March 2023

ဂျပန်နိုင်ငံခြားရေးဝန်ကြီး တရုတ်ပြည်သွားမယ်

တိုကျို၊ ဧပြီ(၁) ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟာ အက်စ်တဲလာ ဆေးဝါးကုမ္ပဏီရဲ့ အလုပ်သမားတစ်ဦးကို ထိန်းသိမ်းထားတဲ့ ကိစ္စအပါအဝင် ပြဿနာအတော်များများကို ဆွေးနွေးဖို့အတွက် ဘေဂျင်းကို စနေနေ့မှ စတင်ပြီး ၂ ရက်တာ သွားရောက်လည်ပတ်မယ်လို့ ပြောပါတယ်။ အပြုသဘောဆောင်ပြီး တည်ငြိမ်တဲ့ ဆက်ဆံရေးကို ဖန်တီးနိုင်ဖို့ ရိုးသားပြီးပွင့်လင်းတဲ့ ဆွေးနွေးမှုတစ်ခု အတွက် တရုတ်ပြည်ခရီးစဉ်အတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့လည်း တွေ့ဆုံသွားမယ်လို့ သိရပါတယ်။ အဲဒီအလည်ပတ်ခရီးစဉ်ဟာ လျှပ်ကူးပစ္စည်းပါဝင်တဲ့…

အိုလံပစ်ပြိုင်ပွဲဝင်စားသမားတွေကို ရုရှားနိုင်ငံသားတွေနဲ့ ယှဉ်ပြိုင်ခွင့်မပြုဘူး လို့ ယူကရိန်းဆို

ပါရီ – ဧပြီ(၁) ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲအတွက် ခြေစစ်ပွဲတွေမှာ ရုရှားနဲ့ ယှဉ်ပြိုင်ရမယ်ဆိုရင် ယူကရိန်း ကစားသမားတွေကို ပါဝင်ခွင့်ပြုမှာ မဟုတ်ဘူးလို့ အစိုးရတာဝန်ရှိသူက ပြောပါတယ်။ ယူကရိန်း အိုလံပစ်ကော်မတီဥက္ကဋ္ဌတာဝန်ယူထားတဲ့ အားကစားဝန်ကြီး ဟော့စိန်ရဲ့ အဆိုပြု ချက်အတိုင်း အစိုးရက ရပ်တည်မှာဖြစ်ပြီး စီရင်ချက်ကို လျစ်လျူရှုတဲ့ အမျိုးသားအဖွဲ့ချုပ် တွေအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ခံရနိုင်တယ်လို့ အစိုးရအဖွဲ့အတွင်းရေးမှူး နင်ချီနော့ဗ်က…

မြန်မာ့စီးပွားရေး ဆိုးဆိုးရွားရွားဆုတ်ယုတ်နေဆဲဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်ထုတ်ပြန်

ဝါရှင်တန်ဒီစီ – ဧပြီ(၁) စစ်တပ်အာဏာသိမ်းပြီး (၂) နှစ်ကျော်ကြာတဲ့အထိ ပဋိပက္ခတွေနဲ့ ရုန်းကန်နေရတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရပြီး ဒီဘဏ္ဍာနှစ်မှာလည်း GDP ဟာ (၃) ရာခိုင်နှုန်းသာ တိုးတက်လာနိုင်မှာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။ နိုင်ငံရေး၊လူမှုရေးအရ အဖြစ်ဆိုးကြုံတွေ့နေရတဲ့ နိုင်ငံစီးပွားရေးဟာ ကျယ်ပြန့်လာတဲ့ ပဋိပက္ခ၊ ဆိုးရွားလာတဲ့ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မူဝါဒရေးရာကျရှုံးမှုတွေကြောင့် ပိုမိုဆုတ်ယုတ် လာနိုင်တယ်လို့…

ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို အာဏာရှင်တော်လှန်ရေးအတွက် အသုံးချတိုက်ပွဲဝင်ရမယ်လို့ NUG ယာယီသမ္မတပြော

မော်လမြိုင် – မတ်(၃၁) ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို စစ်အာဏာရှင်တော်လှန်ရေးအတွက် မိစ္ဆာနှင်တဲ့ ကမ္မဝါစာ အဖြစ်အသုံးချ တိုက်ပွဲဝင်ရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ ကပြောပါတယ်။ ဒီနေ့ မတ်လ(၃၁) ရက်နေ့မှာ ကျရောက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် (၂) နှစ်ပြည့်အခမ်း အနားမှာ အခုလိုပြောခဲ့တာပါ။ “ စစ်အာဏာရှင်စနစ် အမြစ်ပြတ် သုတ်သင် ချေမှုန်းရေးအတွက် မူကိုအခြေခံတဲ့…

လေကြာင်းရန်ကာကွယ်ဖို့အတွက် ဒေါ်လာ (၁.၄) သန်းအသုံးပြုနေတယ်လို့ NUG အသိပေး

မော်လမြိုင် – မတ်(၃၁) အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ Project DragonFly ကရရှိထာတဲ့ ရန်ပုံငွေထဲက ဒေါ်လာ (၁.၄) သန်းကို လေကြောင်းရန်ကာကွယ်ရေး အတွက် အသုံးပြုနေသလို တန်ပြန်လေကြောင်းတိုက်ခိုက်ရေး ကဏ္ဍအတွက် ဒေါ်လာ (၈) သိန်းလျာထားသုံးစွဲနေတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။ နိုင်ငံတကာ Fundraiser တွေဆီကတဆင့် Project DragonFly အတွက် အမေရိကန် ဒေါ်လာ (၂.၂) သန်းကို…

စစ်ကောင်စီ မယ်ခါးထာတပ်စခန်း KNLA ပူးပေါင်းတပ် သိမ်းပိုက်

ကော်သူးလေ၊ မတ်(၃၁) ကော်သူးလေအုပ်ချုပ်နယ်မြေ ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီအတွက် စစ်ရေးဗျူဟာမြောက်တဲ့ မယ်ခါး ထာတပ်စခန်းကို KNLA တပ်မဟာ(၅)ပူးပေါင်းအဖွဲ့က (၄၅)မိနစ်နဲ့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU တပ်မဟာ(၅)က မတ်လ(၃၀)ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။ ထိုင်းနယ်စပ် သံလွင်မြစ်ကမ်းနားမှာတည်ရှိတဲ့ စစ်ကောင်စီတပ်ရဲ့ မယ်ခါးထာစခန်းကို ပြီးခဲ့တဲ့ မတ်လ (၂၈)ရက်နေ့ မနက်(၅)နာရီအချိန်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၅)ပူး ပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းယူလိုက်ပြီး…

စစ်အာဏာသိမ်း (၇၈၈) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၁၈၅ ဦးအထိရှိလာ

မော်လမြိုင်၊ မတ်(၃၁) AAPP ရဲ့ မတ်(၃၀)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၈၈)ရက်အတွင်း ပြည်သူ (၃၁၈၅)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၀၉၃၄ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၄၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး အပစ်ရပ် ၇ ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်နဲ့ ဆက်သွယ်မေးမြန်းချက်

“ကျွန်တော်တို့ဘက်က ပြုစုထားတဲ့ ဖက်ဒရယ်လမ်းညွှန် အခြေခံမူတွေလည်းပါတယ်။ အရပ်သားများကို အကာအကွယ်ပေးရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်တွေလည်း ဒါကျွန်တော် တို့ဘက်က တင်ပြတဲ့ ခေါင်းစဉ်တွေဖြစ်တယ်” အရင်ဆုံး စစ်ကောင်စီ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံမှုမှာ အပစ်ရပ် ၇ ဖွဲ့အနေနဲ့ ဘာတွေ တင်ပြဖြစ်ပါသလဲ။ ပထမအကြိမ်အလွတ်သဘောဆွေးနွေးပွဲကတော့ အဆင်ပြေပြေနဲ့ ညှိနှိုင်းလုပ်နိုင်တဲ့ အခင်းအကျင်းတစ်ခုကို ကျွန်တော်တို့ ပြန်လည်ပြီးတော့ စတင်ဖော်ဆောင်နိုင်တာ ဖြစ်တယ်။သူ့ဘက်က…