July 2023

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့နိုင်ငံရေးပြဿနာတွေ ဖြေရှင်းရာမှာ အရေးပါဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်လို့ NLD ပြော

ရန်ကုန် – ဇူလိုင်(၂၉) စစ်အာဏာရှင်တစ်စုက တည်ဆဲဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ပြီး အဓမ္မအာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ မြန်မာ့နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းရာမှာ ဒေါ်အောင်ဆန်းစုကြည် ဟာ ချန်လှပ်ထားလို့မရတဲ့ အရေးပါဆုံးပုဂ္ဂိုလ်ဖြစ်တယ်လို့ NLD ပါတီကပြောပါတယ်။ ဒီနေ့ ဇူလိုင်လ(၂၉) ရက်နေ့ မနက်ပိုင်းမှာ ကျင်းပခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဗဟိုကော်မတီရဲ့ ကြားကာလ ဒုတိယအကြိမ် အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။ အစည်းအဝေးမှာ…

မူဂျာထိပ်တောင်ကုန်းက စစ်ကောင်စီစခန်းကို မောင်းသူမဲ့လေယာဉ်အငယ်စားနဲ့ တိုက်ခိုက်

ဘုရားသုံးဆူ – ဇူလိုင်(၂၉) ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ် ထိုင်းမြန်မာ-နယ်စပ် မူဂျာထိပ်တောင်ကုန်းမှာရှိတဲ့ စစ်ကောင်စီစခန်းကို Ye A Fက SF-Z မောင်းသူမဲ့ လေယာဉ်အငယ်စားနဲ့ လျက်တပြတ် မိုးကြိုးစစ်ဆင်ရေးအဖြစ် (၃)ကြိမ်သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ(၂၈) ရက်နေ့က သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗုံး(၆)လုံး ကြဲချနိုင်ခဲ့ကာ မိုးကြိုးစစ်ဆင်ရေးကို မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း အခြေစိုက် တော်လှန်ရေး မဟာမိတ်…

ရေးပြောက်ကျားတပ်ဖွဲ့ရဲ့ ရုံးစခန်းတစ်ခုစီးနင်းခံရ

ရေး၊ ဇူလိုင်(၂၉) မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေမှာ အခြေစိုက်လှုပ်ရှားတဲ့ တော်လှန်ရေးအင်အားစု အဖွဲ့တစ်ခုဖြစ်တဲ့ ရေးပြောက်ကျားတပ်ဖွဲ့(YGF) ရဲ့ ရှေ့တန်းထောက်ပို့နဲ့ဆက်သွယ်ရေးရုံးစခန်း စီးနင်းခံခဲ့ရတယ်လို့ အဲဒီအဖွဲ့က ဇူလိုင် ၂၇ ရက်နေ့မှာ ထုတ်ပြန်လာတာပါ။ အဲဒီရှေ့တန်းထောက်ပို့နဲ့ဆက်သွယ်ရေးရုံးစခန်းကို ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့ မနက်ပိုင်းမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းခန့်မှန်းတန်ဖိုး ကျပ်သိန်း ၂၀၀၀ နီးပါး ဆုံးရှုံးခဲ့တယ်လို့…

ဖမ်းဆီးခံစိုက်ပျိုးရေးသိပ္ပံ(ထားဝယ်) ကျောင်းအုပ်နဲ့အဖွဲ့ကို လွတ်မြောက်နယ်မြေသို့ပို့ဆောင်

ထားဝယ်၊ ဇူလိုင်(၂၉) ခေါ်ယူထိန်းသိမ်းခဲ့တဲ့ စိုက်ပျိုးရေးသိပ္ပံ(ထားဝယ်) ကျောင်းအုပ်ကြီးနဲ့ သားဖြစ်သူအပါအဝင် ဆရာ၊ဆရာ ၇ ဦးကို လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးထားတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ (LLPDF)က ဇူလိုင် ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ (LLPDF)ဟာ ဇူလိုင် ၂၂ ရက်နေ့က လောင်းလုံးမြို့နယ်၊ တောရှည်ကျေးရွာမှာ ဖွင့်လှစ်ထားတဲ့ စိုက်ပျိုးရေးသိပ္ပံ(ထားဝယ်)ကျောင်းကို သွားရောက်ပြီး ကျောင်းအုပ်ကြီးနဲ့…

စစ်အာဏာသိမ်း (၉၀၈)ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၈၅၀ ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင်(၂၉) AAPP ရဲ့ ဇူလိုင်(၂၈)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၀၈)ရက်အတွင်း ပြည်သူ (၃၈၅၀)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၄၁၀၀ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၉၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး…

မော်လမြိုင်မှာ စက်သုံးဆီတစ်လီတာ ကျပ် ၂၄၀၀ နီးပါးအထိ ဈေးတက်လာ

မော်လမြိုင်၊ ဇူလိုင်(၂၉) မွန်ပြည်နယ် မော်လမြိုင်စက်သုံးဆီဈေးကွက်မှာ အခုရက်ပိုင်းအတွင်း စက်သုံးဆီတစ်လီတာကို ကျပ် ၂၄၀၀ နီးပါးအထိ ဈေးနှုန်းမြင့်တက်လာတယ်လို့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ စက်သုံးဆီဈေးနှုန်းဟာ အခုအပတ်အတွင်း ၉၅ ဓာတ်ဆီ တစ်လီတာကို ကျပ် ၂၃၀၀ ဝန်းကျင်ကနေ ကျပ် ၂၄၀၀၀ နီးပါးအထိ၊ ၉၂ ဓာတ်ဆီ တစ်လီတာကလည်း…

KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီး စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

နမ်ဆန်ယန်၊ ဇူလိုင်(၂၉) နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟို ဌာနချုပ်တည်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့အနီးကို စစ်ကောင်စီတပ်က လေယာဉ်နဲ့လာရောက်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ KIO သ တင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သံလွင်တိုင်မ်းကို အတည်ပြုပါတယ်။ ဇူလိုင်လဆန်းပိုင်းကစပြီး KIO ဗဟို ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးတဝိုက်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးထားတာကြောင့် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာနေသလို…

သထုံမှာစစ်တပ်လက်နက်ကြီးပစ်လို့ အရပ်သား ၁ ဦးသေဆုံး ၄ ဦးဒဏ်ရာရ

သထုံ၊ ဇူလိုင်(၂၉) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထုံးဘိုလေးကျေးရွာထဲကို စစ်ကောင်စီတပ်လက်နက်ကြီး ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ သထုံမြို့နယ် ဝီယောကျေးရွာအခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ(၉) တပ်စခန်းကို ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့ မနက်ပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA…