April 11, 2024

တောင်ကိုရီးယားရွေးကောက်ပွဲမှာ အတိုက်အခံခေါင်းဆောင် အနိုင်ရ

ဆိုးလ်၊ ဧပြီ ၁၂ တောင်ကိုရီးယားရွေးကောက်ပွဲမှာ နိုင်ငံရဲ့ အငြင်းပွားစရာ နိုင်ငံရေးသမားဖြစ်တဲ့ အတိုက်အခံခေါင်းဆောင် လီဂျေးမြွန်း အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့ ဒီမိုကရက်တစ်ပါတီဟာ လွှတ်တော်ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့တာကြောင့် တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ယိုအနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်လာရနိုင်ပါတယ်။ ဘာမှမရှိတဲ့ အခြေအနေကနေ လူချမ်းသာဖြစ်လာခဲ့တဲ့ သူ့ရဲ့ဇာတ်လမ်းကို ပြောရင်း တောင်ကိုရီးယား နိုင်ငံရေးလောကမှာ ထိပ်ဆုံးနေရာကို ရောက်လာခဲ့တဲ့…

MPT လုပ်ငန်းမှာ အရှုံးပေါ်ခဲ့တယ်လို့ ဂျပန်ဆက်သွယ်ရေးကုမ္ပဏီတွေ ကြေညာ

ရန်ကုန်၊ဧပြီ ၁၂ မြန်မာဆက်သွယ်ရေးလုပ်ငန်း MPT နဲ့ သူ့ရဲ့ဌားရမ်းစရိတ်နဲ့ပတ်သက်တဲ့ သံသယဖြစ်ဖွယ် အကြွေးကျန်တွေအတွက် ငွေကြေးဈေးကွက် ကန့်သတ်မှုတွေကြောင့် ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီ KDDI က ဒေါ်လာ သန်း ၆၉၀ ဆုံးရှုံးမှုရှိတယ်လို့ ကြေညာခဲ့ပါတယ်။ KDDI ရဲ့ မတ်လမှာ အဆုံးသတ်တဲ့ ဘဏ္ဍာရေးကာလအတွက် အသားတင်အမြတ်ခန့်မှန်းချက် ကို ယန်း ၄၅ ဘီလျံလျှော့ပြီး ပြန်ပြောင်းခန့်မှန်းထားတာပါ။…

စစ်အာဏာသိမ်း (၁၁၆၆) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၈၈၂) ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ ၁၂ AAPP ရဲ့ ဧပြီ ၁၁ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၆၆) ရက်အတွင်း ပြည်သူ (၄၈၈၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၅၁၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၁၇၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

ဂျိုင်းစစ်ဒေသကို ကြည်း၊ ရေ၊ လေတပ်တွေနဲ့ စစ်ကောင်စီ ဘာကြောင့် တန်ပြန်တိုက်ခိုက်နေလဲ

ကျိုက်မရော ၊ ဧပြီ ၁၂ ပြည်နယ်နှစ်ခုကြား ကွေ့ကောက်စွာ စီးဆင်းနေတဲ့ ဂျိုင်းမြစ်ရဲ့ တောင်ဘက် မြစ်ကမ်းနားဘေးအနီးတဝိုက်က မွန်ကျေးရွာတွေမှာ စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ စစ်ကြောင်းတွေနဲ့ တန်ပြန်တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ မွန်နဲ့ကရင်ပြည်နယ်အစပ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းနယ်မြေရဲစခန်းကို လက်နက်ကိုင်မဟာ မိတ်တပ်ဖွဲ့ တွေက မတ် ၂၅ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက အနီးတဝိုက်‌ကျေးရွာတွေကို…

မွန်ပြည်နယ်မှာ ဌာနဆိုင်ရာရုံးတွေ ဟန်ပြလောက်သာ လည်ပတ်နိုင်တော့

မော်လမြိုင် ၊ ဧပြီ ၁၂ မွန်ပြည်နယ်မှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဌာနဆိုင်ရာရုံးအများစုဟာ အရင်လိုပုံမှန်အတိုင်း ရုံးလုပ်ငန်းတွေ မလည်ပတ်နိုင်တော့ဘဲ ဟန်ပြလောက်သာ လည်ပတ်နေရတယ်လို့ အမည်မဖော်လိုတဲ့ Non CDM ဝန်ထမ်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်းသုံးနှစ်ကျော်ကာလအတွင်း ပြည်နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးတွေအပါအဝင် စစ်ကောင်စီခန့် ဝန်ကြီးတွေ ရုံးထိုင်တဲ့ မွန်ပြည်နယ်အစိုးရရုံးကအစ ရုံးလုပ်ငန်းတွေကို ပုံမှန်အတိုင်း မလည်ပတ်နိုင်တော့ဘဲ အုပ်ချုပ်ရေးကဏ္ဍတချို့…

မြဝတီမြို့စောင့်တပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိုင်းနိုင်ငံထဲထွက်ပြေးဖို့ ကြိုးပမ်းနေ

မြဝတီ၊ ဧပြီ ၁၁ ကရင်ပြည်နယ် မြဝတီမြို့မှာရှိတဲ့ ခလရ ၂၇၅ တပ်ရင်းကို KNLA ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဆုတ်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အမှတ် ၂ တံတားမှာ ပုန်းရှောင်လျက်ရှိပြီး ထိုင်းနိုင်ငံထဲထွက်ပြေးဖို့ စီစဉ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ မြဝတီမြို့အခြေစိုက် စစ်ကောင်စီ ခလရ ၂၇၅ တပ်ရင်းဌာနချုပ်ကို KNLA ပူးပေါင်းအဖွဲ့က ဧပြီ ၈…

ကျိုက်မရောမှာ မြေမြှုပ်မိုင်းနင်းမိပြီး ဒေသခံလူငယ်တစ်ဦးဒဏ်ရာရ

ကျိုက်မရော၊ ဧပြီ ၁၂ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တောင်ကလေးကျေးရွာအရှေ့ဘက် ရော်ဘာခြံအတွင်းမှာ ဧပြီ ၁၁ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်က ဒေသခံလူငယ်တစ်ဦး မြေမြှုပ်မိုင်းနင်းမိတာကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ တောင်ကလေးကျေးရွာနေ အသက် ၁၅ နှစ်အရွယ် ဒေသခံလူငယ် မောင်ဇင်မင်းခန့်ဟာ ရော်ဘာအစေးသွားကောက်ဖို့ သွားစဉ် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုနဲ့ ကြုံခဲ့ရတာပါ။ မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့်…

မြဝတီအမှတ် ၂ တံတားဘက်ကို ပြည်သူတွေမသွားဖို့ KNU သတိပေး

မြဝတီ၊ဧပြီ ၁၁ ကရင်ပြည်နယ်၊ မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ တပ်စခန်းမှ ထွက်ပြေးသွားတဲ့ စစ်ကောင်စီ တပ်သားတွေ ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် ၂ မြဝတီတံတားကို ထွက်ပြေးပုန်းရှောင်နေ တာကြောင့် တံတားအနီးတဝိုက်ကို မသွားရောက်ကြဖို့ KNU က သတိပေးလိုက်ပါတယ်။ ဒီနေ့ ဧပြီလ ၁၁ ရက်နေ့ မနက်ပိုင်းမှာ KNLA ဦးဆောင်ပြီး KNDO…

ဓမ္မသကျေးရွာက ပြည်သူတွေရဲ့နေအိမ်တွေကို တော်လှန်ရေးတပ်တွေ ဖောက်ထွင်းမှုတွေရှိနေ တယ်လို့ သတင်းမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာက ပြည်သူတွေရဲ့ နေအိမ်တွေကို တော်လှန်ရေး တပ်တွေ ဖောက်ထွင်းနေတယ်လို့ စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖြန့်ချီနေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို Saw Ba Maungနဲ့ ဟန်ငြိမ်းဦးစတဲ့…

ပြည်တွင်းရွှေဈေး ၄၈ သိန်းအထိ စံချိန်သစ်ထပ်တင်

မော်လမြိုင်၊ ဧပြီ ၁၁ ပြည်တွင်းရွှေဈေးနှုန်းဟာ ဒေါ်လာဈေးနှုန်းမြင့်တက်လာမှုနဲ့အတူ တိုင်းပြည်မတည်ငြိမ်မှုတွေကြောင့် မီးလင်း အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၄၈ သိန်းအထိ စံချိန်တင်ဈေးနှုန်း မြင့်တက်လာခဲ့တယ်လို့ ရွှေလုပ်ငန်းလုပ် ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဧပြီ ၁ ရက်နေ့က တစ်ကျပ်သား ကျပ် ၄၄ သိန်းဝန်းကျင်မှာသာရှိခဲ့တဲ့ ပြည်တွင်းအခေါက်ရွှေဈေးနှုန်းဟာ ဧပြီ ၁၀ ရက်နေ့မှာတော့ တစ်ကျပ်သားကို…