February 2023

စစ်အာဏာသိမ်း (၇၅၇) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၀၆၂ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ(၂၈) AAPP ရဲ့ ဖေဖော်ဝါရီ(၂၇)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၅၇)ရက်အတွင်း ပြည်သူ (၃၀၆၂)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၉၉၂၆ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၃၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ…

နိုင်ငံကူးလက်မှတ်ရက်ချိန်းရသူတွေကို စစ်ကောင်စီ နှစ်ကုန်ပိုင်းအထိ ထပ်မံရွှေ့ဆိုင်းလိုက်ပြန်

ရန်ကုန်၊ ဖေဖော်ဝါရီ(၂၈) စစ်ကောင်စီဟာ အွန်လိုင်းစနစ်နဲ့ နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့စ်)လျှောက်ထားမှုကို ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ရုတ်တရက်ရပ်ဆိုင်းပြီးနောက် ရက်ချိန်းရထားတဲ့သူတွေကိုလည်း နှစ်ကုန်ပိုင်းအထိ ထပ်မံရွှေ့ဆိုင်းလိုက် တယ်လို့ သိရပါတယ်။ စစ်ကောင်စီဟာ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့စ်တွေကို ဖေဖော်ဝါရီ ၂၄ ရက်နေ့ကစပြီး အွန်လိုင်းစနစ်နဲ့ လျှောက် ထားနိုင်တယ်လို့ ကြေညာပြီး ၃ ရက်အကြာမှာပဲ ထပ်မံရပ်ဆိုင်းလိုက်တာပါ။ စစ်ကောင်စီ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ကတော့ အွန်လိုင်းစနစ်နဲ့…

လျှပ်စစ်မီးပိုမိုပြတ်တောက်နေလို့ စာမေးပွဲဖြေမယ့် ကျောင်းသူ၊ကျောင်းသားတွေ အခက်ကြုံနေရ

မော်လမြိုင် ၊ ဖေဖော်ဝါရီ(၂၈) နိုင်ငံတဝန်းမှာ တက္ကသိုလ်ဝင်တန်းနဲ့ တက္ကသိုလ်စာမေးပွဲတွေဖြေဆိုဖို့ နီးကပ်လာပေမယ့် စစ်ကောင်စီဘက်က လျှပ်စစ်မီး ပုံမှန်မပေးသေးသလို အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်မှုတွေ ရှိနေတာကြောင့် စာလုပ်ဖို့ အခက်ကြုံနေရတယ်လို့ ကျောင်းသူ၊ကျောင်းသားတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အခုပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်တန်းနဲ့ တက္ကသိုလ်စာမေးပွဲတွေကို လာမယ့် မတ်လ ၈ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်ဖို့ စစ်ကောင်စီက စီစဉ်ထားတာပါ။ဒါပေမယ့်…

ညောင်လေးပင်ခရိုင်မှာ စစ်တပ်လက်နက်ကြီးကြောင့် အမျိုးသမီး ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ညောင်လေးပင်၊ ဖေဖော်ဝါရီ(၂၈) ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေထဲက ကျေးရွာတွေအပေါ် စစ်ကောင်စီတပ်လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံအမျိုးသမီး(၂)ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ(၂၃)ရက်နေ့ ညနေ(၃)နာရီအချိန်လောက်မှာ စစ်ကောင်စီတပ်ရဲ့ ပူးပေါင်းတပ်တွေဖြစ်တဲ့ တပ်မ-၄၄၊ တပ်မ-၆၆၊ တပ်မ-၇၇ တို့က KNU…

ပုလောမြို့နယ်မှာ လောင်စာဆီသယ်ယူခွင့် စစ်ကောင်စီပိတ်ပင်

ပုလော၊ ဖေဖော်ဝါရီ(၂၈) စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ထဲမှာ လောင်စာဆီသယ်ယူခွင့်ကို စစ်ကောင်စီဘက်ကပိတ်ပင်ထားသလို စက်သုံးဆီရောင်းချနေတဲ့ဆိုင်တွေကိုလည်း ခြိမ်းခြောက် တာတွေ လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီဟာ ပုလောမြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ စိုးမိုးထားတဲ့ နယ်မြေတွေကို လောင်စာဆီတွေ မရောက်ရှိရေးအတွက် သယ်ယူခွင့်ပိတ်ပင်လာတာ ဖြစ်ပါတယ်။ လောင်စာဆီသယ်ယူခွင့်ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂၀ ရက်နေ့ကစပြီး မြို့ပေါ်ရပ်ကွက်တွေအပါ…

အီတလီမှာ ရွှေ့ပြောင်းနေထိုင်သူတွေတင်ဆောင်လာတဲ့ သင်္ဘောနစ်မြုပ်၊ ကလေးငယ် ၁၂ ဦး အပါအဝင် အနည်းဆုံး ၅၉ ဦး သေဆုံးခဲ့

ကာလာဗရီယာ၊ ဖေဖော်ဝါရီ(၂၈) အီတလီနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းအနီးမှာ ဖေဖော်ဝါရီ(၂၆)ရက်နေ့အစောပိုင်းက ရွှေ့ပြောင်းနေထိုင် သူတွေကို တင်ဆောင်လာတဲ့ သင်္ဘောတစ်စင်း နစ်မြုပ်ခဲ့ရာ ကလေးငယ် ၁၂ ဦးအပါအဝင် အနည်းဆုံး လူ ၅၉ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အာဖဂန်နစ္စတန်၊ အီရန်နှင့် အခြားနိုင်ငံတွေက လူတွေကို တင်ဆောင်လာတဲ့ တူရကီကနေ ရွက်လွှင့်လာတဲ့ အဲဒီသင်္ဘောဟာ ကာလာဗရီယာ အရှေ့ဘက်ကမ်းရိုးတန်းမှာ…

ပလတ်စတစ်ဆာဂျူရီလုပ်ပြီးရုပ်ပြောင်းထားတဲ့ ထိုင်းမူးယစ်ရာဇာတစ်ဦးကို ရဲတပ်ဖွဲ့ဖမ်းမိ

ဘန်ကောက် – ဖေဖော်ဝါရီ(၂၈) ပလတ်စတစ်ဆာဂျူရီပြုလုပ်ကာ ချောမောလှပတဲ့ ကိုရီးယားမင်းသားပုံစံ ရုပ်ဖျက်ထားတဲ့ ထိုင်းမူးယစ်ဘုရင်တစ်ဦးကို ဘန်ကောက်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါ တယ်။ မျက်နှာကို အကြိမ်းပေါင်းများစွာပြင်ဆင်ခဲ့တဲ့ အသက်(၂၅) နှစ်အရွယ်ဆာရာဟတ် ဆဝန်ဂျင် ဟာ စုံထောက်တွေဆီက ရှောင်ကွင်းသွားနိုင်ဖို့အတွက် သူရဲ့အမည်ကို ဂျီမင်ချန်းအဖြစ် ပြောင်း လဲခဲ့သေးတာပါ။ သူဟာ Ecstasy ဒါမှမဟုတ် Molly လို့ လူသိများတဲ့…

ရုရှားကိုလက်နက်အကူအညီမပေးဖို့ အမေရိကန်က တရုတ်ကိုသတိပေး

ဝါရှင်တန် – ဖေဖော်ဝါရီ(၂၈) ယူကရိန်းနိုင်ငံကို ရုရှားရဲ့ ကျူးကျော်မှုကို ထောက်ပံ့ဖို့ လက်နက်ထောက်ပံ့တာဟာ ကြီးမားတဲ့ အကျိုးဆက်တွေဖြစ်နိုင်တယ်လို့ တရုတ်နိုင်ငံကို အမေရိကန်က သတိပေးလိုက်ပါတယ်။ အမေရိကန်နဲ့ နေတိုးမဟာမိတ်တွေက ရုရှားကို စစ်ဘက်ဆိုင်ရာ အကူအညီတွေပေးအပ်တာမ လုပ်ဖို့ တရုတ်နိုင်ငံကို တားဆီးဖို့ ကြိုးပမ်းနေပြီး တရုတ်က မောင်းသူမဲ့ လေယာဉ်တွေအပါ အဝင် လူသတ်ကိရိယာတွေ ပေးအပ်ဖို့ စဉ်းစားနေတယ်လို့ သူတို့ရဲ့…

ထီးလင်းစစ်ဘေးရှောင်တွေအတွက် ဆေးဝါးနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီ လိုအပ်နေ

ထီးလင်း – ဖေဖော်ဝါရီ(၂၇) မကွေးတိုင်း ထီးလင်းနယ်က စစ်ဘေးရှောင်တွေအတွက် ဆေးဝါးပစ္စည်း၊ ကလေးအသုံးဆောင် တွေနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေလိုအပ်နေတယ်လို့စစ်ရှောင်အရေးကူညီနေသူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်ကြောင်းတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ကျေးရွာ(၆) ရွာက ပြည်သူတွေ အတွက်လိုအပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ “အမြဲတမ်းစစ်ဘေးရှောင်တွေပေါ့။လွန်ခဲ့တဲ့ရှစ်လလောက်ကစပြီးစစ်ဘေးရှောင်နေရတာပါ။ ဆေးဝါး၊အမိုးအကာနဲ့ စားနပ်ရိက္ခာလူသုံးကုန်ပစ္စည်းတွေ လိုအပ်နေပါတယ်။ယောအလင်းတန်း လူမှုကွန်ရက် စာမျက်နှာကတစ်ဆင့်လည်းလှူဒါန်းနိုင်ပါတယ်”လို့ စစ်ဘေးရှောင်အရေးကူညီနေ သူတစ်ဦးက ပြောပါတယ်။…