2023

စစ်ကောင်စီ ခမရ(၁၂၉) တပ်ရင်းတစ်ခုလုံးနဲ့မိသားစုဝင်တွေပါ အလင်းဝင်

လောက်ကိုင် ၊ နိုဝင်ဘာ ၁၄ ကိုးကန့်အထူး(၁) ရှီးရှမ်းဒေသ၊မန်းလော်ရွာအုပ်စု ရန်ခွမ့်ရွာက ဒကစ(လောက်ကိုင်) လက်အောက်ခံ တပ်ရင်း ခမရ(၁၂၉) က တပ်ရင်းတစ်ခုလုံးနဲ့မိသားစုဝင်တွေပါ MNDAA ထံ အလင်းဝင်လာတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က နိုဝင်ဘာ ၁၄ ရက်နေ့ ညဦးပိုင်မှာ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီ အမှတ်(၁၂၉) ခြေမြန်တပ်ရင်းက တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်တဲ့ တပ်ရင်းက အရာရှိစစ်သည်တွေအပါအဝင်…

တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ ကျပ်ငွေသန်းပေါင်း ၉၅၀ ကျော်ကို ကြားကာလဗဟိုဘဏ်က သိမ်းဆည်းထား

ကောလင်း၊ နိုဝင်ဘာ ၁၄ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ စစ်ကိုင်း တိုင်း၊ ကောလင်းခရိုင် မြန်မာ့စီးပွားရေးဘဏ်ရဲ့ ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း ၉၅၀ ကျော်ကို အမျိုးသား ညီညွတ်ရေးအစိုရရဲ့ ကြားကာလဗဟိုဘဏ်က စာရင်းသွင်းမှတ်တမ်းတင် သိမ်းဆည်းထားတယ်လို့ ကြားကာလဗဟိုဘဏ်က ဒီနေ့နိုဝင်ဘာ ၁၄ ရက် နေ့ လည်ပိုင်းမှာ တရားဝင်ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊…

AA က စစ်ကောင်စီစခန်း(၃)ခုကို သိမ်းပိုက်၊ ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သားဆယ့်တစ်ဦးဖမ်းဆီးခဲ့

စစ်တွေ – နိုဝင်ဘာ ၁၄ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA)က ရခိုင်တိုက်ပွဲ နှစ်ရက်တာအတွင်းမှာ စစ်ကောင်စီစခန်းသုံးခုကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူးအပါအဝင် တပ်သားဆယ့်တစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒီနေ့ နိုဝင်ဘာ၁၄ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီဘက်က လက်နက်ချအလင်းဝင် ရောက်ကြမယ့်သူတွေကိုလည်း ဆက်လက်ကြိုဆို လက်ခံသွားမယ်လို့ ဆိုပါတယ်။ AA ရဲ့ ထုတ်ပြန်ချက်ထဲမှာ ရက္ခိုင်ဒေသမှာ စစ်ကောင်စီနဲ့…

ကယားပြည်နယ် စခန်းသိမ်းတိုက်ပွဲတွေအတွင်း အရပ်သား ၁၁ ဦးသေဆုံး

လွိုင်ကော်၊ နိုဝင်ဘာ ၁၄ ကယားပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ၁၁၁၁ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၁ ဦးသေဆုံးခဲ့တယ်လို့ ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့က ကယားပြည်နယ်(ကရင်နီ)အတွင်း နှစ်ရှည်အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်း ၇ ခုကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ပြီးနောက် တိုက်ပွဲတွေပြင်းထန်ခဲ့တာပါ။ အဲဒီတိုက်ပွဲတွေအတွင်း…

စစ်အာဏာသိမ်း (၁၀၁၆) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၁၈၂) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ(၁၄) AAPP ရဲ့ နိုဝင်ဘာ(၁၃)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၁၆) ရက်အတွင်း ပြည်သူ (၄၁၈၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၄၀၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၇၂၇) ဦး ဖြစ်ပါတယ်။အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

သိမ်းပိုက်ထားတဲ့မြို့နှစ်မြို့ကို အုပ်ချုပ်ရေးယန္တရားစတင်နေပြီလို့ NUG ပြော

ကောလင်း၊ နိုဝင်ဘာ ၁၄ တော်လှန်ရေးအင်အားစုတွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် သိမ်းပိုက်ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်းအတွင်းရှိ ကောလင်းနဲ့ ခမ်းပတ်မြို့တို့ကို အုပ်ချုပ်ရေးယန္တရားတွေ စတင်အကောင်အထည် ဖော်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကိုင်းတိုင်းရှိ ကောလင်းမြို့ကို လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တို့က နိုဝင်ဘာ ၃ ရက်နေ့မှာ မြို့သိမ်းတိုက်ပွဲစတင်ခဲ့ပြီးနောက် နိုဝင်ဘာ ၆ ရက်နေ့မှာတော့ အလုံးစုံထိန်းချုပ်နိုင်ခဲ့တာပါ။ အလားတူတစ်ရက်တည်းမှာပဲ တမူးမြို့နယ်ထဲက…

မွန်ပြည်နယ်မှာ စက်သုံးဆီပြတ်လပ်မှု ပိုမိုဆိုးဝါးလာ

မော်လမြိုင်၊ နိုဝင်ဘာ ၁၄ မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်အများစုမှာ အခုရက်ပိုင်းအတွင်း စက်သုံးဆီပြတ်လပ်မှု ဆိုးဆိုးဝါးဝါးဖြစ်ပေါ်နေသလို လုံးဝဆီပြတ်လပ်သွားတဲ့ဆိုင်တွေလည်း ရှိနေတယ်လို့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်သုံးဆီပြတ်လပ်မှုကို မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့နိုဝင်ဘာ ၁၀ ရက်နေ့ကစပြီး ဖြစ်ပေါခဲ့ကာ ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာလည်း စက်သုံးဆီပြတ်လပ်မှုနဲ့ ကြုံနေရတာပါ။ စက်သုံးဆီပြတ်လပ်မှုဟာ ခရီးသွားလာမှုများလာတာ၊ သယ်ယူပို့ဆောင်ရေးဖို့ ခက်ခဲလာတာ၊ လျှပ်စစ်မီးမမှန်တာကြောင့် စက်ရုံအလုပ်ရုံတွေမှာ…

ကျိုက်ထိုမှာ လက်နက်ကြီးကျလို့ လယ်သမားတစ်ဦးသေဆုံး

ကျိုက်ထို၊ နိုဝင်ဘာ ၁၄ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရှမ်းစုကျေးရွာအနီး လယ်ကွင်းထဲကို စစ်ကောင်စီတပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လယ်သမားတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုဝင်ဘာ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်က ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အခြေစိုက် စစ်ကောင်စီအမှတ် (၅၉၈) ခြေမြန်တပ်ရင်းကနေ လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့တဲ့အတွက်…