ကမ္ဘာ့အင်တာနက်ဖြတ်တောက်မှု အများဆုံးနိုင်ငံတွေစာရင်းမှာ ငါးနှစ်ဆက်တိုက် အိန္ဒိယဦးဆောင်နေ
နယူးဒေလီ၊ မတ်(၂) အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ အင်တာနက် ဖြတ်တောက်မှုအများဆုံးနိုင်ငံအဖြစ် ပြီးခဲ့တဲ့နှစ်ကသတ်မှတ်ခံခဲ့ရပြီး ငါးနှစ် ဆက်တိုက် စာရင်းထိပ်ဆုံးမှာရှိနေခဲ့ကြောင်း စောင့်ကြည့်ရေးအဖွဲ့ Access Now က ပြောကြားခဲ့ပါတယ်။ Access Nowက မှတ်တမ်းတင်ထားတဲ့ တစ်ကမ္ဘာလုံးမှာ အင်တာနက်ဖြတ်တောက်မှု (၁၈၇)မှုအနက် (၈၄) ခုဟာ အိန္ဒိယနိုင်ငံမှဖြစ်ပြီး အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရ်ှမီးယားဒေသမှာ(၄၉) မှုပါဝင်တယ်လို့ နယူးယောက် အခြေစိုက် ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာ…