နိုင်ငံတဝန်းထိုးစစ်တွေကြောင့် စစ်ကောင်စီတပ်သားတွေ လက်နက်ချလာ
လောက်ကိုင်၊ နိုဝင်ဘာ ၁၆ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ခိုက်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ တစ်နိုင်ငံလုံးနီးပါး ထိုးစစ်တွေကြောင့် စစ်ကောင်စီတပ်သားတွေ လက်နက်ချပြီး အသက်မသေရေး လမ်းစဉ်ရွေးချယ်လာကြပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာပထမအပတ်က အစပျိုးခဲ့တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် ပြည်သူ့ရင်ခွင်ခိုလှုံဖို့ တိုက်တွန်းရာကနေ လက်နက်ချအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၂၀၀ ကျော်အထိ ရှိလာတာပါ။ အဲဒီလက်နက်ချတဲ့ထဲက မြန်မာစစ်တပ်သမိုင်း…
