April 27, 2024

အမေရိကန်နဲ့တရုတ်ဟာ ပြိုင်ဘက်တွေမဟုတ်ဘဲ မိတ်ဖက်ဖြစ်သင့်တယ်လို့ သမ္မတ ရှီကျင့်ဖျင် ပြော

ဘေဂျင်း ၊ဧပြီ ၂၈ ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံဟာ ပြိုင်ဘက်တွေမဟုတ်ဘဲ လက်တွဲဖော်တွေ ဖြစ်သင့်တယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကို ပြောခဲ့ပါတယ်။ သမ္မတရှီက မိမိတို့ရဲ့ ဆက်ဆံရေးတွေမှာတော့ ဖြေရှင်းရမယ့် ကိစ္စတော်တော်များများရှိနေတယ် လို့ ဘလင်ကန်နဲ့ တွေ့ဆုံချိန်မှာပြောခဲ့တာပါ။ တစ်နှစ်အတွင်း တရုတ်ကို ဒုတိယအကြိမ်ရောက်ရှိလာတဲ့ ဘလင်ကန်ဟာ ဘေဂျင်းမှာ တရုတ်ထိပ် တန်းနိုင်ငံရေးသမားတွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး တရုတ်၊ထိုင်ဝမ်အရေးနဲ့…

မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံက ပိုမိုပါဝင်သင့်တယ်လို့ ထိုင်း တိုက်တွန်း

ဘန်ကောက်၊ဧပြီ ၂၈ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံရဲ့ပြဿနာကို ဖြေရှင်းရေး အာဆီယံက ပိုမိုတက်ကြွတဲ့ အခန်းကဏ္ဍက ပါဝင်ဖို့ ထိုင်းအစိုးရက တိုက်တွန်းလိုက်ပါတယ်။ အာဆီယံက မြန်မာပြဿနာကိုဖြေရှင်းရေး ဘုံသဘောတူညီချက် ၅ ချက်ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီက အကောင်အထည်ဖော်မယ်လို့ သဘောတူခဲ့ပေမယ့် အမှန်တကယ် အကောင်အထည်မဖော်နိုင်ဖြစ်နေတာကြောင့် အာဆီယံအဖွဲ့တွင်းမှာ သဘောထားကွဲလွဲမှုတွေရှိနေတာပါ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနဲ့ အာဆီယံ လက်ရှိဥက္ကဋ္ဌ လာအိုအပါအဝင် ထိုင်းနိုင်ငံက…

ဂျိုင်းမြစ်ဒေသစစ်ရှောင်တွေ နေရပ်ပြန်လာဖို့ စစ်ကောင်စီ လိုက်လံစည်းရုံး ၊ ဒေသခံပြည်သူတွေ အယုံအကြည်မရှိ

ကျိုက်မရော ၊ ဧပြီ ၂၈ မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်တောင်ဘက် ရမ္မာဝတီကားလမ်းပေါ်ရှိ ကော့ဘိန်း၊ ဓမ္မသနဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတွေက နေရပ်စွန့်ခွာ စစ်ရှောင်ပြည်သူတွေအနေနဲ့ မိမိတို့ ကျေး ရွာတွေမှာ ပြန်လည်ဝင်ရောက်နေထိုင်ကြဖို့ စစ်ကောင်စီက လိုက်လံစည်းရုံးနေပါတယ်။ နေရပ်စွန့်ခွာခဲ့ကြတဲ့ ဒေသခံတွေကို မိမိတို့ နေရပ်တွေမှာ ပြန်လည်ဝင်ရောက်နေထိုင်ကြဖို့ မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့က ဘုန်းကြီးကျောင်းတွေမှာ တိမ်းရှောင်နေကြတဲ့ စစ်ရှောင်ပြည်သူတွေကို စစ်ကောင်စီ…

မော်လမြိုင်မြို့ပေါ်မှာ စစ်မှုထမ်းဖို့ လူငယ်တွေကို လိုက်လံဖမ်းဆီးမှုတွေရှိနေ

မော်လမြိုင် ၊ ဧပြီ ၂၇ မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက စစ်မှုထမ်းဖို့အတွက် အသက်ပြည့်တဲ့လူငယ်တွေကို ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီကနေ စာရင်းတွေတောင်းယူပြီး လိုက် လံ ဖမ်းဆီးမှုတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေဟာ ညဘက်တွေမှာ လုံခြုံရေးအကြောင်းပြချက်နဲ့ လှည့် ကင်းလှည့်လည်တာ၊ နေရာအနှံ့စစ်ဆေး မေးမြန်းတာတွေ ပြုလုပ်ပြီးနောက် စစ်မှုထမ်းစာရင်းပါရှိတဲ့ လူငယ်တွေကို…

ဖာပွန်မြို့နယ် အလုံးစုံမကျရေး စစ်ကောင်စီတပ်ရင်းတွေ ပြန်လည်စုစည်းပြီး ခုခံတိုက်ခိုက်နေ

ဖာပွန်၊ ဧပြီ ၂၈ ကရင်ပြည်နယ် ဖာပွန်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်း ခမရ ၄၃၄ ကို KNLA ပူးပေါင်းတပ်ဖွဲ့က တိုက် ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဖာပွန်စစ်ဗျူဟာနဲ့ တပ်ရင်း ၂ ရင်းမှာ ပြန်လည်စုစည်းပြီး ခုခံတိုက်ခိုက်နေကြတယ်လို့ တပ်မဟာ ၅ ပြောခွင့်ရက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဧပြီ ၂၅ ရက်နေ့က KNU ဖာပွန်ခရိုင်…

သထုံ သိမ်ဆိပ်ရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ရဲ ၄ ဦး ဒဏ်ရာရ

သထုံ၊ ဧပြီ ၂၈ မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ရှိ သိမ်ဆိပ်နယ်မြေရဲစခန်းဟာ ဧပြီ ၂၇ ရက်နေ့ မနက် ၉ နာရီအ ချိန်ခန့်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် ရဲတပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရဲစခန်းနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သိမ်ဆိပ်ရဲစခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံး ၃ လုံးချပြီး တိုက်ခိုက်ခဲ့တဲ့အ…

ဖာပွန်တိုက်ပွဲမှာ PDF အထူးကွန်မန်ဒိုတစ်ဦး ကျဆုံး

ဖာပွန်၊ဧပြီ ၂၇ ကရင်ပြည်နယ်၊ဖာပွန်တိုက်ပွဲတွေမှာ PDF အထူးကွန်မန်ဒိုတပ်ရင်း P29914 မှအထူးကွန်မန်ဒို တစ်ဦး ကျဆုံးခဲ့တယ်လို့ ရိုးမစစ်ကြောင်း – ၂ က ဒီနေ့ ဧပြီလ ၂၇ ရက်စွဲနဲ့ သတင်းထုတ်ပြန် ထားပါတယ်။ ဖာပွန်အခြေစိုက် စစ်ကောင်စီ ခမရ ၄၃၄ အထိုင်စခန်းသိမ်းတိုက်ပွဲမှာ အထူးကွန်မန်ဒိုတပ်ရင်း ရိုးမ – ၂ စစ်ကြောင်းမှ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့အတူ…

ဘီးလင်းမှာ လက်နက်ကြီးကျလို့ ဒေသခံနှစ်ဦးဒဏ်ရာရ

ဘီးလင်း၊ ဧပြီ ၂၇ မွန်ပြည်နယ် ဘီးလင်းမြို့နယ် မရမ်းကုန်းကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ရှစ်လုံး ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက ဒီကနေ့ ဧပြီ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဧပြီ ၂၅ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်မှာ ဘီးလင်းနဲ့သထုံအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကနေ လက်နက်ကြီး ၇ လုံးထက်မနည်း…

ရခိုင်ကမြို့နှစ်မြို့ကို AA ညမထွက်ရ အမိန့်ထုတ်ပြန်

ဘူးသီးတောင်၊ ဧပြီ ၂၇ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့တို့ကို ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ကြောင်း ရက္ခိုင့်တပ်တော် AA က ဧပြီ ၂၆ ရက်နေ့ ညပိုင်းမှာ ကြေညာပါတယ်။ အဲဒီမြို့နှစ်မြို့ကို ဧပြီ ၂၆ ရက်နေ့ကစပြီး ည ၇ နာရီမှ မနက် ၆ နာရီအတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပြီး…

စစ်ကောင်စီတပ်ထံသွားပို့မယ့် ကျပ်သိန်းငါးရာကျော်ကို ကော့သောင်းပကဖ သိမ်းယူ

ကော့သောင်း၊ ဧပြီ ၂၇ တနင်္သာရီတိုင်း ခမောက်ကြီးမြို့အခြေစိုက် အမှတ် ၂၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ထံ သွား ရောက်ပို့ဆောင်မယ့် ငွေကျပ်သိန်းငါးရာကျော်ကို သိမ်းဆည်းလိုက်တယ်လို့ ကော့သောင်းမြို့နယ် ပကဖ ပြန်ကြာရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဧပြီ ၂၆ ရက်နေ့ မနက်ပိုင်း ၉ နာရီအချိန်ခန့်မှာ ကော့သောင်း ပကဖ ပူးပေါင်းတပ်ဖွဲ့တွေက ဆိပ်ဖူးရွာနဲ့ အောင်ချမ်းသာရွာကြားမှာ နယ်မြေလုံခြုံရေးအတွက် ရှောင်တခင်စစ်ဆေးရေးမှုတွေ…