May 2023

ကိုဗစ်-၁၉နဲ့ ပတ်သက်ပြီး ခရေစေ့တွင်းကျ ထုတ်ဖော်ခဲ့တဲ့တရုတ်အမျိုးသား (၃) နှစ်ကြာမှ ပြန်လွတ်လာ

ပေကျင်း၊ မေ(၂) တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ဖြစ်ပွားစဉ်အတွင်း လူများပြည့်ကျပ်နေတဲ့ ဆေးရုံတွေနဲ့ ရုပ်အလောင်းတွေကို ရိုက် ကူးထားတဲ့ ဗီဒီယိုကို လူသိရှင်ကြား ထုတ်ဖော်ခဲ့ပြီးနောက် (၃) နှစ်ကြာ ပျောက်ဆုံးနေခဲ့တဲ့ အမျိုးသား တစ်ဦးကို တရုတ်အာဏာပိုင်တွေက ပြီးခဲ့တဲ့ဧပြီ (၃၀) ရက်နေ့က ပြန်လည်လွှတ်ပေးဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ ဖန်ဘင်နဲ့ ဒေသခံသတင်းထောက်များလို့ အမည်ပေးထားတဲ့ အဖွဲ့ဝင်တွေဟာ ၂၀၂၀…

မနီလာလေဆိပ်မှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် ပြည်တွင်းလေကြောင်းလိုင်း (၄၀) ကျော် ဖျက်သိမ်းခဲ့ရ

မနီလာ – မေ(၂) ဖိလစ်ပိုင်နိုင်ငံ၊ မနီလာလေဆိပ် Terminal 3 မှာ အကြောင်းရင်းမဖော်ပြနိုင်တဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် Cebu Pacific ရဲ့ ပြည်တွင်းလေကြောင်းလိုင်း(၄၀) ကျော်ဖျက်သိမ်းခဲ့ရ တယ်လို့ သိရပါတယ်။ လျှပ်စစ်မီးပြတ်တောက်ရတဲ့ အဓိကအကြောင်းအရင်းကို ဖော်ပြထားတာမရှိတဲ့ Facebook စာမျက်နှာရှိ နီနွိုင်း အကွိုင်နို နိုင်ငံတကာလေဆိပ်ရဲ့ ထုတ်ပြန်ချက်တစ်ခုအရ ဓာတ်အား ပြတ် တောက်မှုကြောင့်…

ဆီးရီးယားမှာ IS အဖွဲ့ခေါင်းဆောင်ကို တူကရီထောက်လှမ်းရေးတွေ ရှင်းလင်း

ဒမာစကပ် – မေ(၂) ဆီးရီးယားမှာ IS အဖွဲ့ခေါင်းဆောင် အဘူဟူစိန် အယ်ကရီရှီကို တူကရီထောက်လှမ်းရေးတပ်ဖွဲ့ တွေက ရှင်းလင်းခဲ့တယ်လို့ တူရကီသမ္မတ အာဒိုဂန်က အတည်ပြုပြောခဲ့ပါတယ်။ IS အဖွဲ့ခေါင်းဆောင် အဘူဟူစိန် အယ်ကွာရီရှီကို တူရကီထောက်လှမ်းရေးအဖွဲ့က အချိန် အတော်ကြာအောင် လိုက်ရှာခဲ့ရသလို စစ်ဆင်ရေးတစ်စိတ်တစ်ပိုင်းအနေနဲ့ ဧပြီလ(၃၀) ရက်နေ့က ရှင်းလင်းခဲ့တာဖြစ်တယ်လို့ အာဒိုဂန်က TRT Turk ရုပ်သံနဲ့…

နယူးယောက် ထောက်ပို့တော်လှန် သင်္ကြန်စျေးရောင်းပွဲက ရန်ပုံငွေ ဒေါ်လာ (၃) သောင်းကျော် ရရှိခဲ့

နယူးယောက် – ဧပြီ(၃၀) အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ ထောက်ပို့တော်လှန် သင်္ကြန် ရန်ပုံငွေ စျေးရောင်းပွဲကနေ တော်လှန်ရေးရန်ပုံငွေအတွက် အမေရိကန်ဒေါ်လာ (၃) သောင်းကျော်ရရှိခဲ့တယ် လို့ New York City Burmese Community (NYCBC) က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ(၂၉) ရက်နေ့မှာ NYCBC ကအဲဒီပွဲကို ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး တော်လှန်သင်္ကြန်…

မြောက်ကယ်လီဖိုးနီးယားမှာ စစ်အာဏာရှင်တော်လှန်ရေး အကြိမ်(၁၀၀) မြောက် ဆန္ဒထုတ်ဖော်

ကယ်လီဖိုးနီးယား – ဧပြီ(၃၀) အမေရိကန်ပြည်ထောင်စု မြောက်ပိုင်း ကယ်လီဖိုးနီးယား အခြေစိုက် မြန်မာပြည်လွတ်မြောက် ရေး လှုပ်ရှားမှုကော်မတီ (မြောက်ပိုင်းကယ်လီဖိုးနီးယား) Free Burma Action Committee (Northern California) က အကြိမ်(၁၀၀) မြောက်စစ်အာဏာရှင်တော်လှန်ရေး ဆန္ဒပြပွဲနဲ့ လမ်းလျှောက်ချီတက်ပွဲ ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ(၂၉) ရက်နေ့က ဆန်ဖရန်စ္စကို မြို့တော်ခန်းမရှေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး မြန်မာ…

ရန်ကုန်မှာ ဆိုင်ကယ်တွေနဲ့ ဘတ္တရီစက်ဘီးတွေကို စစ်ကောင်စီက လိုက်လံဖမ်းဆီး

ရန်ကုန်၊ဧပြီ (၃၀) ရန်ကုန်မြို့နဲ့ မြို့နယ်တစ်ချို့မှာ စစ်ကောင်စီတပ်သားတွေက ဆိုင်ကယ်တွေကို လိုက်လံဖမ်းဆီးပြီး ဘတ္ထရီစက်ဘီးတွေကို အိမ်ထဲအထိဝင်ရောက်သိမ်းဆည်းမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဧပြီလ (၂၂) ရက်နေ့ နေ့ လယ်ပိုင်းက တောင်ဥက္ကလာပမြို့နယ်၊ အောင်ရတနာဆေးရုံအနီးမှာ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ချုပ်၊ ဒုဗိုလ်မှူး ကြီး(ငြိမ်း)စိုင်းကျော်သူကို ဘတ္တရီစက်ဘီးနဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့ CCTV မှတ်တမ်းတစ်ခု ကလူမှုကွန်ရက်မှာ ပေါ်ထွက်လာပြီးနောက်ပိုင်း…