2024

တွေ့ဆုံဆွေးနွေးရေးဗျူဟာ စစ်ကောင်စီ ဘာကြောင့်သုံးနေသလဲ

နေပြည်တော် ၊ ဇန်နဝါရီ ၁ စစ်တပ်သမိုင်းကို အလှည့်အပြောင်းတွေနဲ့ အချိုးအကွေ့ဖြစ်စေခဲ့တဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး တိုက်ပွဲတွေအတွင်း ငြိမ်းချမ်းရေးတံခါး အမြဲဖွင့်ထားကြောင်း စစ်ကောင်စီက အဆက်မ ပြတ် ကမ်းလှမ်းလာနေပါတယ်။ အရေးနိမ့်မှုတွေ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက ထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အားထုတ်တဲ့အနေနဲ့ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းကသာ အောင်မြင်နိုင်မယ်လို့ မကြာခဏပြောလေ့ရှိပါတယ်။ အထူးသဖြင့် အစဉ်အလာကြီးမားတဲ့ အရှေ့‌မြောက်တိုင်းစစ်ဌာနချုပ်ကို ပထမဆုံး…

မွန်ပြည်နယ်မှာ လိုင်စင်မဲ့ယာဉ်တွေကို စစ်ကောင်စီ ဖမ်းဆီးငွေညှစ်နေ

မော်လမြိုင် ၊ ဇန်နဝါရီ ၁ မွန်ပြည်နယ်မှာ လိုင်စင်မဲ့ယာဉ်တွေကို စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက စီမံချက်နဲ့ဖမ်းဆီးပြီးနောက် ခြိမ်းခြောက်ငွေညှစ်တာအပြင် လူတွေကိုပါအမှုဖွင့်အရေးယူတာတွေ ရှိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာ လိုင်စင်မဲ့မော်တော်ယာဉ်တွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာတတိယအ ပတ်လောက်က စတင်ပြီး စီမံချက်နဲ့ သူတို့ထိန်းချုပ်ထားနိုင်တဲ့ မြို့နယ်တွေမှာ ဖမ်းဆီးမှုတွေ ပြု လုပ်နေတာပါ။ ဖမ်းဆီးတဲ့ နေရာမှာတော့ လိုင်စင်မဲ့မော်တော်ကားတွေအပြင် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တွေကိုပါ…

သထုံခရိုင်က မီတာခကြွေးကျန် ကျေးရွာတွေကို စစ်ကောင်စီ ထပ်မံဖိအားပေးလာ

သထုံ၊ ဇန်နဝါရီ ၁ မွန်ပြည်နယ် သထုံခရိုင်အတွင်းမှာ လျှပ်စစ်မီတာခ အကြွေးကျန်ရှိတဲ့ ကျေးရွာတွေကို သုံးလအ တွင်း အရစ်ကျစနစ်နဲ့ ပေးဆောင်ဖို့နဲ့ မပေးဆောင်ပါက မီးဖြတ်မယ်လို့ စစ်ကောင်စီက ထပ်မံခြိမ်း ခြောက်လာပါတယ်။ သထုံခရိုင်အတွင်းရှိ မီတာခအ‌ကြွေးကျန်ရှိတဲ့ ကိုယ်ထူကိုယ်ထ ကျေးရွာမီးလင်းရေးကော်မတီတွေကို စစ်ကောင်စီက ဒီဇင်ဘာလကနေ လာမယ့်ဖေဖော်ဝါရီလအထိ သုံးလအပြီးနဲ့ သုံးရစ်ခွဲကာ မီ တာခ မဖြစ်မနေပေးဆောင်ဖို့ ဖိအားပေးလာတာပါ။…

ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကျင်းပတဲ့ နေရာ နှစ်ခု စစ်ကောင်စီရဲ့ ဗုံးကြဲမှု KNU ကန့်ကွက်ရှုတ်ချ

သထုံ၊ ဒီဇင်ဘာ ၃၁ ကရင်လူမျိုးတို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကျင်းပတဲ့ နေရာ နှစ်ခုကို စစ်ကောင်စီ လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဒီဇင်ဘာ ၃၁ ရက်နေ့ နေ့လယ်ပိုင်းမှာ ကြေညာချက်ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့အတွက် KNU သထုံခရိုင် ယိုကလားနဲ့ ထီးဖဒိုထာအကြားနဲ့…

PNLO ဌာနချုပ်ကို စစ်ကောင်စီ ဗုံးကြဲ

ဆီဆိုင်၊ ဒီဇင်ဘာ ၃၁ ရှမ်းပြည်နယ်တောင်ပိုင်းဒေသမှာ အခြေစိုက်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA ဌာနချုပ်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့လာရောက်ဗုံးကြဲသွားတယ်လို့ PNLA က သတင်းထုတ်ပြန်ပါတယ်။ ဒီနေ့ ဒီဇင်ဘာ ၃၁ ရက် မနက် ၁၁ နာရီအချိန်မှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ PNLO/PNLA ဌာနချုပ်ကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးလေးလုံး ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့်…

နယ်စပ်အရေး စစ်ကောင်စီ၊ AA တို့နဲ့ ဆွေးနွေးနေတယ်လို့ ဘင်္ဂလားဒေ့ချ် ပြော

ဒါကာ၊ ဒီဇင်ဘာ ၃၁ နယ်စပ်တင်းမာမှုတွေနဲ့ ပတ်သက်လို့ မြန်မာဘက်က စစ်ကောင်စီ၊ အာရက္ခတပ်တော် AA နှစ်ဖွဲ့စလုံးနဲ့ ဆက်သွယ် ဆွေးနွေးနေတယ်လို့ ပါမောက္ခ မိုဟာမက် ယူနာ့စ် ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ချ် ယာယီ အစိုးရက ဒီဇင်ဘာ ၃၀ ရက်မှာ ပြောကြားလိုက်ပါတယ်။ ၂၇၁ ကီလိုမီတာ ရှည်လျားတဲ့ နယ်စပ်တစ်ခုလုံးကို အခုအချိန်မှာ အာရက္ခတပ်တော် AA…

ယူကရိန်းကို စစ်ရေးအကူအညီ ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ ထပ်ပေးကြောင်း ဘိုင်ဒန် ကြေညာ

ဝါရှင်တန်၊ ဒီဇင်ဘာ ၃၁ သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ဒေါ်နယ်ထရန့် အိမ်ဖြူတော်သို့ ရောက်မလာခင် လက်ကျန် သမ္မတသက်တမ်းအတွင်း ယူကရိန်းသို့ စစ်ရေးအကူအညီ တတ်နိုင်သမျှ အများဆုံး ပေးပို့နိုင်ရေး ကြိုးပမ်းနေတဲ့ အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်က ယူကရိန်းအတွက် နောက်ထပ် စစ်ရေးအကူအညီ ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ ပေးအပ်ကြောင်း ဒီဇင်ဘာ…

အကျဉ်းထောင်တွေမှာ တစ်နှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ၃၁ ဦး အသတ်ခံရ

မော်လမြိုင်၊ ဒီဇင်ဘာ ၃၁ နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေမှာ စစ်ကောင်စီရဲ့ ဥပဒေမဲ့ သတ်ဖြတ်မှုနဲ့ လုံလောက်တဲ့ ဆေးကုသမှု မရတာကြောင့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူစုစုပေါင်း ၃၁ ဦး သေဆုံးခဲ့တယ်လို့ မြန်မာ နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် PPNM ထံက သိရပါတယ်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ…

သထုံမှာ အုတ်ဖိုလုပ်ငန်းရှင်ရှစ်ဦး ဖမ်းဆီးခံရ

သထုံ၊ ဒီဇင်ဘာ ၃၁ မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ရှိ အုတ်ဖိုလုပ်ငန်းရှင်ရှစ်ဦးကို စစ်ကောင်စီတပ်က နေ အိမ်တွေမှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့ ည ၈ နာရီအချိန်ခန့်ကစပြီး သုဝဏ္ဏဝတီမြို့ရှိ အုတ်ဖိုလုပ်ငန်းရှင်ရှစ်ဦးကို တစ်အိမ်တက်ဆင်း လိုက်လံဖမ်းဆီးသွားတာပါ။ ဖမ်းဆီးခံရတဲ့ အုတ်ဖိုလုပ်ငန်းရှင်တွေဟာ ဦးထွန်းနိုင်၊…

ဗုံးကြဲမှုကြောင့် မင်းတပ်မြို့ ပျက်စီးတာ PDF တွေကြောင့်လို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား ++++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့က အရပ်သားနေအိမ်တွေ ပျက်စီးမှုဟာ PDF တွေကြောင့်ဖြစ်တာ”ဆိုပြီး စစ်ကောင်စီတပ်လော်ဘီတွေ ဝါဒဖြန့်ချီနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်ကောင်စီတပ် လော်ဘီတွေရဲ့…