January 2023

မကွေးမှာ အသံတိတ်သပိတ်မဖြစ်စေဖို့ စစ်ကောင်စီက ဆိုင်ကယ်တွေ ဆက်တိုက်ဖမ်းဆီးနေ

မကွေး – ဇန်နဝါရီ(၃၁) မကွေးမြို့ပေါ်မှာ အသံတိတ်သပိတ် မဖြစ်စေဖို့ရည်ရွယ်ချက်နဲ့ စစ်ကောင်စီက ဆိုင်ကယ်တွေကို ဆက်တိုက်ဖမ်းဆီးတာတွေလုပ်နေတယ်လို့ မကွေးလူထုတိုက်ပွဲက သံလွင်တိုင်းမ် ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၃၀) ရက်နေ့တည်းက ယာဉ်မောင်းလိုင်စင်နဲ့ နောက်ကြည့်မှန် မပါတဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးသိမ်းယူတာတွေ လုပ်ဆောင်နေတာပါ။ စစ်ကောင်စီတပ်တွေဟာ ပြည်သူတွေမှာ ယာဉ်လိုင်စင်နဲ့ ယာဉ်မောင်းလိုင်စင် အကုန်အပြည့်အစုံ ပါနေရင်တောင်မှ အကြောင်း အမျိုးမျိုးပြပြီး…

ဆိုင်ကယ်တွေ မြို့ပတ်ဖမ်းပြီး အသံတိတ်သပိတ်နေ့မှာ စစ်ကောင်စီက ပြန်ရွေးရမယ်လို့ဆို

ထားဝယ် – ဇန်နဝါရီ(၃၁) တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်မှာ စစ်ကောင်စီဘက်ဟာ ဒီနေ့မနက်ပိုင်းထဲက ဆိုင်ကယ်တွေကို မြို့ပတ်ဖမ်းနေပြီး ဖမ်းခံထားရတဲ့ ဆိုင်ကယ်တွေကို အသံတိတ်သပိတ်ပြုလုပ်မယ့်နေမှာ လာပြန် ရွေးဖို့ ခေါ်ထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ စစ်ကောင်စီဟာ ထားဝယ်မြို့တွင်းလမ်းတွေမှာ အကြောင်းပြချက်မရှိဘဲ ဆိုင်ကယ်တွေကို ယာဉ်ထိန်းရဲ၊ပျူစောထီးနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေပါတဲ့ ပူးပေါင်းအဖွဲ့က လိုက်လံဖမ်းဆီးနေတာပါ။ “ထားဝယ်မှာက ဆိုင်ကယ်က အရင်ကတည်းက တစ်အား…

ဒီးမော့ဆိုမှာ နေအိမ်ပြန်သွားတဲ့ စစ်ရှောင်တစ်ဦး လက်နက်ကြီးကြောင့် သေဆုံး

ဒီးမော့ဆို – ဇန်နဝါရီ(၃၁) ကယားပြည်နယ်၊ ဒီးမော့ဆို မြို့နယ်အရှေ့ဘက်ခြမ်းမှာ ဒေသခံ အမျိုးသားတစ်ဦးဟာ ဇန်နဝါရီ(၂၉) ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ထိမှန် သေဆုံး ခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ စစ်ဘေးရှောင်အမျိုးသားတစ်ဦးဟာ စစ်ရှောင်စခန်းကနေ သူ့ရဲ့ နေအိမ်ကို ပြန်သွား ခဲ့ပြီးနောက် နေအိမ်ပေါ်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး သေဆုံးခဲ့တာပါ။ သေဆုံးသူဟာ အသက်(၃၅) နှစ်အရွယ်ဖြစ်ပြီး…

“ငွေသိန်းတစ်ထောင်ရော၊ ပါတီဝင်အင်အားတစ်သိန်းရော မြန်မာနိုင်ငံတစ်ဝန်းလုံး မြို့နယ်မှာ တစ်ဝက်ရုံးဖွင့်ရမယ်ဆိုတော့ ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီအနေနဲ့ မြန်မာနိုင်ငံတစ်ဝန်းလုံးကို စည်းရုံးဖို့၊ မှတ်ပုံတင်ဖို့အတွက် လုံးဝအခက်အခဲ အကျပ်အတည်း ရောက်သွားတယ်ဆိုတဲ့အခြေအနေမျိုးရှိတယ်လို့ ကျွန်တော်အဲဒီလို ပြောလိုတယ်”

ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှနဲ့ ဆက်သွယ်မေးမြန်းချက်။ ပြည်ထောင်စုတဝန်းလုံးမှာ စည်းရုံးမယ့်ပါတီဟာ ပါတီမှတ်ပုံတင်တဲ့ရက်ကစပြီး ရက်ပေါင်း ၉၀အတွင်း ပါတီ ဝင်ဦးရေအနည်းဆုံး တစ်သိန်းနဲ့ရက်ပေါင်း ၁၈၀ အတွင်း တစ်နိုင်ငံလုံးရှိ မြို့နယ်အားလုံးရဲ့ အနည်းဆုံးထက် ဝက်မှာ ရုံးခန်းဖွင့်လှစ်ရမယ်ဆိုတဲ့ နိုင်ငံရေးပါတီဥပဒေအသစ်ကို စစ်ကောင်စီက ဇန်နဝါရီ ၂၆ ရက်နေ့မှာ ပြဌာန်းလိုက်ပါတယ်။ စစ်ကောင်စီပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီဥပဒေကြောင့် ပါတီအများစု ဆက်လက်ရပ်တည်ဖို့…

NUG ရွေးကောက်ပွဲဝင်ဖို့ ပြင်နေတယ်လို့ စစ်တပ်လော်ဘီတွေ ပုံမှားရိုက်သတင်းဖြန့် (အမှန် /အမှား)

မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊ သတင်းမှားတွေကို အမှန်/အမှားအစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” NUG သည် စစ်တပ်မှပြုလုပ်မည့် ရွေး ကောက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ရန် NUGအဖွဲ့ လျှို့ဝှက်ညှိုနှိုင်းမှု ပြုလုပ်နေ” ဆိုတဲ့…

အသံတိတ်သပိတ်ပြုလုပ်မယ့် ဖေဖော်ဝါရီ (၁)ရက်နေ့မှာ ရန်ကုန်ကဆိုင်ခန်းတွေဖွင့်လှစ်ဖို့ စစ်ကောင်စီက အကြပ်ကိုင်လက်မှတ်ရေးထိုးခိုင်းနေ

ရန်ကုန်၊ ဇန်နဝါရီ(၃၁) စစ်ကောင်စီအာဏာသိမ်းမှု (၂) နှစ်ပြည့်တဲ့ဖေဖော်ဝါရီလ ၁ ရက် နေ့မှာ အသံတိတ်သပိတ် ပြုလုပ်ကြမယ့်အစီအစဉ်ကို အထမမြောက်စေဖို့အတွက် အဲဒီနေ့မှာ ရန်ကုန်မြို့ကဆိုင်တွေကို မပိတ်ဘဲဖွင့်ထားကြဖို့ စစ်ကောင်စီကဆိုင်ရှင်တွေကို အတင်းအကျပ်လက်မှတ်ရေးထိုးကာ ဆိုင်ဖွင့်ခိုင်းဖို့လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ “တသံတည်းညီ တချီတည်းရုန်း” ခေါင်းစဉ်နဲ့ အပြင်မထွက်ဘဲတိတ်ဆိတ်ငြိမ်သက်ခြင်း (Silent Strike) သပိတ်ပြုလုပ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက အွန်လိုင်းကနေနှိုးဆော်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာမှုအပေါ် စစ်ကောင်စီဘက်က…

တနင်္သာရီမြို့နယ်က တစ်ပတ်အတွင်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ နီးပါး သေဆုံး

တနင်္သာရီ၊ ဇန်နဝါရီ(၃၁) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့ကနေ ၂၉ ရက်အထိ တစ်ပတ် အတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ နီးပါး သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီတိုက်ပွဲတွေဟာ စစ်ကောင်စီတပ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က သွားရောက်တိုက် ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာ…

စစ်အာဏာသိမ်း (၇၂၉) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၉၀၁ ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ(၃၁) AAPP ရဲ့ ဇန်နဝါရီ(၃၀)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၇၂၉)ရက်အတွင်း ပြည်သူ (၂၉၀၁)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၇၅၂၅ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၇၈၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…