောင်းကို…

အရန်ငွေတွေ သိမ်းဆည်းခံရင် အမေရိကန်ရဲ့ ပိုင်ဆိုင်မှုတွေ ပြန်သိမ်းမယ်လို့ ရုရှား တုံ့ပြန်

မော်စကို၊ ဧပြီ ၃၀ အနောက်တိုင်းရှိ မိမိတို့အရန်ငွေတွေကို အမေရိကန်က သိမ်းဆည်းရင် ရုရှားရှိ အမေရိကန်နိုင်ငံ သားတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ငွေကြေးနဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းပြီး တုံ့ပြန်မယ်လို့ ရုရှားအကြီးတန်း လုံခြုံရေးအရာရှိ ဒီမီထရီ မက်ဗီဒေ့ဗ်က ပြောပါတယ်။ အမေရိကန်ဘဏ်တွေမှာ သိမ်းထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကို ဘိုင်ဒန်အစိုးရက သိမ်းယူပြီး ယူကရိန်းထံ လွှဲပြောင်းပို့ဆောင်ခွင့်ရှိတဲ့ ဥပဒေတစ်ရပ်ကို အမေရိကန်လွှတ်တော်အမတ်တွေက အတည်ပြုထားပြီး…

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ရာထူးကနေ နုတ်ထွက်

ဘန်ကောက်၊ ဧပြီ ၂၉ မြန်မာပဋိပက္ခကို ဖြေရှင်းရေးကူညီဖို့ ထိုင်းက ကြိုးပမ်းနေချိန် ဝန်ကြီးများအဖွဲ့ ရာထူးနေရာ အပြောင်းအလဲပြုလုပ်ပြီးနောက် နိုင်ငံခြားရေးဝန်ကြီး ပမ်ပရီ ဘာဟီဒါ နူကာရာ ရာထူးကနေ နုတ်ထွက်ကြောင်း ထိုင်းအစိုးရက ဧပြီ ၂၈ ရက်နေ့မှာ အတည်ပြုပါတယ်။ သူဟာ မြန်မာ့ပြဿနာကူညီ ဖြေရှင်းရေးအဖွဲ့ကို ဦးဆောင်နေသူဖြစ်ပြီး ပြီးခဲ့တဲ့လက လူသားချင်းစာနာရေး အကူအညီပေးမယ့် အစီအစဉ်ကို စတင်ခဲ့သလို…

“စစ်ကောင်စီရဲ့ မရပ်မနား တရစပ်လုပ်ဆောင်နေတဲ့ လေကြောင်းတိုက်ခိုက်မှုကတော့ စစ်ရာဇဝတ်မှုကို ပြောင် ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့ ပြောလို့ရပါတယ်။ တိုက်ခိုက်လို့ရတဲ့ဟာနဲ့ တိုက်ခိုက်လို့ မရတဲ့ဟာ မခွဲခြားပဲ ရောနှောပြီးတော့ တမင်ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာ ဒါက စစ်ရာဇဝတ်မှုမြောက်တယ်”

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်နဲ့အမျှ ဆက်လက်ကျူးလွန်တာပါ။ အဲဒီထဲမှာ ကရင်ပြည်နယ် ကော့ကရိတ်နဲ့မြဝတီမြို့နယ်တို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း အရပ်သားပြည် သူပိုင် အဆောက်အဦးတွေနဲ့ နေအိမ်တွေအပေါ် ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုတွေ ကျုးလွန်ခဲ့တဲ့ အတွက် အရပ်သားပြည်သူ ထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ ဒါကြောင့်…

စစ်အာဏာသိမ်း (၁၁၈၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၉၅၇) ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ ၃၀ AAPP ရဲ့ ဧပြီ ၂၉ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၈၄) ရက်အတွင်း ပြည်သူ (၄၉၅၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၅၇၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၁၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

အသက် ၆၇ နှစ်ထက်မကျော်တဲ့ စစ်သားဟောင်းတွေ စစ်မှုပြန်ထမ်းဖို့ စစ်ကောင်စီညွှန်ကြား

နေပြည်တော် ၊ ဧပြီ ၃၀ နိုင်ငံအနှံ့တိုက်ပွဲတွေမှာ စစ်ရှုံးနိမ့်နေတဲ့ စစ်ကောင်စီတပ်ဟာ အသက် ၆၇ နှစ်ထက် မကျော်တဲ့ စစ် သားဟောင်းတွေကို အရန်တပ်ဖွဲ့ဝင်အဖြစ် ပြန်လည်စစ်မှုထမ်းဖို့ လျှို့ဝှက်ညွှန်ကြားထားတယ်လို့ စစ်တပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ စစ်သားဟောင်းတွေကို ပြန်လည်စစ်မှုထမ်းခိုင်းနိုင်ဖို့အတွက် အရန်တပ်ဖွဲ့ဝင် စစ်မှုထမ်းစည်းမျဉ်းကို ဧပြီ ၁၂ ရက်နေ့မှာ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) စစ်ရေးချုပ်ရုံးက…

စစ်ကြောင်းဝင်ထားတဲ့ ဂျိုင်းမြစ်ဒေသမှာ အရပ်သား ၃၀ ထက်မနည်း သတ်ဖြတ်ခံရ

ကျိုက်မရော ၊ ဧပြီ ၃၀ စစ်ကောင်စီတပ်ဟာ လက်လွှတ်ခဲ့ရတဲ့ ကော့ဘိန်းနယ်မြေရဲစခန်းနဲ့ ဂျိုင်းမြစ်ဒေသကို နယ်မြေစိုးမိုးမှု ပြန်လည်ရယူဖို့ ကြိုးပမ်းရာမှာ ကျောင်းထိုင်ဆရာတော် တစ်ပါးအပါအဝင် အရပ်သား ၃၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီကနေ သိရပါတယ်။ သတ်ဖြတ်ခံရသူတွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စခန်းချထားတဲ့ နေရာတွေနဲ့ စစ်ကြောင်းထိုးဝင်ရောက်ရာမှာတွေ့ရှိတဲ့ အရပ်သားတချို့ကို ဖမ်းဆီးစစ်ဆေးပြီး သတ်ဖြတ်တာ၊ ရမ်းသမ်းပစ်ခတ်တာနဲ့ လက်နက်ကြီးကျရောက်မှုကြောင့် သေဆုံးခဲ့ရတာပါ။…

ပလမြို့ရဲစခန်းနဲ့ စစ်ကောင်စီတပ်စခန်းတစ်ခု တိုက်ခိုက်ခံရပြီး ၄ ဦး ဒဏ်ရာရ

ပုလော၊ ဧပြီ ၃၀ တနင်္သာရီတိုင်း ပုလောမြို့နယ် ပလမြို့ရဲစခန်းနဲ့ တိုတောင်ပေါ်ရှိ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတို့ ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ ထံကနေ သိရပါတယ်။ ဧပြီ ၂၈ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်မှာ မြိတ်ခရိုင်တပ်ရင်း ၁ က စစ်ကောင်စီရဲ့ ပလမြို့ရဲစခန်းကို ဒရုန်းနဲ့…

ဘီးလင်းမြို့နယ် တဂေးလောင်းရွာကို စစ်တပ်လေယာဉ်နဲ့ဗုံးကြဲ

ဘီးလင်း၊ ဧပြီ ၂၉ ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ သထုံခရိုင် ဘီးလင်းမြို့နယ် တဂေးလောင်းကျေးရွာကို စစ်ကောင်စီတပ်ကနေ လေယာဉ်နဲ့လာရောက် ဗုံးကြဲသွားတယ်လို့ KNU ဗဟိုက ဒီနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ ဧပြီ ၂၈ ရက်နေ့ မနက် ၁၁ နာရီခွဲအချိန်ခန့်မှာ တဂေးလောင်းကျေးရွာထဲကို တိုက်ပွဲမရှိဘဲ လေယာဉ်နဲ့ ဗုံးနှစ်လုံး ကြဲချသွားခဲ့တယ်လို့ ထုတ်ပြန်ချက်အရ…