တနင်္သာရီ ကျွန်းစုတိုက်ပွဲအတွင်း အရပ်သားသေဆုံးမှုတွေရှိနေ
ကျွန်းစု၊ နိုဝင်ဘာ ၁၈ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ဝါရစ်ရွာကျေးရွာအတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲမှာ PDF ရဲဘော်တွေအပြင် အရပ်သားပြည်သူတွေပါ ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ နိုဝင်ဘာ ၁၆ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်က ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၀ နီးပါးဟာ ဝါရစ်ကျေးရွာထဲ ဈေးလာဝယ်စဉ် ဒလန်သတင်းပေးမှုကြောင့် တပ်အင်အား ၁၀၀ နီးပါးပါတဲ့…
