ကမ္ဘာ့အင်တာနက်ဖြတ်တောက်မှု အများဆုံးနိုင်ငံတွေစာရင်းမှာ ငါးနှစ်ဆက်တိုက် အိန္ဒိယဦးဆောင်နေ

0
6976

နယူးဒေလီ၊ မတ်(၂)

အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ အင်တာနက် ဖြတ်တောက်မှုအများဆုံးနိုင်ငံအဖြစ် ပြီးခဲ့တဲ့နှစ်ကသတ်မှတ်ခံခဲ့ရပြီး ငါးနှစ် ဆက်တိုက် စာရင်းထိပ်ဆုံးမှာရှိနေခဲ့ကြောင်း စောင့်ကြည့်ရေးအဖွဲ့ Access Now က ပြောကြားခဲ့ပါတယ်။  

Access Nowက မှတ်တမ်းတင်ထားတဲ့ တစ်ကမ္ဘာလုံးမှာ အင်တာနက်ဖြတ်တောက်မှု (၁၈၇)မှုအနက် (၈၄) ခုဟာ အိန္ဒိယနိုင်ငံမှဖြစ်ပြီး အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရ်ှမီးယားဒေသမှာ(၄၉) မှုပါဝင်တယ်လို့ နယူးယောက် အခြေစိုက် ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာ အထောက်အကူပြုအဖွဲ့က ဖေဖော်ဝါရီ(၂၈)ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

“အာဏာပိုင်တွေဟာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီမှာ သုံးရက်ကြာ ညမထွက်ရအမိန့် (၁၆) ခုအပါအဝင် နိုင်ငံရေးမ တည်ငြိမ်မှုတွေနဲ့  အကြမ်းဖက်မှုတွေကြောင့်လို့ ဆိုပြီး ကက်ရ်ှမီးယားမှာ အနည်းဆုံး (၄၉) ကြိမ်အင် တာနက်အသုံးပြုခွင့်ကို ဖြတ်တောက်ခဲ့တယ်” လို့ စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားတာပါ။

၂၀၁၉ ခုနှစ် သြဂုတ်လမှာ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ ဦးဆောင်တဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီပါတီအစိုးရဟာ မွတ်ဆလင်အများစုနေထိုင်ရာ ဂျန်မူ နဲ့ ကက်ရှ်မီးယားပြည်နယ်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဖျက်သိမ်းခဲ့ပြီး ဖက်ဒရယ်အုပ်ချုပ်မှုနယ်မြေနှစ်ခုအဖြစ် ပိုင်းခြားခဲ့တာဖြစ်ပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေက ရှုတ်ချမှုနဲ့ သဘောထားကွဲလွဲမှုတွေကို ချေမှုန်းဖို့အစီအမံတွေအဖြစ် အစိုးရက နယ်မြေလုံခြုံရေးအရ ဆက်သွယ်ရေးဆိုင်ရာ ကန့်သတ်ချက်တွေကို ပုံမှန်ပြုလုပ်ခဲ့တာပါ။

စစ်သွေးကြွတွေက ကက်ရှ်မီးယားမှာ အိန္ဒိယရဲ့အုပ်ချုပ်မှုကို ဆယ်စုနှစ်သုံးစုကျော်ကြာ တိုက်ပွဲဝင်ခဲ့ကြပြီး တောင်အာရှနိုင်ငံဟာ တော်လှန်ပုန်ကန်မှုအတွက် ပါကစ္စတန်ကို အပြစ်တင်ကာ အစ္စလာမာဘတ်က အဲဒီစွပ်စွဲချက်ကို ငြင်းဆိုထားခဲ့ပါတယ်။

အိန္ဒိယဟာ အင်တာနက်ဖြတ်တောက်ခြင်းမှာ ကမ္ဘာမှာ တစ်ဖန်ပြန်လည်ပြီးဦးဆောင်ခဲ့သော်လည်း ၂၀၂၂ ခုနှစ်မှာတော့ နိုင်ငံတွင်းဖြတ်တောက်မှု (၁၀၀) အောက်သာရှိခဲ့ပါတယ်။ ဒါဟာ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း စောင့်ကြည့်လေ့လာရေးအဖွဲ့က ဆိုပါတယ်။

ယူကရိန်းနိုင်ငံကတော့ ပြီးခဲ့တဲ့နှစ်မှာ ရုရှားက ကျူးကျော်ဝင်ရောက်ပြီးနောက် ရုရှားစစ်တပ်က အင်တာနက် အသုံးပြုခွင့် (၂၂) ကြိမ်ထက်မနည်း ဖြတ်တောက်ခဲ့တာကြောင့် စာရင်းမှာ ဒုတိယနေရာ ရှိနေခဲ့ပါတယ်။  

“ရုရှားက ယူကရိန်းကို ကျူးကျော်ဝင်ရောက်စဉ်မှာ ရုရှားစစ်တပ်က အင်တာနက်အသုံးပြုခွင့်ကို အနည်းဆုံး (၂၂) ကြိမ် ဖြတ်တောက်ခဲ့ပြီး ဆိုက်ဘာတိုက်ခိုက်မှုတွေနဲ့ ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက် အအုံတွေကို တမင်တကာ ဖျက်ဆီးပစ်ခဲ့တယ်” လို့ စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ အစီရင်ခံစာတွင် ဖော်ပြထားပါသေးတယ်။

အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို တုံ့ပြန်တဲ့အနေနဲ့ အာဏာပိုင်တွေက ၂၀၂၂ ခုနှစ်မှာ အင်တာနက် ဖြတ်တောက်မှု (၁၈) ကြိမ် ချမှတ်ခဲ့တာကြောင့် စာရင်းထဲမှာ ယူကရိန်ပြီးနောက် အီရန်က ရှိနေခဲ့တာပါ။  

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.