လေကြောင်းသတိပေးချက်အတုတွေသုံးပြီး ရုရှားကို ဟက်ကာတွေတိုက်ခိုက်နေ

0
6085

မော်စကို – မတ်(၁) 

ရုရှားရုပ်သံလွှင့်ဌာနတချို့ရဲ့ လူတွေကို ဒုံးကျည်တိုက်ခိုက်မှုက အကာအကွယ်ယူဖို့ မှားယွင်း တဲ့ သတိပေးချက်တွေနှိုးဆော်အောင် ဟက်ကာတွေတိုက်ခိုက်ခဲ့ကြတယ်လို့ အရေးပေါ်အခြေအနေ တုံ့ပြန်ရေးဆိုင်ရာ ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။ 

ရေဒီယိုအသံလွှင့်ဌာနတွေနဲ့ တီဗီချန်နယ်တွေရဲ့ ဆာဗာကို ခိုးယူဖောက်ထွင်းခံရတဲ့အတွက် နိုင်ငံ တွင်းက ဒေသတချို့မှာ လေကြောင်း သတိပေးချက် ထုတ်ပြန်ချက်နဲ့ ပတ်သက်တဲ့ အချက် အလက်တွေကို ထုတ်လွှင့်ခဲ့ပြီး အဲဒီအချက်အလက်တွေဟာ မှားယွင်းပြီး အဖြစ်မှန်နဲ့ မသက် ဆိုင်မှုလို့ ဝန်ကြီးဌာနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။ 

နှိုးဆော်ချက်အတုတွေနဲ့ ထုတ်လွှင့်ခဲ့တဲ့ ဒေသတွေထဲမှာ ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှား နိုင်ငံက ၂၀၁၄ ခုနှစ်မှာ ယူကရိန်းဆီက သိမ်းယူခဲ့တယ်ဆိုတဲ့ အချက်အလက်အမှားတွေ ထုတ်လွှင့်ခဲ့တယ်လို့ ရုရှားနိုင်ငံပိုင် သတင်းဌာနဖြစ်တဲ့ RIA Novosti ကဖော်ပြထားပါတယ်။ 

လူမှုကွန်ရက်မှာ ဖော်ပြထားချက်အရ ဒေသတွင်း တီဗီမှာ ထွက်ပေါ်လာတဲ့ ပုံရိပ်မှာ ဒုံးကျည်တွေ ကအကာအကွယ်အတွက် ပြေးလွှားနေရတဲ့ အမျိုးသားတစ်ဦးရဲ့ ပုံနဲ့ လူတိုင်းအကာအကွယ်မှာ ခိုလှုံကြဖို့ဆိုတဲ့ သတင်းစကားကို ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ 

“သတိရှိပါ သတိရှိပါ၊ လေကြောင်းသတိပေးချက် ထုတ်ပြန်ထားပါတယ်၊ အားလုံး ခိုလှုံရာတွေ ဆီ သွားကြပါ၊ ဒုံးကျည်အန္တရာယ် သတိထားပါ” ဆိုပြီး ရေဒီယိုအသံလွှင့်ဌာနတွေ က ကျယ်လောင်တဲ့ နှိုးဆော်သံတွေ ထုတ်လွှင့်ခဲ့တာပါ။ 

ရုရှားနိုင်ငံပိုင်မီဒီယာက ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ယူကရိန်းအရာရှိတချို့ကို အပြစ်တင်တဲ့ သတင်းတွေ ကိုးကားဖော်ပြခဲ့ပေမယ့် ယူကရိန်းကတော့ တရားဝင်တုံ့ပြန်တာမရှိသေးပါဘူး။ 

ပြီးခဲ့တဲ့ သတင်းပတ်ကလည်း အခုလို သတိပေးချက်တွေ ရေဒီယိုအသံလွှင့်ဌာနအများအပြားက ထုတ်ပြန်ခဲ့ပြီး ရုရှားနိုင်ငံပိုင် ရုပ်သံဌာနက လည်ပတ်နေတဲ့ ဝဘ်ဆိုဒ်တွေက သမ္မတ ပူတင်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၁) ရက်က ရုရှားလွှတ်တော်အမတ်တွေကို နှစ်စဉ်နိုင်ငံတော်မိန့်ခွန်းပြော ချိန်မှာ နိုင်ငံပိုင်မီဒီယာက ဖြန့်ဝေတာမဟုတ်ဘူးလို့ ပြောထားပါတယ်။ 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.