February 2023

ဟောင်ကောင်မှာ ကိုဗစ်နှာခေါင်းစည်းတပ်ရမယ့် ကန့်သတ်ချက် မတ်၁ရက်ကစတင်ပယ်ဖျက်ပေး

ဟောင်ကောင်၊ မတ်(၁) ဟောင်ကောင်မှာ တင်းကျပ်တဲ့ကိုဗစ်စည်းမျဉ်းတွေကို သုံးနှစ်ကျော်ကြာသတ်မှတ်ထားပြီးတဲ့နောက်မှာတော့ အခုအချိန်မှာ သာမန်လူနေထိုင်မှုပုံစံအဖြစ်ပြန်လည်ဖြေလျော့လိုက်ပြီဖြစ်ပါတယ်။ နှာခေါင်းစည်းတပ်ရတဲ့ကန့်သတ်ချက်ကို မတ်(၁)ရက်နေ့မှာ စတင်ဖြေလျော့ပေးမှာဖြစ်ပြီး ဧည့်သည်တွေနဲ့ စီးပွားရေးသမားတွေကို ပြန်လည်ဖိတ်ခေါ်မှုတွေပြုလုပ်နေပြီဖြစ်တယ်လို့ ဟောင်ကောင်အစိုးရအကြီးအကဲက ပြောကြားခဲ့တာပါ။ ကမ္ဘာတစ်ဝှမ်းမှာ နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရမယ့် စည်းကမ်းချက်ကို ချမှတ်ထားဆဲဖြစ်တဲ့ ဟောင် ကောင်အထူးအုပ်ချုပ်ရေးဒေသမှာတော့ အဲဒီအစီအစဉ်ဟာ မတ်(၁)ရက်နေ့မှာ စတင်အသက်ဝင်မှာဖြစ်တယ် လို့ ဟောင်ကောင်ရဲ့ အကြီးအကဲလီက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဟောင်ကောင်နဲ့…

လေကြောင်းသတိပေးချက်အတုတွေသုံးပြီး ရုရှားကို ဟက်ကာတွေတိုက်ခိုက်နေ

မော်စကို – မတ်(၁) ရုရှားရုပ်သံလွှင့်ဌာနတချို့ရဲ့ လူတွေကို ဒုံးကျည်တိုက်ခိုက်မှုက အကာအကွယ်ယူဖို့ မှားယွင်း တဲ့ သတိပေးချက်တွေနှိုးဆော်အောင် ဟက်ကာတွေတိုက်ခိုက်ခဲ့ကြတယ်လို့ အရေးပေါ်အခြေအနေ တုံ့ပြန်ရေးဆိုင်ရာ ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။ ရေဒီယိုအသံလွှင့်ဌာနတွေနဲ့ တီဗီချန်နယ်တွေရဲ့ ဆာဗာကို ခိုးယူဖောက်ထွင်းခံရတဲ့အတွက် နိုင်ငံ တွင်းက ဒေသတချို့မှာ လေကြောင်း သတိပေးချက် ထုတ်ပြန်ချက်နဲ့ ပတ်သက်တဲ့ အချက် အလက်တွေကို ထုတ်လွှင့်ခဲ့ပြီး အဲဒီအချက်အလက်တွေဟာ…

Tik Tok ကို ရက်(၃၀)ကြာ တားမြစ်ဖို့ အမေရိကန်အစိုးရအမိန့်ထုတ်

ဝါရှင်တန် – မတ်(၁) တရုတ်နိုင်ငံပိုင် Tik Tok အက်ပလီကေးရှင်းကို အစိုးရသုံး ကိရိယာတွေနဲ့ စနစ်တွေကနေ ရက်(၃၀) ပိတ်ပင်လိုက်တယ်လို့ အစိုးရအဖွဲ့ဝင်တွေကို အိမ်ဖြူတော်က အမိန့်ထုတ်ပြန်ခဲ့ ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ အချက်အလက်ခိုင်မာမှုအတွက် ဖက်ဒရယ်အစိုးရအေဂျင်စီတွေ အားလုံးဟာ Tik Tok ကိုဖုန်းတွေနဲ့ စနစ်တွေက ဖယ်ရှားရမှာဖြစ်ပြီး အင်တာနက်အသုံးချမှု တွေကို အဲဒီကုမ္ပဏီကို ရောက်ရှိတာကနေ ကာကွယ်ဖို့အတွက်…

ရေစကြိုက ပျူစောထီး(၅)ဦးကို ကာကွယ်ရေးတပ်ဖွဲ့ ပစ်ခတ်ရှင်းလင်း

ရေစကြို – ဖေဖော်ဝါရီ(၂၈) မကွေးတိုင်းရေစကြိုမြို့နယ်က ပျူစောထီး(၅)ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Myingyan Black Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၇) ရက်နေ့က အလည်သောင်အုပ်စု၊ဂွတ်ကြီးရွာကို စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး တပ်စခန်းအထိုင်ချဖို့ စတင်ချိန်မှာ အဓိက ကျသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ “အဲဘက်ကပျူစောထီးရွာတွေဗျ။တရွာလုံးကပျူစောထီးတွေဗျ။ဘယ်သူမှလည်းသိပ်မရှင်းရဲကြဘူး။ သူတို့ရွာကိုတပ်စခန်းချဖို့အတွက်စာတင်ထားတာ၊လာမယ့်လဝက်လောက်မှာ သူတို့ပျူတွေနဲ့ စစ်ကောင်စီတပ်နဲ့ပေါင်းပြီးတော့ တပ်စခန်းချတော့မှာဗျ။အဲဒါကြောင့်မလို့ သူတို့ကိုသွားပြီးရှင်းလင်း…

ကယားပြည်နယ်မှာ စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေသခံ(၂)ဦးသေဆုံး၊(၆)ဦးဒဏ်ရာရ

ဒီးမော့ဆို – ဖေဖော်ဝါရီ(၂၈) ကယားပြည်နယ် ဒီးမော့ဆိုနဲ့ မိုးဗြဲ၊ဖယ်ခုံတို့မှာ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီး ကြောင့် ဒေသခံနှစ်ဦးသေဆုံးပြီးခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၇) ရက်နေ့ ညနေပိုင်းက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီဟာ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တာပါ။ စစ်ကောင်စီလက်နက်ကြီးတွေဟာ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အမျိုးသမီးတစ်ဦးသေဆုံးခဲ့သလို ၁၂၀-မမ လက်နက်ကြီးဟာလည်း စစ်ရှောင် မိသားစုတစ်ခုရဲ့…

နွေဦးတော်လှန်ရေးအရှိန်မြှင့်တင်ဖို့ အစိုးရအဖွဲ့ကို NUG ယာယီသမ္မတတိုက်တွန်း

မော်လမြိုင် – ဖေဖော်ဝါရီ(၂၈) စစ်အာဏာရှင်ကိုတွန်းလှန်တိုက်ထုတ်နေတဲ့ နွေဦးတော်လှန်ရေးအရှိန်မြှင့်တင်ဖို့အတွက် အစိုးရ အဖွဲ့ဝင်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းခဲ့ပါတယ်။ ဒီနေ့ ဖေဖော်ဝါရီလ(၂၈) ရက်နေ့ မနက်ပိုင်းက ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (၈) ကြိမ်မြောက်အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။ “လူထုတရပ်လုံးဟာ စစ်အုပ်စုရဲ့ ရက်စက်မှုကို ခါးသီးနေကြပြီဖြစ်ပါတယ်။​ စစ်အုပ်စုကို လက် လျော့အရှုံးမပေးဘဲ အဆုံးအထိ တိုက်ဝင်ဖို့ အားလုံးက…

ကျိုက်ထိုတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၁ ဦးဒဏ်ရာရ

ကျိုက်ထို၊ ဖေဖော်ဝါရီ(၂၈) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဌက်ပျောတောကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရှိခဲ့တယ်လို့ သထုံခရိုင်ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ထံကနေ သိရပါတယ်။ တပ်အင်အား ၈၀ နီးပါးတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဖေဖော်ဝါရီ ၂၆ ရက်နေ့က ကျိုက်ထိုဘက်ကနေ ဌက်ပျောတောကျေးရွာထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့်…

ထိုင်း – ကယားနယ်စပ်ကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီတပ်တွေ ထပ်မံတိုက်ခိုက်ခံရ

လွိုင်ကော်၊ ဖေဖော်ဝါရီ(၂၈) ကယားပြည်နယ်နဲ့ ထိုင်းနိုင်ငံနယ်စပ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီ စစ်ကြောင်းတွေကို ကရင်နီပြည်နယ်တပ်မတော်နဲ့ KNDF ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တယ်လို့ ကရင်နီစစ်ရေးသတင်းအချက် အလက်စင်တာ(KMIC) က ထုတ်ပြန်ထားပါတယ်။ KMIC ရဲ့အချက်အလက်တွေက ဖေဖော်ဝါရီ နောက်ဆုံးပတ်အတွင်း နယ်စပ်စခန်းတွေကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီတပ်တွေ ၃ ကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၆)…