ဘယ်လိုအခြေအနေဖြစ်စေ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ခေါင်းဆောင်ပြော
နေပြည်တော်၊ ဇန်နဝါရီ(၂၅) မြန်မာနိုင်ငံဟာ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတာဖြစ်တဲ့အတွက် ဘယ်လိုအခြေအနေဖြစ်စေ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမယ်လို့ စစ်ခေါင်း ဆောင်က အခိုင်အမာပြောဆိုလိုက်ပါတယ်။ ဇန်နဝါရီ ၂၃ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေး ဆွေးနွေးပြီးတဲ့ EAO အဖွဲ့တွေနဲ့ ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်…
